Category: News
-

စစ်တွေမြို့ မကျရေး မြို့အဝင် တပ်ထိန်းဂိတ်ကို ယတြာအစီအမံနဲ့ မုခ်ဝပြုလုပ်နေ
စစ်တွေမြို့ မကျရေးအတွက် စစ်ကော်မရှင်ဘက်က မြို့အဝင်တပ်ထိန်းဂိတ်မှာ ဂမ္ဘီရဆန်ဆန် ယတြာ မုခ်ဝပြုလုပ်နေတယ်လို့ သတင်းရရှိပါတယ်။ ရခိုင်မှာ မြို့တွေတစ်မြို့ပြီးတစ်မြို့ စွန့်လွှတ်နေရတဲ့ စစ်ကော်မရှင်ဟာ ပြည်နယ်ရဲ့ မြို့တော်လို့ သတ်မှတ်ထားတဲ့ စစ်တွေမြို့ကျရှုံးမှာကိုစိုးရိမ်လွန်ကဲပြီး မြို့အဝင် တပ်ထိန်းဂိတ်ကို ကံမြှင့်ယတြာ တွေ ပြုလုပ်နေတာလို့ မျက်မြင်ဒေသခံ က ပြောပါတယ်။ “အခုတည်ဆောက်နေတာက မြို့အဝင်အထွက် မုခ်ဦးနားက စစ်သားတွေနေတဲ့ တပ်ထိန်းဂိတ်နားမှာပါ။ ယတြာအစီမံနဲ့ လုပ်တဲ့ မုခ်ဝကို ဖြတ်ပြီးမှ တပ်ထဲကို ဝင်နိုင်မယ့်သဘောပါ။ သူတို့ မုခ်ဝကို မဖြတ်နိုင်အောင် လုပ်တာလို့ ပြောပါတယ်” လို့ စစ်ကော်မရှင် နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ အဲ့ဒီတပ်ထိန်းဂိတ်ကို ပြည်သူတွေ ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားပြီး အလုပ်သမားတွေသာ ဝင်ထွက်နိုင်တယ်လို့ ဆိုပါတယ်။ စစ်တွေသာမက လက်ရှိ…
-

နေပြည်တော်တိုင်းစစ်ဌာန စစ်ဆင်ရေးအခြေအနေ သတင်းထုတ်ပြန်ချက် အပိုင်း(၂)
(၁) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း နေပြည်တော်တိုင်းစစ်ဌာနအနေဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို အခြေခံ၍ အကြမ်းဖက်စစ်ကော်မရှင်တပ်အား စစ်ဆင်ရေးအဟုန် မြှင့်တင်ကာ ဘက်ပေါင်းစုံမှ ထိုးနှက်တိုက်ခိုက်လျက် ရှိပါသည်။ (၂) ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်း ဒိုးတန်းကျေးရွာရှိ အင်အား (၄၀) ခန့်ရှိသော စစ်ကော်မရှင်တပ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းများ၊ ပဲခူးတိုင်းစစ်ဌာနတပ်ရင်း နှင့် ရေတာရှည်ပကဖတို့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား (၂)ဦး ကျဆုံးပြီး ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ပါသည်။ (၃) ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်း ဒိုးတန်းကျေးရွာ တိုက်ပွဲသို့ စစ်ကူပေးရန် အင်အား (၇၀) ခန့်ဖြင့် တက်လာသော ရန်သူစစ်ကြောင်းအား နေပြည်တော်တိုင်းစစ်ဌာနတပ်ရင်းများက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင်…
-

စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီက ကြံခင်းတွင် တစည ကို ရှုံးနိမ့်
တစ်နိုင်ငံလုံး မဲအများဆုံးဖြင့် အနိုင်ရရှိထားသည့် စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီက ကြံခင်းတွင် တစည ကို ရှုံးနိမ့် စစ်ကော်မရှင် ပြုလုပ်သည် တစ်ဖက်သပ် ရွေးကောက်ပွဲ အပိုင်း(၁)ကို နိုင်ငံတစ်ဝန်း မဲအများဆုံး ရရှိထားသည့် ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ(USDP)က ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၌ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ကို ရှုံးနိမ့်ခဲ့သည်။ ကြံခင်းမြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်သော စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ကြံ့ခိုင်ရေးပါတီ၊ တစညပါတီနှင့် ပြည်သူ့ပါတီအပါအဝင် နိုင်ငံရေးပါတီ ငါး ပါတီ ဝင်ရောက် ယှဉ်ပြိုင်ကြပြီး မဲလာပေးရန် ဖိအားပေး ခြိမ်းခြောက်မှုများရှိကြောင်း သိရသည်။ “ကြံခင်းမှာတော့ တစညပါတီက အနိုင်ရရှိပါတယ်၊ ကြံ့ဖွတ်ကတော့ မဲရှုံးပါတယ်။ အမှန်ကတော့ ကြံ့ဖွတ်ကိုချဉ်ပြီး တစညကို ဝိုင်းပြီးမဲပေးလိုက်ကြတာ။ မဲရုံသွားပြီး…
-

နှစ်သစ်ကူးည ရန်ကုန်မှာ လုယက်မှုတွေနဲ့ ယာဥ်တိုက်မှုတွေကြောင့် သေဆုံးသူ ၅ ဦးထက်မနည်းရှိခဲ့
ရန်ကုန်မြို့နယ်မှာ နှစ်သစ်ကူး နယူးရီယားညက ယာဥ်တိုက်မှုနဲ့ လုယက်မှုတွေ ဖြစ်ခဲ့ပြီး ၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၃၁ ရက်နေ့ နယူးရီးယားညမှာ မင်္ဂလာတောင်ညွန့် မြို့နယ်နဲ့ ဒေါပုံမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဒေါပုံတံတား (ဂျပန်တံတား)ပေါ်မှာ အမျိုးသားတစ်ဦးကို ဓားနဲ့ ၆ ချက်ထိုးကာ ဖုန်းနဲ့ ငွေသားတွေကို လုယက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “လမ်းလျှောက်ပြီး ပြန်လာတာကို မိန်းကလေးတစ်ယောက်နဲ့ ယောကျာ်းလေးတစ်ယောက်က ဓားနဲ့ ၆ ချက် ထိုးပြီး ဖုန်းနဲ့ ငွေတွေ လုပြေးတာ ပြောတယ်၊ လည်ပင်းနဲ့ ကျောကုန်းတွေမှာ ဓားဒဏ်ရာတွေ ရထားတယ်၊ သတိတော့ မလစ်သေးဘူးပေါ့၊ အခြေအနေက ဆိုးတယ် သွေးထွက်လွန်နေပြီ၊ ငွေ ၆ ထောင်နဲ့ ဖုန်း အဟောင်းလေးတစ်လုံးကို…
-

ပဲခူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်
ပဲခူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် ၆ ဦးသေဆုံးပြီး ၅ ဦးအရှင်မိကာ လက်နက် ၁၂ လက် သိမ်းဆည်းရရှိ ပဲခူးတိုင်း၊ ပဲခူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၆ ဦးသေဆုံးပြီး ၅ ဦးအရှင်မိကာ လက်နက် ၁၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပဲခူးမြို့နယ် အတွင်း အကြမ်းဖက်စစ်တပ်မှ ပြုလုပ်မည့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြည်သူများ ဆန္ဒထုတ်ဖော်နေစဉ် စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်…