Category: News

  • ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲများ ရပ်တန့်ရန် ဖုန်းခေါ်ဆိုမည်ဟု ထရမ့် ပြော

    ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲများ ရပ်တန့်ရန် ဖုန်းခေါ်ဆိုမည်ဟု ထရမ့် ပြော

    အာရှ အိမ်နီးချင်းနှစ်နိုင်ငံ ထိုင်းနှင့် ကမ္ဘောဒီးယားကြား ဇူလိုင်လအတွင်းက ငါးရက်ကြာ တိုက်ပွဲကို အောင်မြင်စွာ အပစ်အခတ် ရပ်စဲအောင် ကြားဝင်စေ့စပ်ပေးခဲ့သူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်ရှိ ထပ်မံ ဖြစ်ပွားနေသော သုံးရက်တိုင်ပြီဖြစ်သည့် ထို နှစ်နိုင်ငံကြား တိုက်ပွဲ ရပ်တန့်ရေးအတွက် ဖုန်းခေါ်ဆိုမှု ပြုလုပ်မည်ဟု ပြော သည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆတ်ပေါင်ကတ်ကူးက နယ်စပ်ပဋိပက္ခကို ညှိနှိုင်းဆွေးနွေးနိုင်ရေး အလားအလာ မရှိကြောင်း အင်္ဂါနေ့က ပြုလုပ်သည့် အင်တာဗျူးတရပ်၌ ပြောပြီး အခြေအနေက ကြားလူ ဝင်ရောက်စေ့စပ်၍ အဆင်မပြေနိုင်ကြောင်း ထပ်လောင်း ဆိုသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၏ ထိပ်တန်းအကြံပေးတဦးကမူ ၎င်းတို့နိုင်ငံက ”စကားပြောဆိုရန် အချိန်မရွေး အသင့်ရှိကြောင်း” ပြောသည်။ ပန်ဆယ်ဗေးနီးယားတွင် အင်္ဂါနေ့ စုဝေးပွဲတရပ်၌ ထရမ့်က အရှေ့တောင်အာရှ၌ တကျော့ပြန်…

  • ချော်တွင်းကုန်းမီးပွိုင့်အနီးတွင် ရပ်ထားသည့်ကား(၃) စီးကို ဝင်တိုက်

    ချော်တွင်းကုန်းမီးပွိုင့်အနီးတွင် ရပ်ထားသည့်ကား(၃) စီးကို ဝင်တိုက်

    ချော်တွင်းကုန်းမီးပွိုင့်အနီးတွင် ရပ်ထားသည့်ကား(၃) စီးကို ဝင်တိုက်ခဲ့သည့် အိမ်စီးကားမောင်းသူအား မရမ်းကုန်းမြို့မရဲစခန်းတွင်အမှုဖွင့်ထား ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ပါရမီလမ်း၏ ချော်တွင်းကုန်းမီးပွိုင့်အနီးတွင်ရပ်ထားသော ကား(၃)စီးကို အိမ်စီးကားမှဝင်တိုက်မိခဲ့မှု ဒီဇင်ဘာ ၄ ရက်နံနက် ၂ နာ ရီကျော်ခန့်ကဖြစ်ပွားခဲ့ရာ ဝင်တိုက်ခဲ့သည့်အိမ်စီးကားမောင်းသူကို မရမ်းကုန်းမြို့မရဲစခန်း၌အမှုဖွင့်ထားကြောင်း သိရသည်။ Rav 4 ကားမှ Mark 2 (ရွှေငါး)ကား၊ Honda fit ကားနှင့် Suzuki Solio ကားတို့အားပြင်းထန်စွာတိုက်မိခဲ့ရာ Mark 2 ကားမှာကြေမွပျက်စီးမှုများပြားခဲ့ပြီး အခြား ကား(၂)စီးမှာလည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့၍ ထိခိုက်ပျက်စီးခဲ့သည့် ကားပိုင်ရှင်များမှ Rav 4 ကားမောင်းသူအား မရမ်းကုန်းမြို့နယ်ရဲစခန်းတွင်အမှုဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။ ” ကျွန်တော်တို့လည်းခံစားရတာပေါ့ဗျာ။ ဒီကားလေးနဲ့ တက္ကဆီဆွဲနေရတာ။ ဝင်ငွေလည်းနစ်နာတယ်။ ကိုယ့်ပိုက်ဆံလည်းစိုက်ထုတ်ပြင်ရဦးမယ်။ အိမ်က ကလေးကိုလည်းကျောင်းပို့ဖို့ခက်သွားတယ်။ ကျူးလွန်သူတွေက…

