Category: News

  • အောင်ဇမ္ဗူရဲ့ တရားဝင်ဇနီးဟု နာမည်ထွက်နေ

    အောင်ဇမ္ဗူရဲ့ တရားဝင်ဇနီးဟု နာမည်ထွက်နေ

    အောင်ဇမ္ဗူ ဇာတ်ထောင်ဖို့အတွက် ခုလက်ရှိသူ၏ တရားဝင်ဇနီးဟု နာမည်ထွက်နေသည့် ယခုပုံပါ အမျိုးသမီးက သိန်းပေါင်း ထောင်သောင်းချီ အကုန်ကျခံပြီး ပံ့ပိုးပေးခဲ့ပါတယ်တဲ့

    အိမ်ထောင်ရှိတာကို ချမပြသေးဘဲ လူပျိုတစ်ယောက်အနေနဲ့ ဝါသနာအရ ဇာတ်မင်းသား က ချင်ပါသေးတယ်ဆိုလို့ လက်ရှိတရားဝင် ဇနီးတစ်ယောက်က တိတ်တိတ်လေး နေခဲ့ပေးတာပါတဲ့

    ဒါပေမယ့် အခု အောင်မြင်လာချိန်မှာ ပစ်ပယ်ထားကြောင်းသိရပြီး အခုလိုပုံတွေ ပြန့်လာတာဖြစ်ပါတယ်

    Ai ကိုမေးကြည့်တာလည်း သူတို့လုပ်ပေးထားတယ်ဆိုတာ ဖြစ်နိုင်ချေ နည်းပါတယ်ဆိုပဲ

    ကိုယ့်စရိတ်နဲ့ကို နှာဗူးချင်တဲ့ မမညီမတွေ သတိထားရအောင် တင်ပေးရခြင်းပါနော်

    မူရင်းပို့စ့

    ကဲကဲ စပရိုက်မျှော်နေသူတွေလာပါပြီရှင်

    အမှန်တော့အကောင့် followers များလာမှတင်မလို့ပါပဲ

    အောင်စမူဖန် အစောင်တိတစ်ကောင် မျိုးစုံလာဆဲ လာလောင်နေတော့ မနေနိုင်တော့ဘူး တင်လိုက်တော့မယ်လို့ဆုံးဖြတ်ပြီး တင်လိုက်ပါပြီရှင်

    အောင်စမူကိုလူပျိုလို့ထင်နေကြသူတွေကို သိစေချင်တာက အောင်စမူကလူပျိုမဟုတ်ပါဘူးရှင်

    ဒီပွဲရာသီတွေမစခင် သူ့ဇာတ်မထောင်ခင်လေးမှာပဲ သူ့ဘေးကသူဌေးမနဲ့ လူကြီးမိဘစုံရာအကျဥ်းရုံး ရုံးတက်လက်မှတ်ထိုး မင်္ဂလာဆွမ်းကျွေးပြီးလက်ထပ်ထားတာပါရှင်

    အမျိုးသမီးက ရိုးရိုးအေးအေးထဲကပါပဲ အောင်စမူထက်လည်းအသက်ကြီးပါတယ်

    ဒါပေမယ့် အသိုင်းအဝိုင်းကြီးပြီးချမ်းသာတယ်

    အေးအေးဆေးဆေးနေတတ်ကြတယ်

    အောင်စမူကိုလည်းအရမ်းချစ်ရှာတယ်

    အောင်စမူတို့ဆိုတာ ကျောက်တန်း အစဲကျေးရွာမှာ ဆင်းရဲနုံခြာတဲ့အထဲကပါ

    အဲ့ဒါကို ဒီအမျိုးသမီးကပဲ မြေတောင်မြှောက်ပြီး ဇာတ်ထောင်ဖို့သိန်းသောင်းချီထုတ်ပေးခဲ့တာပါ

    အောင်စမူ စထွက်ထွက်ချင်း ဒီလောက်ဇာတ်အပြင်အဆင် ရှယ်တွေချည်းသုံးတာကို ရှင်တို့တစ်ခါမှမတွေးမိဖူးဘူးမဟုတ်လား

    တကယ်တော့အားလုံးက သူ့မိန်းမဒီအမျိုးသမီးပံ့ပိုးပေးခဲ့တာပါ

    သူစကြိုးစားချိန်မို့ လူပျိုအဖြစ်နဲ့ ပွဲထွက်ပါရစေဆိုလို့ အဲ့အမျိုးသမီးကနောက်ကွယ်မှာ နေပေးနေခဲ့တာ

