Category: News

  • အရှေ့တောင်အာရှရှိ အမျိုးသမီးခေါင်းဆောင်နှစ်ဦး၏ နိုင်ငံရေး လမ်းကြောင်းနှင့် စစ်တပ်ကို ချဉ်းကပ်ပုံ ကွာခြားချက်များ

    အရှေ့တောင်အာရှရှိ အမျိုးသမီးခေါင်းဆောင်နှစ်ဦး၏ နိုင်ငံရေး လမ်းကြောင်းနှင့် စစ်တပ်ကို ချဉ်းကပ်ပုံ ကွာခြားချက်များ

    အရှေ့တောင်အာရှ နိုင်ငံရေးဇာတ်ခုံပေါ်တွင် ထင်ရှားသော အမျိုးသမီးခေါင်းဆောင်နှစ်ဦးဖြစ်သည့် မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရှိတ်ဟာဆီနာ တို့၏ နိုင်ငံရေးခရီးလမ်းသည် ဆင်တူယိုးမှားမှု များရှိသော်လည်း၊ အထူးသဖြင့် ၎င်းတို့နိုင်ငံများ၏ လွှမ်းမိုးမှုကြီးမားသော စစ်တပ်နှင့် ပတ်သက်သည့် ချဉ်းကပ်ပုံမှာ များစွာကွာခြားခဲ့ရာ၊ ၎င်းတို့၏ နိုင်ငံရေး ကံကြမ္မာကိုပါ ပုံဖော်ခဲ့သည်။ သမိုင်းအမွေနှင့် နိုင်ငံရေး သွေး ခေါင်းဆောင်နှစ်ဦးစလုံးသည် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးဖခင်များ၏ သမီးများဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်သည် မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း ၏သမီးဖြစ်ပြီး၊ ရှိတ်ဟာဆီနာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တည်ထောင်သူ ရှိတ်မူဂျီဘူရာဟာမန် ၏သမီးဖြစ်သည်။ ဤသို့ နိုင်ငံရေးသွေး၊ မျိုးရိုးလိုက် နိုင်ငံရေးအမွေကို ခံယူရရှိခဲ့ခြင်းက ၎င်းတို့အား ပြည်သူလူထု၏ ထောက်ခံမှုကို အစောပိုင်းကတည်းက ရရှိ စေခဲ့သည်။ စစ်တပ်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏…

  • တရုတ်ထံမှရသော အသက်ဆက်ကြိုးအတွက် ရုရှားပြန်ပေးဆပ်ရ

    တရုတ်ထံမှရသော အသက်ဆက်ကြိုးအတွက် ရုရှားပြန်ပေးဆပ်ရ

    တရုတ်ထံမှရသော အသက်ဆက်ကြိုးအတွက် ရုရှားပြန်ပေးဆပ်ရ၊ “ရှက်ဖွယ်ပြောင်းပြန်အနေအထား” ရောက် စစ်ပွဲအတွင်း တရုတ်ဘက်ဦးလှည့်အားကိုးသည့် ရုရှား၏လုပ်ရပ်သည် အနောက်အုပ်စု၏ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများရှိချိန် ရုရှားစီးပွားရေး ဆက်လက်ရှင်သန်နေစေရန် အထောက်အကူဖြစ်စေခဲ့ သည်။ သို့သော် ယင်းအတွက် ရင်းနှီးပေးဆပ်ရမှု ရှိနေသည်။ ရုရှားအတွက် အသက်ဆက်ကြိုးဟုထင်ရသော်လည်း ရေရှည်တွင်မူ ရုရှားအား တရုတ်၏ ‘လက် အောက်ခံ စီးပွားရေးမိတ်ဖက်’ အဖြစ် ရောက်သွားစေနိုင်ကြောင်းနှင့် အနောက်အုပ်စုမှ တားမြစ်ထား သော အဓိကကုန်ထုတ်ကုန်များနှင့် အဆင့်မြင့်ကုန်ကြမ်းများအတွက် ရုရှားသည် ယခုအခါ တရုတ် အပေါ် အလွန်အမင်း မှီခိုနေရပြီဖြစ်ကြောင်း Atlantic Council ပညာရှင်အဖွဲ့က သောကြာနေ့တွင် ထုတ် ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။ “စီးပွားရေးအရရော နိုင်ငံရေးအရပါ ရုရှားနဲ့တရုတ်ရဲ့ ဆက်ဆံရေးဟာ တော်တော်လေးမညီမျှဖြစ်နေပြီး နှစ်ဖက်စလုံးအတွက်တော့ အကျိုးရှိနေပါတယ်” ဟု…

