Category: News
-

အသက်မပြည့်သေးသည့် ကလေးအလုပ်သမားတစ်ဦး မုဒိမ်းကျင့်ခံရမှု တရုတ်သူဌေးက ငွေပေး၍ ကျေအေးခိုင်း
ဝါးတရာစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် Zhong Xin Wang အထည်ချုပ်စက်ရုံတွင် အသက်မပြည့်သေးသည့် ကလေးအလုပ်သမားတစ်ဦး မုဒိမ်းကျင့်ခံရမှု တရုတ်သူဌေးက ငွေပေး၍ ကျေအေးခိုင်း ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် Zhong Xin Wang Garment အထည်ချုပ်စက်ရုံတွင် အသက်မပြည့်သေးသည့် ကလေးအလုပ်သမား မိန်းကလေးတစ်ဦးကို တရုတ်သူဌေး၏ လက်ထောက် မြန်မာအမျိုးသားက မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ အလုပ်အချိန်အတွင်း ယင်းကဲ့သို့ မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့ပြီး စက်ရုံပိုင်ရှင်တရုတ်သူဌေးက ငွေကြေးဖြင့် အမှုမဖွင့်ရန် လုပ်ဆောင်ခဲ့ကြောင်း စက်ရုံအလုပ်သမားတချို့က ပြောကြားသည်။ ဝါးတရာစက်မှုဇုန်ရှိ Zhong Xin Wang Garment အထည်ချုပ်စက်ရုံရှိ အိမ်သာထဲတွင် အသက်မပြည့်သေးသည့် ကလေးအလုပ်သမား မိန်းကလေးငယ်ကို စက်ရုံပိုင်ရှင် တရုတ်သူဌေး၏…
-

ရုရှားနှင့် ဘီလာရုစ်တွင် မြန်မာစစ်တပ်က မြေကွက်နှင့်အဆောက်အအုံတချို့ ဝယ်ယူထား
ရုရှားနှင့် ဘီလာရုစ်တွင် မြန်မာစစ်တပ်က မြေကွက်နှင့်အဆောက်အအုံတချို့ ဝယ်ယူထားပြီး မင်းအောင်လှိုင်ကိုယ်တိုင် စိတ်ကြိုက် စိစစ်ဝယ်ယူခဲ့ဟုဆို ရုရှားနိုင်ငံနှင့် ဘီလာရုစ်နိုင်ငံတို့တွင် မြန်မာစစ်တပ်က မြေကွက်နှင့်အဆောက်အအုံတချို့ ဝယ်ယူထားပြီး အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် စိတ်ကြိုက် စိစစ်၍ မြေကွက်များကို ဝယ်ယူခဲ့ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ရုရှားနိုင်ငံ၊ မော်စကိုမြို့နှင့် ဘီလာရုစ်နိုင်ငံ၊ Minsk မြို့တို့တွင် မြန်မာစစ်တပ်က မြေကွက်နှင့် အ ဆောက် အအုံတချို့ကို ဝယ်ယူခဲ့ပြီး နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ “မြန်မာနိုင်ငံသံရုံးနဲ့ အစိုးရဧည့်ဂေဟာတွေ တိုးချဲ့ ဖို့လို့တော့ သိရတယ်။ ဒါပေမယ့် ထူးခြားတာက မြေ ကွက်နဲ့ အဆောက်အအုံတွေကို တပ်ချုပ်ကြီးကိုယ်တိုင် သွားကြည့်၊ သွားစိစစ်တယ်လို့ သိရတယ်။ တကယ်တော့ ရုရှားမှာရော ဘီလာရုစ်မှာရော မြန်မာသံရုံးတွေကလည်း ဖွင့်လှစ်ထားပြီးသား၊…
-