    အခုကျတော့နာမည်လည်းကြီးလာရော အဲ့သူဌေးမကိုချောင်ထိုးပြီး မသိကျိုးကျွံပြုရှောင်တိမ်းနေကြောင်းသိရှိရပါတယ်ရှင်😎😎😎

    Eaint Theingi Kyaw

  • ကမ္ဘာတဝန်း ဆီအကြပ်အတည်းမှာ တကိုယ်တည်း ဗြောင်းဆန်ပြနေတဲ့ မြန်မာ

    ကမ္ဘာတဝန်း ဆီအကြပ်အတည်းမှာ တကိုယ်တည်း ဗြောင်းဆန်ပြနေတဲ့ မြန်မာ

    ကမ္ဘာ့အရေးကိစ္စတွေကြောင့် ရေနံနဲ့ စက်သုံးဆီ အကျပ်အတည်းကို တကမ္ဘာလုံး ခံစားနေရပါတယ်။

    စက်သုံးဆီစျေးနှုန်း ကြီးမြင့်ခြင်းနဲ့ ပြတ်တောက်ခြင်းတို့ကို ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရတွေက သင့်တော်တဲ့ မူဝါဒတွေ ချမှတ်ပြီး ရင်ဆိုင်ဖြေရှင်း နေကြပါတယ်။

    ကမ္ဘာ့သတင်းတွေကို ကြည့်လိုက်ရင် လတ်တလော စက်သုံးဆီ ကိစ္စမှာ ကသောင်းကနင်း အဖြစ်ဆုံးနဲ့ ရှုပ်ထွေးမှု အများဆုံးက မြန်မာနိုင်ငံ ဖြစ်နေတာကို တွေ့ရပါတယ်။

    ကမ္ဘာ့တခြားဒေသတွေကို ထားလိုက်ဦး လက်လှမ်းမီတဲ့ အာဆီယံဒေသမှာတော့ ဆီကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိ အသံ ကျယ်လောင်စွာ ထွက်နေတာကတော့ ရွှေမြန်မာတွေပဲ ဖြစ်ပါတယ်။

    မြန်မာပြည်မှာသာ အလုအယက် ဆီတန်းစီနေကြတဲ့ အဖြစ်၊ တန်းစီရင်း ကွယ်လွန်၊ မူးလဲ၊ ရ၊န်ဖြစ်ကြတဲ့ အဖြစ်၊ ဆီမရလို့ တောင်သူလယ်သမားတွေ ဒုက္ခရောက်ကြရတဲ့ အဖြစ်တွေနဲ့ ကြုံနေရပေမယ့် တခြား အာဆီယံနိုင်ငံတွေမှာတော့ တည်ငြိမ်နေတာ တွေ့ရပါတယ်။

    အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ဆီတန်းစီနေကြပေမယ့် မြန်မာပြည်လို ရုပ်ပျက်ဆင်းပျက် ဖြစ်မနေပါဘူး။

    အာဆီယံ ဒေသမှာ လူဦးရေ အများဆုံး ဖြစ်တဲ့ အင်ဒိုနီးရှား၊ သယံဇာတ မရှိတဲ့ လာအို၊ မြန်မာနဲ့ မတိမ်းမယိမ်း ကမ္ဘောဒီးယား၊ ဆင်းရဲမွဲတေမှု များတဲ့ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေမှာလည်း ဆီကိစ္စမှာ မြန်မာပြည်လောက် အသည်းအသန် ဖြစ်မနေကြပါဘူး။

    ဗီယက်နမ်နိုင်ငံဆို စက်သုံးဆီနဲ့ ပတ်သက်တဲ့ အခွန်တွေ လျှော့ပေးလိုက်တာကြောင့် စက်သုံးဆီစျေးတွေတောင် ကျသွားခဲ့ပါတယ်။

    ကိုယ့်နိုင်ငံသားတွေကို အမြဲစောင့်ရှောက်တဲ့ စင်ကာပူ၊ မလေးရှားနဲ့ ဘရူနိုင်းတို့ကတော့ ပြောစရာကို မလိုတဲ့ အခြေအနေပါပဲ။

    အဲဒီနိုင်ငံတွေ အရန်ဆီ ဘယ်နှရက်စာ ကျန်တယ်လို့ ကြေညာတာကလည်း ပြည်သူတွေ သုံးစွဲမှု လျှော့ချဖို့ အသိပေးတဲ့ သဘောပါပဲ။

