Category: News
-

ဗိုလ်ချုပ်ထွန်းမြတ်နိုင် အဘတို့ကို ရက်စက်မှာလား…
ဗိုလ်ချုပ်ထွန်းမြတ်နိုင် အဘတို့ကို ရက်စက်မှာလား… ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဆိုတာ မအလစစ်တပ်ကို ငယ်နိုင်လို့တောင် ပြောလို့ရသလို ICJ အထိ မအလရဲ့တပည့်တွေကို ဖမ်းပြီး သက်သေရအောင် ပို့ထားနိုင်သူဖြစ်တယ်။ မြန်မာပြည်ကို အုပ်စိုးခဲ့ကြတဲ့ လူတွေကို ကြည့်ရင် ဘုရင်ခေတ်ကနေ လက်ရှိ မအေ-ိုးရဲ့ခေတ်အထိ ယတျာတွေ ဗေဒင်တွေ အင်းတွေ ဆင်ဖြူတော်တွေကို ယုံကြည်ခဲ့ကြတဲ့သူ အတော် များခဲ့တယ်။ အာဏာမြဲဖို့အတွက်ဆိုရင် ဖအေလဲ သ-တ်၊ ညီအကိုလဲ သ-တ်၊ ဆွေမျိုးသားချင်းလဲ သ-တ်၊ ပြည်သူတွေကိုပါ သ-တ်ခဲ့ကြတယ် မဟုတ်လားး။ အဲဒီအထဲမှာ မအလ ဖက်စစ်စစ်တပ်ရဲ့ စစ်ဗိုလ်ချုပ်တွေက အဆိုးဆုံးပါ။ နေဝင်းဆိုရင် မြေးအရွယ် ရခိုင်မနဲ့ ယတျာချေတယ်။ သန်းရွှေက သူစောက်ခွက်ကို ဘုရားပုံထုပြီး ရွှေတိဂုံမှာ ထားတယ်။ ခင်ညွှန့်က မဟာမြတ်မုနိဘုရားကို ဗိုက်ဖေါက်ပြီး ဌာပနာယူရုံတင်မကဘူး…
-

ဆင်ဖြူကျွန်းဘက် စစ်ကူလာတဲ့ စစ်သားတွေနဲ့ ခဲယမ်းတင်ကားကို ကြားဖြတ်တိုက်ခိုက်
စလင်းကနေ ဆင်ဖြူကျွန်းဘက် စစ်ကူလာတဲ့ စစ်သားတွေနဲ့ ခဲယမ်းတင်ကားကို ကြားဖြတ်တိုက်ခိုက်၊ ကားတွေမီးလောင်ပျက်စီး မကွေးတိုင်း၊ စလင်းမြို့ကနေ ဆင်ဖြူကျွန်းဘက်ကို စစ်သားနဲ့ လက်နက်ခဲယမ်းတွေတင်ဆောင်ပြီး စစ်ကူထွက်လာတဲ့ ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့ညပိုင်းက စစ်သားအင်အား ၁၅၀နဲ့ လက်နက်ခဲယမ်းတွေတင်ဆောင်လာတဲ့ ကား၅စီးကို သာစည်ရွာ နဲ့ မိုးဝန်းရွာကြားမှာ ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ “ယာဉ်တန်းနဲ့ လာချိန်မိုင်းဆွဲတာ။ လက်နက်ခဲယမ်းတွေ မီးလောင်ပေါက်ကွဲကုန်တယ်။ စစ်သားတွေကလည်း သာစည်ရွာက ဘုန်းကြီးကျောင်းထဲဝင်ပြေးတာ။ ခံစစ်ပြင်ထားတဲ့။ ခဲယမ်းတွေပေါက်ကွဲလို့ လမ်းဘေးက ဘုန်းကြီးကျောင်းနဲ့ နေအိမ်တလုံးမီးထဲပါသွားတယ်”လို့မြို့ခံတဦးကပြောပါတယ်။ အခုလိုတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုရှိခဲ့ပေမယ့် အလောင်းတွေ မီးထဲပါသွားတာကြောင့် အရေအတွက်ကိုတော့ အတည်ပြုနိုင်ဖို့ စုံစမ်းနေတယ်လို့သိရပါတယ်။ တိုက်ပွဲအတွင်း စစ်အုပ်စုဆီကနေ လက်နက်ခဲယမ်းတွေ နယ်မြေရှင်း သိမ်းပိုက်နေတယ်လို့လည်း သိရပါတယ်။…
-