အသက် ၁၂ ခန့် ကလေးက ၅ နှစ်အရွယ် ကလေးကို မုဒိန်းပြုကျင့်
ဒီးမော့ဆိုမှာ အသက် ၁၂ ခန့် ကလေးက ၅ နှစ်အရွယ် ကလေးကို မုဒိန်းပြုကျင့်မှုဖြစ်ပွားခဲ့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှာ အသက် ၁၂ ဝန်းကျင်ရှိတဲ့ ယောက်ျားလေးက အသက် ၅ နှစ်အရွယ်ရှိတဲ့ ကလေးငယ်ကို မုဒိန်းပြုကျင့်တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ ညနေက အဆိုပါစစ်ရှောင်စခန်းမှာနေထိုင်တဲ့ ဒေါ်ဝင်း(အမည်လွှဲ)ဟာ ဘုရားကျောင်းက ပြန်လာစဉ် အသက် ၅ နှစ်အရွယ် သမီးဖြစ်သူ နဲ့ အသက် ၁၂ နှစ်အရွယ် လူငယ်တစ်ယောက်ကို ဘောင်းဘီတွေကင်းမဲ့လျက် တွေ့ရှိခဲ့ရပြီး အော်ဟစ်လိုက်တဲ့အခါ လူငယ်ကတော့ ထွက်ပြေးသွားခဲ့တယ်လို့ အခင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းသိရှိရပါတယ်။ ဖြစ်စဉ်အပြီး ၅ ရက်ကြာတဲ့အခါ မိန်းကလေးငယ်က ဗိုက်အောင့်တယ်လို့ပြောတဲ့အတွက် ဆေးခန်းသွားပြတဲ့အချိန်ရောက်မှသာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စမ်းသပ်ချက်အရ…
-

အစိုးရဝန်ထမ်း ခုနှစ်ယောက်အပါအဝင် လူ ၁၀ ယောက်ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဖမ်း
မကွေးတိုင်း နဲ့ မန္တလေးတိုင်းထဲက အစိုးရဝန်ထမ်း ခုနှစ်ယောက်အပါအဝင် လူ ၁၀ ယောက်ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဖမ်း မကွေးတိုင်း နဲ့ မန္တလေးတိုင်းထဲက အစိုးရ ဝန်ထမ်း ခုနှစ်ယောက် အပါအဝင် လူ ၁၀ ယောက်ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ က ဖမ်းဆီးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မန္တလေးတိုင်း ၊ ညောင်ဦးမြို့နယ် ၊ ပုလင်းကမ်းသာယာ ဆင်စခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာ့သစ်လုပ်ငန်း လက်ထောက်မန်နေဂျာ ဦးချစ်ကိုကို နဲ့ ဇနီးဖြစ်သူဒေါ်စန္ဒာဝင်း ၊ သစ်အုပ် ဖြစ်သူ ဦးသောင်းကြည် ၊ နေ့စားဝန်ထမ်း ဦးစောလင်း တို့ကို ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းမှာ လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးသွားတယ် လို့သိရပါတယ်…
-

မြေရှားသတ္တုအတွက် KIA နဲ့ အိန္ဒိယ လျှို့ဝှက်သဘောတူ
အိန္ဒိယ နဲ့ မြန်မာနိုင်ငံ က ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ အကြား မြေရှား သတ္တုအတွက် လျှို့ဝှက် သဘောတူညီချက် ရရှိ ထားကြောင်းကို စုံစမ်း လေ့လာ သိရှိရတယ်လို့ အမေရိကန် အခြေစိုက် Silicon Valley Time သတင်းမှာ ဖေါ်ပြထားပါတယ်။ ဒါဟာ မဟာဗျူဟာမြောက် မဟာမိတ်ဖွဲ့မှုကို ဖေါ်ပြနေသလို မြန်မာ စစ်တပ် အတွက်တော့ အချုပ်အခြာအာဏာကို ထိခိုက်စေကြောင်း ရေးသား ထားပါတယ်။ ဂြိုဟ်တုက ရတဲ့ ပုံတွေနဲ့ နယ်စပ်ဖြတ်ကျော် ထောက်လှမ်းရေး သတင်းတွေ အရ အိန္ဒိယဟာ အာရူနာချယ် ပရာဒေ့ရှ် ပြည်နယ် ကနေ ကချင်ပြည်နယ် ချီဖွေက မြေရှားသတ္တုတူးဖော်ရေးနေရာ အထိ ၃၆၅ ကီလိုမီတာ ရှည်လျားတဲ့…