Category: News

  • ပုဂံ၊ ညောင်ဦးမှာ ဧည့်သည်နှစ်ဦး ထပ်မံပျောက်ဆုံးနေ

    ပုဂံ၊ ညောင်ဦးမှာ ဧည့်သည်နှစ်ဦး ထပ်မံပျောက်ဆုံးနေ

    ရှေးဟောင်းမြို့တော် ပုဂံ၊ညောင်ဦးမြို့ကို အလည်လာတဲ့ ဧည့်သည်ဇနီးမောင်နှံနှစ်ဦး ပျောက်ဆုံးနေကြောင်း နီးစပ်သူတွေက ပြောပါတယ်။ ညောင်ဦးမြို့၊ ရွှေစည်းခုံဘုရားအနီးက Zfreeti Hotel မှာ တည်းခို​နေတဲ့ ဇနီးမောင်နှံဟာ မနေ့က ဒီဇင်ဘာ ၂၃ ရက် မနက် ၉ နာရီခန့်က ပုပ္ပါးတောင်ဘက်သွားမယ်ဆိုပြီး ငှားထားတဲ့ ဆိုင်ကယ်နဲ့ ထွက်သွားရာကနေ ဟိုတယ်ကို ပြန်ရောက်မလာတော့ဘဲ ဒီကနေ့ (ဒီဇင်ဘာ ၂၄ရက်) ညနေပိုင်းအထိ အဆက်အသွယ်မရတော့တာဖြစ်ကြောင်း ဆွေမျိုးသားချင်းတစ်ဦးက လူမှုကွန်ရက်ကနေ အသိပေးပါတယ်။ “၂၃ရက်နေ့မနက် ၉နာရီလောက်မှာ ပုပ္ပါးဘက်သွားမယ်ဆိုပြီး လင်မယားနှစ်ယောက် ဆိုင်ကယ်ငှားပြီး ထွက်သွားကြပါတယ်။ ယနေ့ ၂၄ရက် ယခု Post တင်တဲ့အချိန် 6:21 pm အထိ အဆက်အသွယ် မရသေးပါရှင် ဟိုတယ်ကနေ ထွက်သွားတာပါ”လို့ ၎င်းက ရေးသားထားပါတယ်။…

  • လူမိုက်ထွဋ်ခေါင် ဓားတင်မြင့် ( သို့မဟုတ် ) ဇိုးတင်မြင့်

    လူမိုက်ထွဋ်ခေါင် ဓားတင်မြင့် ( သို့မဟုတ် ) ဇိုးတင်မြင့်

    ဒီတစ်ကြိမ်မှာတော့ သူ့ကို သာကေတ မြို့မရဲစခန်းနဲ့ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းတို့ပူးပေါင်း အင်အားအလုံးအရင်းနဲ့ ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။ ပြီးတော့ ရဲတပ်ဖွဲ့ဝင်ကိုသတ်ခဲ့တဲ့အမှု့အတွက် တင်မြင့်ကို ပဲခူးစစ်ခုံရုံးတင်ပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်းကို ချမှတ်ခဲ့တော့တာပါပဲ။ “ဓါးတင်မြင့် ရဲ့ နောင်တ” မြန်မာနိုင်ငံ၏ နာမည်ကျော် အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်းြ ဖစ်သည်။ သေဒဏ်ပေးခံရသော အကျဉ်းသားများကိုသာ သီးသန့်ထားသည့် ကြိုးတိုက် အဆောက်အဦးအတွင်း၀ယ် လူတစ်ယောက်သည် ခေါင်းကိုငိုက်စိုက်ထိုင်လျက်သတင်းစာဖြတ်ပိုင်းတစ်ခုကို စိုက်ကြည့်နေ၏ ။ သတင်းစာဖြတ်ပိုင်းကို ငုံ့ကြည့်နေသူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် သမံတလင်းပေါ် ထောက်ထားသည် ။ အသေအချာကြည့်မည်ဆိုပါက အံကို တင်းနေအောင်ကြိတ်ထားပြီး သူ့မျက်၀န်းအတွင်း မျက်ရည်များေ၀့သီနေသည်ကို တွေ့ကြရလေမည် ။ ထိုသူကား ဓါးတင်မြင့် ။ မှန်ပါသည် ။ လူသတ်မှု ၊ လုယက်မှုပေါင်းများစွာကို အကြိမ်ကြိမ်ကျူးလွန်ခဲ့ ၊ အကျဉ်းထောင်များမှ…

