Category: News

  • ပြည်သူ ၃၅ ဦးသေဆုံးခဲ့ရသော မြောက်ဦးဆေးရုံကို စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအပေါ် NUG က အပြင်းအထန် ရှုတ်ချ

    ပြည်သူ ၃၅ ဦးသေဆုံးခဲ့ရသော မြောက်ဦးဆေးရုံကို စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအပေါ် NUG က အပြင်းအထန် ရှုတ်ချ

    ပြည်သူ ၃၅ ဦးသေဆုံးခဲ့ရသော မြောက်ဦးဆေးရုံကို စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအပေါ် NUG က အပြင်းအထန် ရှုတ်ချလိုက်ပြီး ကုလသမဂ္ဂနှင့် ICC တရားရုံး အပါအဝင် နိုင်ငံတကာက စစ်အုပ်စုကို အရေးယူရန် တောင်းဆို ရခိုင်ပြည်၊မြောက်ဦးမြို့နယ်တွင် ပြည်သူ ၃၅ ဦးသေဆုံးခဲ့ရသော မြောက်ဦးဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ-NUG က အပြင်းအထန် ရှုတ်ချလိုက်ပြီး ကုလသမဂ္ဂနှင့် ICC တရားရုံးအပါအဝင် နိုင်ငံတကာက စစ်အုပ်စုကို အရေးယူရန် တောင်းဆိုလိုက်သည်။ ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ည ၉ နာရီကျော်အချိန် အကြမ်းဖက်စစ်အုပ်စုသည် ရခိုင်ပြည်နယ်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့ရှိ မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးကို တိုက်လေယာဉ်များ အသုံးပြု၍ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ…

  • အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ မြောက်ဦးဆေးရုံဗုံးကြဲခံရမှု (ဓာတ်ပုံမှတ်တမ်း)

    အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ မြောက်ဦးဆေးရုံဗုံးကြဲခံရမှု (ဓာတ်ပုံမှတ်တမ်း)

    မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှု သေဆုံးသူ ၃၃ ဦးနှင့် ဒဏ်ရာရသူ ၈၀ အထိ ရှိလာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၃၃ ယောက် နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၈၀ ယောက်ထက်မနည်း ရှိလာ‌နေပြီလို့ ဒေသခံတွေနဲ့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ‌ရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၉ နာရီကျော်အချိန်မှာ မြောက်ဦးဆေးရုံကို စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချသွားခဲ့တာပါ။ ဗုံးကြဲလို့ သေဆုံးသူတွေထဲမှာ မွေးကင်းစကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ၊ ဆေးရုံဝန်ထမ်းတွေ၊ လူနာတွေ၊ လူနာစောင့်တွေအပြင် ရိုဟင်ဂျာ လူမျိုး ၂ ယောက်လည်း ပါဝင်နေပြီး…

  • သရုပ်ဆောင်မိုးအောင်ရင်၏ကားအပါအဝင် ကား ၆ စီး ဆင့်တိုက်မှုဖြစ်

    သရုပ်ဆောင်မိုးအောင်ရင်၏ကားအပါအဝင် ကား ၆ စီး ဆင့်တိုက်မှုဖြစ်

    ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မြန်မာပလာဇာရှေ့မှာ ဒီဇင်ဘာ ၁၀ ရက် ည ၁၀ နာရီခွဲဝန်းကျင်က သရုပ်ဆောင် မိုးအောင်ရင်ရဲ့ ကားကနေတဆင့် ကား ၆ စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးကနေ သိရပါတယ်။ မိုးအောင်ရင်ရဲ့ ကားဟာ ကုက္ကိုင်းတံတားပေါ်ကနေ အရှိန်နဲ့ မောင်းနှင်လာပြီး မီးပွိုင့်မှာ ရပ်ထားတဲ့ ကားတွေကို တိုက်မိရာမှ ဆင့်ကဲတိုက်မှုဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။ ယာဉ်ထိန်းရဲအရာရှိတယောက်က “ဖြစ်စဉ်ကမှန်တယ်။ မိုးအောင်ရင်ရဲ့ကားကနေ စတိုက်တာ။ သူ့ကိုစစ်ကြည့်လိုက်တော့ ဆေးသုံးထားတာတွေ့ရတယ်။ ဆေးကွဲပြီးမောင်းလာတယ့်သဘော။ အခုတော့ အမှုဖွင့်ဖို့လုပ်နေတယ်” လို့ ပြောပါတယ်။ ယာဉ်ထိန်းရဲအရာရှိတယောက်က “ဖြစ်စဉ်ကမှန်တယ်။ မိုးအောင်ရင်ရဲ့ကားကနေ စတိုက်တာ။ သူ့ကိုစစ်ကြည့်လိုက်တော့ ဆေးသုံးထားတာတွေ့ရတယ်။ ဆေးကွဲပြီးမောင်းလာတယ့်သဘော။ အခုတော့ အမှုဖွင့်ဖို့လုပ်နေတယ်” လို့ ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့်…