  • ဖားကန့်မြို့နယ်တွင် အသံတိတ်သပိတ် ရာနှုန်းပြည့်အောင်မြင်

    ဖားကန့်မြို့နယ်တွင် အသံတိတ်သပိတ် ရာနှုန်းပြည့်အောင်မြင်

    စစ်တပ်က မြို့ကို ပိတ်၍ စစ်ဆေးရေး လုပ်နေစဉ် ဗုံးပေါက်ကွဲပြီး စစ်တပ်ဘက်မှ ၂ ဦးဒဏ်ရာရ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် အသံတိတ်သပိတ် ရာနှုန်းပြည့်အောင်မြင်ကြောင်း ဖားကန့်ဒေသမှ တော်လှန်ရေး သတင်းရင်းမြစ်နှင့် သပိတ်အင်အားစုများက ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ဝန်းကျင်မှ စတင်ပြီး ဖားကန့်တစ်မြို့လုံးတွင် အသံတိတ်သပိတ်အဖြစ် ပြည်သူများက ပါဝင် ဆင်နွှဲကြပြီး လမ်းပေါ်တွင် မည်သူတစ်ဦးတစ်ယောက်မှ မရှိတော့ကြောင်း၊ စစ်တပ်၊ရဲနှင့် ပြည်သူ့စစ်၊ပျူစောထီးများ သာကျန်ရစ်ကြောင်း၊ စစ်တပ်ကလည်း ဖားကန့်မြို့ကို ပိတ်ဆို့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။ စစ်တပ်က ဖားကန့်တစ်မြို့လုံးကို ပိတ်ဆို့ စစ်ဆေးနေစဉ် ဖားကန့်မြို့လယ် ဘေလီတံတားထိပ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။…

  • မန္တလေးနဲ့ အမရပူရမှာ အသံတိတ်သပိတ် ပြုလုပ်

    မန္တလေးနဲ့ အမရပူရမှာ အသံတိတ်သပိတ် ပြုလုပ်

    အာဏာသိမ်း စစ်အုပ်စုက လုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ ပြုလုပ်တဲ့ အသံတိတ်သပိတ် (Silent Strike)မှာ မန္တလေးမြို့နဲ့ အမရပူရမြို့က ဒေသခံတွေ တတ်နိုင်သမျှ ပါဝင်နေကြတယ်လို့ သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၁၀ရက် ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ မြန်မာပြည်သူတွေ ဆုံးရှုံးနေတဲ့ လူ့အခွင့်အရေး အပြည့်အဝ ရရှိဖို့နဲ့ အာဏာသိမ်း စစ်အုပ်စုက လုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ နိုင်ငံတဝန်း အသံတိတ်သပိတ် ပြုလုပ်ကြဖို့ အထွေထွေသပိတ် ပေါင်းစပ် ညှိနှိုင်းရေး အင်အားစု (General Strike Coordination Body – GSCB) က တိုက်တွန်း ဆော်ဩထားတာ ဖြစ်ပါတယ်။ “စစ်အုပ်စုဟာ လာမယ့် ဒီဇင်ဘာ (၁၀) ရက်နေ့မှာ…

  • အသံတိတ်သပိတ်နေ့တွင် တွေ့မြင်ရသည့် ရန်ကုန်မြို့

    အသံတိတ်သပိတ်နေ့တွင် တွေ့မြင်ရသည့် ရန်ကုန်မြို့

    ယနေ့ ( ဒီဇင်ဘာလ ၁၀ ရက်) ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့၌ ပြုလုပ်သည့် အသံတိတ်သပိတ်တွင် တွေ့မြင်ရသည့် ရန်ကုန်မြို့ မြင်ကွင်းအချို့ ဖြစ်သည်။ တော်လှန်ရေးအင်အားစုများကလည်း ယနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြည်လုံးကျွတ်အသံတိတ်သပိတ်(Silent Strike) ပြုလုပ်ရန် နှိုးဆော်ထားကြရာ ရန်ကုန်မြို့၌ ယခင်နေ့ရက်များထက် လူသွားလူလာ သွားလာမှု လျော့ကျသည်ကို တွေ့ခဲ့ရသည်။ သို့သော် ယခင်အသံတိတ်သပိတ်များကဲ့သို့ ရှင်းလင်းနေမှုမျိုးတော့မရှိပေ။ စစ်တပ်ကားများသည်လည်း မြို့တွင်းလှည့်လည်နေပြီး လူစောင့်ဆိုင်းနေသည့် ကားမှတ်တိုင်များတွင် ဓာတ်ပုံမှတ်တမ်းဆင်းယူနေသည်ကိုလည်း တွေ့ခဲ့ရသည်။ မြို့တွင်းလုံခြုံရေးကို တိုးမြှင့်ထားမှု တွေ့ရပြီး မတွေ့မြင်ရသည်မှာ ကြာပြီ ဖြစ်သည့် စစ်တပ်ကားများ လှည့်လည်ခြင်း၊ လုံခြုံရေးများချထားခြင်း၊ စစ်ဆေးခြင်းမျိုး ရှ်ိသည်ကိုလည်း တွေ့ရသည်။