    ရွှေပြည်ကြီးကတော့ တခြားအာဆီယံနိုင်ငံတွေနဲ့ မတူ တမူထူးခြားပြီး ပြောင်းပြန်ပါပဲ။

    ရက် ၅၀ စာ ဆီတွေ ကျန်သေးတယ်၊ သင်္ဘောကြီး ဘယ်နှစင်း လာနေပြီလို့ ပြောနေပေမယ့်လည်း မှောင်ခိုလောက အလျင်အမြန် ကြီးထွားလာနေပါတယ်။

    ဆီတန်းစီတဲ့သူတွေ လျော့မသွားတဲ့အပြင် တောင်သူ လယ်သမားတွေ ဆီလုံးဝ မရတဲ့ အခြေအနေ ဖြစ်နေပါပြီ။

    မြန်မာပြည်မှာ ဆီကိစ္စ ဒီလောက် ဖြစ်သွားရတဲ့ အကြောင်းရင်းကတော့ အစိုးရရဲ့ မူဝါဒကြောင့်ပဲ ဖြစ်ပါတယ်။

    အသုံးမဝင်တဲ့ စုံမ အမိန့်ကို ဆက်သုံးနေခြင်း၊ လက်ကျန်ရှိနေတဲ့ ဆီတွေကို အဖွဲ့အစည်းတခုတည်း အသုံးပြုဖို့ သိမ်းထားပြီး ကျန်တဲ့ ခွဲတမ်းကိုသာ ပြည်သူတွေကို ပေးခြင်း၊ တိကျတဲ့ မူဝါဒ မရှိဘဲ ဆေးမြီးတို နည်းလမ်းတွေနဲ့ ဖြေရှင်းနေခြင်း စတဲ့ အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။

    အဲဒီအချက်တွေကို လျစ်လျူရှုပြီး တကမ္ဘာလုံး ဖြစ်နေကြတာ မြန်မာပြည်မှာလည်း ကြိတ်ခံကြ ဆိုတဲ့ ဝါဒဖြန့် အကွက်တွေနဲ့ ပြည်သူကို ဦးနှောက်ဆေးနေကြပါတယ်။

    ကိုယ်သိချင်တဲ့ သတင်းအချက်အလက်ကို စက္ကန့်ပိုင်းအတွင်း သိရတဲ့ ဒီလိုခေတ်ကြီးထဲမှာ ပြည်သူတွေအနေနဲ့ မျက်စိဖွင့်၊ နားစွင့် ထားဖို့ လိုအပ်ပါတယ်။

    ကိုယ့်မျက်စိရှေ့မှာ မြင်ရတဲ့ သတင်းအချက်အလက်တွေကိုလည်း သူများ ပြောသမျှ မယုံသင့်ဘဲ စိစစ် သုံးသပ်တတ်ဖို့ အရေးကြီးကြောင်း ဖော်ပြလိုက်ရပါတယ်။

  • ​လူမှုကွန်ယက်ကနေ ပြည်သူအားလုံးကို သိမ်းကျုံးဆဲလိုက်တဲ့ ချမ်းမြမြသော်

    ​လူမှုကွန်ယက်ကနေ ပြည်သူအားလုံးကို သိမ်းကျုံးဆဲလိုက်တဲ့ ချမ်းမြမြသော်

    ချမ်းမြမြသော် Story မှာ တင်ထားတဲ့ မိန်းကလေးပုံနဲ့ သီချင်းက အခု သူ့ကို Boycott လုပ်နေတဲ့တော်လှန်ရေး ဘက်ခြမ်းက လူတွေကို ဆဲထားတဲ့ သီချင်းဖြစ်ပါတယ်။

    ကိုရီးယား စကားနားမလည်သူ မသိ သူဆိုရင် ဆဲထားမှန်းမသိတဲ့ အသံနဲ့သီချင်းဖြစ်မှန်း မသိနိုင်ပါဘူး။

    အဲသလောက်အထိ ယုတ်ယုတ်မာမာ စော်စော်ကားကား ပြန်တုံ့ပြန်နေတယ်ဆိုတာကို သိစေချင်ပါတယ်။

    သီချင်းထဲမှာ ပါတဲ့ဒီစာသားတွေကို သေချာနားလည်အောင်နားထောင်လိုက်မယ်ဆိုရင် ဆဲထားတာကို သိနိုင်ပါတယ်။

    ဆဲထားတဲ့စကားတွေက

    존나 귀찮게 하네(အရမ်းစိတ်အနှောင့်ယှက်ပေးတာပဲ),

    좆도 아닌 것들이(ဘာမှမဟုတ်တဲ့ဟာလေးတွေကို)၊

    존나 팍치게 하네(အရမ်းဒေါသထွက်အောင်လုပ်တာပဲ)