  • ပုဇွန်ထုပ်ထဲမှာ ငါးမျှားချိတ်ကြီး ပါလာတာ
  • အမျိုးသမီးကို ဓားနဲ့ခုတ်ပြီး သူကိုယ်တိုင်လည်း မီးထဲခုန်ချခဲ့လို့ သေဆုံး

    အမျိုးသမီးကို ဓားနဲ့ခုတ်ပြီး သူကိုယ်တိုင်လည်း မီးထဲခုန်ချခဲ့လို့ သေဆုံး

    မိုင်းယော်မှာ အမျိုးသားဖြစ်သူက သူ့အမျိုးသမီးကို ဓားနဲ့ခုတ်ပြီး သူကိုယ်တိုင်လည်း မီးထဲခုန်ချခဲ့လို့ သေဆုံးသွား ‎ ‎ရှမ်းမြောက် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်မှာ အမျိုးသားတစ်ဦးက သူ့အမျိုးသမီးကို ဓားနဲ့ခုတ်ခဲ့ပြီး သူကိုယ်တိုင်လည်း မီးထဲသို့ခုန်ချခဲ့လို့ သေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်သိရသူရဲ့ပြောပြချက်အရ သိရပါတယ်။ ‎ ‎ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက် နေ့လယ် ၂ နာရီ မိုင်းယော်တိုက်နယ် အေးသာယာရွာသစ်က တောင်ယာမှာ နေထိုင်တဲ့ မိသားစု ၃ ဦးထဲက အမျိုးသားဖြစ်သူ အသက် ၄၀ အရွယ် အကန်ဆိုသူ အသက် ၃၈ နှစ်အရွယ် ယာကြာဆိုတဲ့ သူ့အမျိုးသမီးဖြစ်သူကို ဓားနဲ့ အကြိမ်ကြိမ် ခုတ်ခဲ့လို့ ဒဏ်ရာရခဲ့ပါတယ်။ ‎ ‎ဖြစ်စဉ်သိရသူ အမျိုးသားက “သူ့အမျိုးသားက စိတ်မနှံ့ဘူးလို့ပြောတယ်။ ဓါးနဲ့အများကြီးခုတ်တာ။ ပြီးတော့…

  • သိန္နီ ပန့်ဆီဆိုင်၌ ဆီဖြည့်နေစဉ် မီးလောင်ပြီး ကား ၄ စီး ပျက်စီး

    သိန္နီ ပန့်ဆီဆိုင်၌ ဆီဖြည့်နေစဉ် မီးလောင်ပြီး ကား ၄ စီး ပျက်စီး

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့ရှိ စိန်နဂါး ပန့်ဆီဆိုင်မှာ ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီလောက်က ဆီတိုင်ကီမှာ ဆီဖြည့်နေချိန် ရုတ်တရက် မီးထလောင်ပြီး ဆိုင်တခြမ်းနဲ့ ကား ၄ စီး လောင်ကျွမ်းပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဆီတိုင်ကီကနေ စလောင်တာကြောင့် နေပူလို့ လောင်တာလို့ ယူဆရကြောင်း ဆိုင်အနီးနား နေထိုင်သူ အမျိုးသမီးတယောက်က ပြောပါတယ်။ “ဆီဖြည့်နေရင်း ဖြစ်တာ။ ဆိုင်တခြမ်းလောင်သွားတာ။ ကား ၄ စီး ပါသွားတယ်။” ဆီပေပါကနေ မီးစလောင်သွားတာဖြစ်ပြီး ဆီပန့်အမှား လုံးဝမဟုတ်ဘူးလို့ ဆိုင်ရှင်က သူ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။ စက်သုံးဆီဆိုင်ပိုင်ရှင်တွေအနေနဲ့ သတိထားကြဖို့နဲ့ ဆီလာတင်တဲ့ပေပါတွေကို သေချာစစ်ဆေးပြီးမှသာ ဆီဖြည့်ပေးကြဖို့ အသိပေးထားပါတယ်။ ဒေသခံ…