သက်သက်ခိုင်ရဲ့ PPPပါတီမှော်ဘီရုံးမှာ ဝိုင်းဖွဲ့ အရက်သောက်နေတဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရ
ရန်ကုန်၊ မှော်ဘီမြို့နယ်မှာ အတုယောင်ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်မယ့် သက်သက်ခိုင်ရဲ့ PPPပါတီရုံးက ပျူစောထီးတွေ ဝိုင်းဖွဲ့ အရက်သောက်နေချိန် တော်လှန်ရေးရဲဘော်တွေက တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ မနေ့ည ၁၁နာရီခန့်က သက်သက်ခိုင်ရဲ့ PPP ပါတီရုံးမှာ အရက်တွေဝိုင်းဖွဲ့သောက်စားနေတဲ့ ပျူစောထီးတွေကို မိုင်း၂လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ “သက်သက်ခိုင်ပါတီရုံးထဲဝင် အရက်သောက်နေတဲ့ပျူစောထီးတွေကို မိုင်းနဲ့ခွဲတာ။ပြီးတော့ ပြန်ဆုတ်ချိန်မှာ လက်ပစ်ဗုံးတလုံး ပစ်သွင်းလိုက်တာဆိုတော့ အထိခိုက်ကရှိမယ်ဗျ”လို့မြို့ခံတဦးကပြောပါတယ်။ ဒီစစ်ဆင်ရေးကို Yangon Armyနဲ့ အနောက်ပိုင်းခရိုင် ပကဖ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ သက်သက်ခိုင်ရဲ့ PPPပါတီဟာ စစ်အုပ်စုကျင်းပမယ့် အတုယောင်ရွေးကောက်ပွဲကို အင်တိုက် အားတိုက်လုပ်ဆောင်နေပြီး တော်လှန်ရေးတပ်တွေဘက်က ကိုကိုကြီးနဲ့ သက်သက်ခိုင်ရဲ့ ပါတီတွေကိုလည်း ရွေးကောက်ပွဲဆန့်ကျင်ရေးအဖြစ်နဲ့ စစ်ရေးပစ်မှတ်တွေထားတိုက်ခိုက်နေကြတာဖြစ်ပါတယ်။
-

AA နဲ့ ရင်ဆိုင်နေရတဲ့ ရှေ့တန်းစစ်မျက်နှာတွေမှာ အရာရှိအဆင့် ဒါဇင်နဲ့ချီသေဆုံး
AA နဲ့ ရင်ဆိုင်နေရတဲ့ ရှေ့တန်းစစ်မျက်နှာတွေမှာ အရာရှိအဆင့် ဒါဇင်နဲ့ချီကျဆုံးနေပြီး ၊ စစ်ကောင်စီအသိုင်းအဝိုင်းကြားမှာစိုးရိမ်မှုကြီးမားလာနေ ၂၀၂၅ နိုဝင်ဘာ နဲ့ ဒီဇင်ဘာ လ မှာ ဖြစ်ပွားခဲ့တဲ့ ကျောက်ဖြူ နဲ့ ရခိုင်ရိုးမတွင်း ရှေ့တန်းစစ်မြေပြင်တွေမှာ စစ်ကော်မရှင်ရဲ့ ဗိုလ်မှူးကြီးအဆင့် ၊ ဗိုလ်မှူးအဆင့်တွေ ဒါဇင်နဲ့ချီပြီးသေဆုံးခဲ့တဲ့ အတွက် စစ်ကော်မရှင် အသိုင်းအဝိုင်းမှာ တုန်လှုပ်မှုတွေမြင့်တက်နေကြတယ်လို့ သတင်းရရှိပါတယ်။ AA နဲ့ ရင်ဆိုင်နေရတဲ့ ကျောက်ဖြူ မင်းပြင်တိုက်ပွဲမှာ ဗိုလ်မှူးကိုကိုဇော် ၊ ဗိုလ်မှူးကြီး ကျော်မျိုးအောင် ၊ ဒုတိယ ဗိုလ်မှူးကြီးဝင်းသန့် ၊ ဗိုလ်မှူးမျိုးမြင့်အောင် ၊ ဗိုလ်ကြီးဟိန်းမင်းဇော် အပါအဝင် အကြီးတန်းအရာရှိ ဆယ်ဦးထက်မနည်းသေဆုံးခဲ့ပြီး ကျောက်ဖြူမှာပဲ မိသားစုတွေက လာရောက်သဂြိုလ်ခဲ့ရပါတယ်။ နှစ်လအတွင်းတိုက်ပွဲမှာ အောက်ခြေပြည်သူ့စစ်သားတွေ ရာပေါင်းများစွာသေဆုံးခဲ့ပေမယ့် စစ်ကော်မရှင်အသိုင်းအဝိုင်းက…
-

ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ရှိ စစ်တပ်စခန်းတချို့ကို ချင်းတော်လှန်ရေးတပ်က ဝင်ရောက်တိုက် ခိုက်
ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ရှိ စစ်တပ်စခန်းတချို့ကို ချင်းတော်လှန်ရေးတပ်က ဝင်ရောက်တိုက် ခိုက်သဖြင့် တိုက်ပွဲများ ပြင်းထန်နေ ချင်းပြည်နယ်၏မြို့တော်ဖြစ်သော ဟားခါးမြို့ရှိ စစ်တပ်စခန်းတချို့ကို ချင်းတော်လှန်ရေးတပ်ဖြစ်သော CDF ဟားခါးက ဝင်ရောက်တိုက်ခိုက်သဖြင့် ယနေ့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်မှစတင်ပြီး ဟားခါးမြို့အနီးရှိ စစ်တပ်၏ အခြေစိုက်စခန်း ၅ ခုထက်မနည်းကို ချင်းတော်လှန်ရေးတပ်ဖြစ်သော CDF-ဟားခါးက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ လတ်တလော စစ်တပ်စခန်းများတွင် မီးများလောင်ကျွမ်းနေကြောင်း၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။ ချင်းတော်လှန်ရေးသတင်းရင်းမြစ်တစ်ခုကမူ “ဟားခါးကို ဝင်တိုက်တာတော့ ဟုတ်တယ်။ လောလောဆယ် သိရသလောက်တော့ စစ်ဆင်ရေးနဲ့ ဝင်တိုက်တာလို့ပဲ သိထားတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းက ဖြေတာပိုကောင်းမယ်”…