    시발 것들이(လီးလိုကောင်တွေ)

    나 좀 괴롭히지 마(ငါ့ကို bully မလုပ်ကြပါနဲ့)၊

    개새끼들아(ခွေးသူတောင်းစားများ)

    나 좀 내비두라 부탁합니다(ငါ့တစ်ယောက်တည်း လွှတ်ထားပေးကြပါ)

    ကိုရီးယား စကားနားလည်သူတွေကတော့ ကောင်းကောင်းသိကြမှာပါ။

    အတိအကျ မကျွမ်းကျင်တဲ့ဘာသာစကားမို့လို့ စာလုံးပေါင်းလေးတွေမှားနိုင်ပေမယ့် တော်လှန်ရေးလုပ်နေတဲ့ပြည်သူတွေကို ပြန်ဆဲဆို တုံ့ပြန်ထားတဲ့ အကြောင်း သိ‌စေချင်လို့ဖြစ်ပါတယ်။

    ချမ်းမြမြသော်ကို အဆိုးဝါးဆုံးပုံစံနဲ့ ကျ‌ရှုံးသွားအောင် လုပ်ကြဖို့လိုပါမယ်။

    တကယ့် Lower Standard Level ပါ။

    လူထုနဲ့တော်လှန်ရေးကြောင့် ကောင်းစားသွားတဲ့ သူက ပြန်စော်ကားမိုက်ရိုင်းနေတာ ဘောမနေတာကို ကိုယ့်လုပ်ရပ် မှန်သလို လုပ်နေတာက ရွံစရာကောင်းပါတယ်။

    FNCC

  • ဒီနေ့ကစပြီး… လေပြင်းအန္တရာယ် အထူးသတိ

    ဒီနေ့ကစပြီး… လေပြင်းအန္တရာယ် အထူးသတိ

    ကဲ… မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေ အားလုံးကို အခုပဲ Mention ခေါ်ပြီး သတိပေးလိုက်ကြရအောင်။

    ဒီနေ့ကစပြီး ဧပြီလ (၁) ရက်နေ့အထိ မြန်မာနိုင်ငံရဲ့ နေရာအတော်များများမှာ လေပြင်းတိုက်ခတ်မယ့် အန္တရာယ်နေတယ်လို့ မိုးလေဝသခန့်မှန်းသူ ဒေါက်တာစိုင်းခွန်အာကာက သတိပေးပါတယ်။

    📍 ဘယ်ဒေသတွေမှာ အထူးသတိထားရမလဲ?

    နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)

    ရှမ်းပြည်နယ်၊ ချင်းပြည်နယ် နဲ့ ကယားပြည်နယ်

    အထူးသဖြင့် ရှမ်းပြည်တောင်ပိုင်း/အရှေ့ပိုင်း နဲ့ မန္တလေး၊ စစ်ကိုင်း၊ မကွေး တိုင်း (၃) ခုဆုံတဲ့ ဒေသတွေ မှာ လေတိုက်နှုန်း ပိုမိုပြင်းထန်နိုင်တာကြောင့် အိမ်အမိုးအကာတွေကို အခုကတည်းက ကြိုတင်စစ်ဆေးထားဖို့ လိုအပ်ပါတယ်။

    🛠 ကြိုတင်ပြင်ဆင်ရန် လမ်းညွှန်ချက်များ

    အိမ်အမိုးအကာ ခိုင်ခံ့ပါစေ: လေပြင်းဒဏ် ခံနိုင်အောင် အမိုးနဲ့ ကာရံတွေကို သေချာပြန်လည် ပြုပြင်ထားပါ။

    မီးဘေးအန္တရာယ် သတိထား: လေပြင်းတိုက်ချိန်မှာ မီးစပေါ့လျော့မှုကနေ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ မဖြစ်အောင် အထူးဂရုစိုက်ပါ။

    လုပ်ငန်းခွင် သတိပြု: သီးနှံအခြောက်လှန်းတာတွေနဲ့ အပြင်ဘက် ပစ္စည်းတွေကို လေနဲ့မပါအောင် သေချာသိမ်းဆည်းပါ။

    “မပေါ့ဆကြပါနဲ့နော်… ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးပါပဲ။”