  • နတ်ရေကန်အနီးစစ်ကြောင်းက တပ်သား ၃ ဦးလက်နက်တွေနဲ့ဘက်ပြောင်းလာ

    နတ်ရေကန်အနီးစစ်ကြောင်းက တပ်သား ၃ ဦးလက်နက်တွေနဲ့ဘက်ပြောင်းလာ

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းရှိ ရခိုင်ရိုးမပေါ်က နတ်ရေကန်တောင်ဗျူဟာစခန်းအနီးမှာ ရောက်ရှိနေတဲ့ ရှေ့တန်းစစ်ကြောင်းမှ စစ်ကော်မရှင်တပ်သား ၃ ဦး လက်နက်နဲ့အတူ ဘက်ပြောင်းလာခဲ့တယ်လို့ CDF-Asho က ဒီဇင်ဘာ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ နတ်ရေကန်တောင်ခြေအောက်ရှိ ပဇီကျေးရွာအနီးကို ရောက်ရှိနေတဲ့ စစ်ကော်မရှင်စစ်ကြောင်းက တပ်သား ၃ ဦးဟာ CDF-Asho နဲ့ ချိတ်ဆက်ပြီးတော့ ဒီဇင်ဘာ ၁၄ ရက်နဲ့ ၁၉ ရက်တို့မှာ ဘက်ပြောင်းခိုလှုံလာခဲ့တာလို့ ဆိုပါတယ်။ “(တပ်သား ၃ ဦး)က စခန်းကမဟုတ်ပါဘူး။ ပဇီရွာအနီး ရှေ့တန်းစစ်ကြောင်းကပါ။ (သူတို့ကို) မဖမ်းပါဘူး။ ကြိုတင်ဖုန်းဆက်ကြပြီးမှ ထွက်လာကြတာမျိုးပါ။ လက်ရှိတော့ လုံခြုံတဲ့စခန်းတနေရာကို ပို့ထားပေးပါတယ်” လို့ CDF-Asho မှတာဝန်ရှိသူတဦး ကပြောပါတယ်။ ဘက်ပြောင်းလာသူ ၃ ဦးမှာ…

  • သန်လျင်မြို့နယ်အတွင်း ဆက်သွယ်ရေးလိုင်းများဖြတ်တောက်၊ ဧည့်စာရင်းစစ်

    သန်လျင်မြို့နယ်အတွင်း ဆက်သွယ်ရေးလိုင်းများဖြတ်တောက်၊ ဧည့်စာရင်းစစ်

    စစ်ခေါင်းဆောင်လာမည်ဟုဆိုကာ သန်လျင်မြို့နယ်အတွင်း ဆက်သွယ်ရေးလိုင်းများဖြတ်တောက်၊ ဧည့်စာရင်းစစ်၍ လုံခြုံရေးတင်းကြပ်ထား ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်အတွင်း၌ ဆက်သွယ်ရေးလိုင်းများပြတ်တောက်နေပြီး စစ်ကော်မရှင်တပ်နှင့် ရဲများမှဧည့်စာရင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ ယနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်မည်ဟုဆိုကာ သန်လျင်မြို့နယ်အတွင်း၌ နံနက်အစောပိုင်းမှစတင်ကာ စစ်ကော် မရှင်တပ်ဖွဲ့နှင့် ရဲများမှ ဧည့်စာရင်းဝင်‌ရောက်စစ်ဆေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ “မနက်က သန်လျင်အောင်ချမ်းသာထဲကို ဧည့်စာရင်းဝင်စစ်သွားတယ်။ ရွေးကောက်ပွဲကြောင့်လို့ထင်နေတာ ဟိုဂျပု(စစ်ခေါင်းဆောင်)လာမယ်လို့နောက်မှ သိရတာ။ ဘေးတွဲတွေလည်း အပြင်မထွက်ရဲဘူး။ ရပ် ကွက်တွေထဲထိ လိုက်ဖမ်းနေတာ”ဟု အောင်ချမ်းသာရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် သန်လျင်မြို့နယ်ထဲရှိ ရေနံရပ်ကွက်၊ အောင်ချမ်းသာ၊ ညောင်သုံးပင်စသည့် ရပ်ကွက်အနီးတစ်ဝိုက်ကို အင်အားအများအပြားဖြင့် ဧည့်စာရင်းဝင်ရောက်စစ်ဆေးသွားခြင်းဖြစ်သည်။ ထို့အပြင် သန်လျင်မြို့နယ်အတွင်း ဆက်သွယ်ရေးလိုင်းများပြတ်တောက်ကာ အင်တာနက်လိုင်းများလည်း ယာယီပြတ်တောက်ခဲ့ကြောင်း ဒေသခံအချို့ကဆိုသည်။ “ဘယ်အချိန်ကတည်းက…