  • မိုးကုတ်မှာ စစ်အုပ်စု စခန်းနှစ်ခုကို သိမ်းပိုက်ထားနိုင်ပြီ

    မိုးကုတ်မှာ စစ်အုပ်စု စခန်းနှစ်ခုကို သိမ်းပိုက်ထားနိုင်ပြီ

    မိုးကုတ်မှာ စစ်အုပ်စု စခန်းနှစ်ခုကို သိမ်းပိုက်ထားနိုင်ပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ မိုးကုတ်နဲ့ မိုးမိတ်ကို ပြန်ရဖို့အတွက် NUG စစ်ရှိန်မြှင့်မယ်လို့ဆို စစ်အုပ်စုတပ် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အနောက်ပိုင်းက ဘောလုံးကြီးရွာနဲ့ ဘောလုံးလေးရွာဘက်က စစ်အုပ်စုစခန်းတစ်ခုကို ဒီဇင်ဘာလ ၃ ရက်မှာ သိမ်းပိုက်ထားနိုင်သလို ဒီဇင်ဘာ ၆ ရက် ညနေ ၆ နာရီခန့်ကလည်း အရေးပါတဲ့ စစ်စခန်းကုန်းတစ်ခုကို မိုးကုတ်တော်လှန်ရေး တပ်ပေါင်းစုတွေက ထပ်မံသိမ်းပိုက်လိုက်နိုင်တယ်လို့ စုံစမ်းသိရှိရပါတယ်။ “မြို့ပတ်ချာလည် ရန်သူတပ်စွဲထားတဲ့ မိုးကုတ် အနောက်ပိုင်းနဲ့အရှေ့ပိုင်းနေရာတွေမှာ နေ့တိုင်းတိုက်ပွဲတွေ ဖြစ်နေပါတယ်။ ဒီဇင်ဘာ ၆ ရက်နေ့ကလည်း ရန်သူစခန်းကုန်း တစ်ခု ထပ်သိမ်းထားပါတယ်။ ဒီနေ့ထိ တိုက်ပွဲ ဖြစ်နေတုန်းပါပဲ“ လို့ မြေပြင်စစ်ရေး သတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။ နိုဝင်ဘာ…

  • မလှိုင်၌ ဗိုလ်မှူးဝေဖြိုး၏ အငယ်အနှောင်း ဖမ်းခံရမှုကြောင့် All Right စားသောက်ဆိုင်ပိုင်ရှင် ငွေညှစ်ခံရ

    မလှိုင်၌ ဗိုလ်မှူးဝေဖြိုး၏ အငယ်အနှောင်း ဖမ်းခံရမှုကြောင့် All Right စားသောက်ဆိုင်ပိုင်ရှင် ငွေညှစ်ခံရ

    မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့ပေါ်ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူးဝေဖြိုး၏ မယားငယ်ကို PDF များက ဖမ်းဆီးခဲ့ပြီးနောက်၊ နှစ်ရက်အကြာအတွင် အဆိုပါဗိုလ်မှူးက စားသောက်ဆိုင်ပိုင်ရှင်ကို ဖမ်းဆီးကာ ငွေညှစ်နေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်၌ မလှိုင် – မိတ္ထီလာကားလမ်းမကြီး၊ ဇီးပင်ကန်ကျေးရွာအနီးရှိ All Right စားသောက်ဆိုင်တွင် နေ့လယ်စာ စားနေသည့် ဗိုလ်မှူးဝေဖြိုး၏ မယားငယ် မခိုင်ဇင်ဝေနှင့် ဦးကိုကိုအောင် တို့၏ စားပွဲဝိုင်းသို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးနောက် မခိုင်ဇင်ဝေ တစ်ဦးတည်းကိုသာ ဖမ်းဆီးသွားခြင်း ဖြစ်သည်။ “ခိုင်ဇင်ဝေက စစ်တပ်ရဲ့ သတင်းပေး၊ ဒလန်လုပ်နေတာ၊ ဗိုလ်မှူးဝေဖြိုးရဲ့ အငယ်အနှောင်းလို့လည်း သိကြတယ်။…