    အားလုံးပဲ ဘေးကင်းလုံခြုံတဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

  • အီရန်-အမေရိကန် တင်းမာမှု အထွဋ်အထိပ်သို့ ရောက်ရှိ

    အီရန်-အမေရိကန် တင်းမာမှု အထွဋ်အထိပ်သို့ ရောက်ရှိ

    စစ်သည်အင်အား ၁ သန်းကျော်ဖြင့် အီရန် စစ်ပြင်

    အရှေ့အလယ်ပိုင်းဒေသတွင် စစ်မီးလျှံများ အရှိန်အဟုန်ဖြင့် မြင့်တက်နေပြီး အမေရိကန်၏ မြေပြင်ကျူးကျော်စစ် ဖြစ်လာနိုင်ခြေကို တုံ့ပြန်ရန်အတွက် အီရန်အစိုးရသည် စစ်သည်အင်အား ၁ သန်းကျော်ကို အရေးပေါ် စုစည်းကာ အကြီးအကျယ် စစ်ပြင်ဆင်လိုက်ကြောင်း သိရသည်။

    အဓိက အချက်အလက်များ

    စံချိန်တင် စစ်အင်အား: ပုံမှန်စစ်တပ်သာမက ပြည်သူ့စစ် (militia) အဖွဲ့များပါ ပူးပေါင်းပါဝင်လာသဖြင့် အီရန်သမိုင်းတွင် အကြီးမားဆုံးသော စစ်ရေးလှုပ်ရှားမှု ဖြစ်လာသည်။

    ဆွေးနွေးမှုများ ပျက်ပြားခြင်း: အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရနှင့် ဆွေးနွေးမှုများ မအောင်မြင်ဘဲ လမ်းမဆုံးဖြစ်ခဲ့ရခြင်းက ယခုတင်းမာမှုကို ဖြစ်ပေါ်စေခဲ့သည်။

    ယုံကြည်မှု ကင်းမဲ့ခြင်း: သမ္မတထရမ့်က ညှိနှိုင်းမှုများ ရှိနေကြောင်း ပြောဆိုသော်လည်း၊ အီရန်ဘက်ကမူ ၎င်းသည် အချိန်ဆွဲသည့် နည်းဗျူဟာသာဖြစ်ပြီး လက်တွေ့တွင် အမေရိကန်က စစ်ရေးဖြင့် ဖိအားပေးရန်သာ ပြင်ဆင်နေသည်ဟု တုံ့ပြန်ထားသည်။

    ကမ္ဘာလုံးဆိုင်ရာ ရိုက်ခတ်နိုင်မှုများ

    စစ်ရေးလေ့လာသူများ၏ အဆိုအရ အကယ်၍ မြေပြင်စစ်ပွဲ အမှန်တကယ် စတင်ခဲ့ပါက အောက်ပါအတိုင်း သက်ရောက်မှုများ ရှိလာနိုင်သည်ဟု သတိပေးနေကြသည်။

    ရေနံဈေးကွက်: ကမ္ဘာ့ရေနံ ထောက်ပံ့မှုလမ်းကြောင်းများ ပိတ်ဆို့သွားနိုင်ပြီး လောင်စာဆီဈေးနှုန်းများ အဆမတန် မြင့်တက်ခြင်း။

    စီးပွားရေး ဂယက်: ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တည်ငြိမ်မှုကို ပြင်းပြင်းထန်ထန် ရိုက်ခတ်နိုင်ခြင်း။

    ငြိမ်းချမ်းရေး စိန်ခေါ်မှု: အမေရိကန်၏ နည်းပညာမြင့် လက်နက်များနှင့် အီရန်၏ လူအင်အား အလုံးအရင်းတို့ ထိပ်တိုက်တွေ့မှုသည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှု ဖြစ်လာခြင်း။

    “ယခုအခြေအနေသည် ပြင်းထန်သော မုန်တိုင်းကြီးမတိုက်မီ ငြိမ်သက်နေသည့် အချိန်ကာလ (The Calm Before the Storm) သာ ဖြစ်သည်” ဟု အကဲခတ်အချို့က တင်စားနေကြသည်။

    အင်အား ၁ သန်းကျော်ဖြင့် ခံစစ်ပြင်ထားသည့် အီရန်နှင့် ကမ္ဘာ့အင်အားကြီး အမေရိကန်တို့ကြားမှ ဤတင်းမာမှုသည် သံတမန်နည်းလမ်းဖြင့် ပြေလည်သွားမည်လော သို့မဟုတ် သမိုင်းတစ်လျှောက် အကြီးမားဆုံးသော မြေပြင်စစ်ပွဲကြီး ဖြစ်လာမည်လော ဆိုသည်ကို တစ်ကမ္ဘာလုံးက စိုးရိမ်တကြီး စောင့်ကြည့်နေကြရပြီ ဖြစ်ပါတယ်။