  • ပုဂံမှာ ဘုရားဖူးမိသားစုကို ပျုစောထီးအဖွဲ့ ပြန်ပေးဆွဲပြီးငွေညှစ်

    ပုဂံမှာ ဘုရားဖူးမိသားစုကို ပျုစောထီးအဖွဲ့ ပြန်ပေးဆွဲပြီးငွေညှစ်

    ပုဂံမှာ ဘုရားဖူးမိသားစုကို ပျုစောထီးအဖွဲ့ ပြန်ပေးဆွဲပြီးငွေညှစ် မန္တလေးတိုင်း ၊ ပုဂံမြို့သစ်တောင်ပိုင်းရှိ စေတနာကြီးဘုရားအနီးမှာ ခရီးသွားကားကိုတားပြီး ပြန်ပေးဆွဲမှုဒီဇင်ဘာလ ၁၉ ရက်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။ စစ်တပ်လက်ဝေခံပျုစောထီးတွေပါဝင်တဲ့လက်နက်ကိုင်အဖွဲ့က ဒီဇင်ဘာ လ ၁၉ရက် နေ့ခင်းပိုင်းမှာ အိမ်စီးကားနဲ့ ဘုရားဖူးထွက်လာတဲ့ မိသားစုတစ်စုကိုပြန်ပေးဆွဲခဲ့တာပါ။ “ဖြစ်စဉ်ကတော့မှန်တယ်” လို့ ပုဂံမြို့ခံတစ်ဦးကပြောပါတယ်။ ပြန်ပေးဆွဲပြီးနောက် ပုဂံ-ချောက်ကားလမ်းဘက်ခေါ်ဆောင်သွားပြီး ကျပ်သိန်းငါးထောင်နဲ့ ပြန်ရွေးခိုင်းခဲ့တာပါ။ ညှိနှိုင်းမှုအရပြန်ပေးဆွဲခံရသူတွေဘက်ကကျပ်သိန်း၁,၂၀၀ နဲ့ လက်ဝတ် လက်စားတွေချွတ်ပေးရပြီးနောက် အဲဒီနေ့ ညနေပိုင်းမှာ ပြန်လွတ်လာတယ်လို့ သိရပါတယ်။ အခုလို ပြန်ပေးဆွဲငွေတောင်းတဲ့ ပျုစောထီးအဖွဲ့ဟာ ပုဂံအနီးတဝိုက်မှာ ကျင်လည်ကျက်စားနေတာလို့ ဒေသခံအချို့က ပြောပါတယ်။ ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့တဲ့ စေတနာကြီးဘုရားက ပုဂံမြို့သစ်နဲ့ တစ်မိုင်ခန့်သာဝေးပြီး ခရီးသွားမရှိဘဲ လူသွားလူလာပြတ်တဲ့နေရာတစ်ခုပါ။ ဆက်စပ်သတင်း ပုဂံကို အိမ်စီးကားနဲ့ လုံးဝ မလာကြပါနဲ့တော့