Category: News
-

သာယာဝတီထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်ခံရ
ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ ဇူလိုင် ၅ ရက်က နိုင်ငံရေးအကျဉ်းသားတွေကို နာမည်ကြီး လူမိုက်အကျဉ်းသား ဦးဆောင်တဲ့အဖွဲ့က ဝိုင်းဝန်းရိုက်နှက်ခဲ့တာကြောင့် တချို့ ထိခိုက်ဒဏ်ရာရပြီး နိုင်ငံရေးအကျဉ်းသားတယောက် အပြင်ဆေးရုံထုတ်ကာ အရေးပေါ် ဆေးကုသပေးနေရတယ်လို့ အကျဉ်းဦးစီး ဝန်ထမ်းအသိုက်အဝန်းဆီက သိရပါတယ်။ ထောင်ဝန်ထမ်းတယောက်က “အဓိက ရိုက်တဲ့ကောင်က အရင်တုန်းကလည်း ခဏခဏ နိုင်ကျဉ်းတွေကို ပြဿနာရှာတယ်၊ ခဏခဏ အနိုင်ကျင့်တယ်၊ ရိုက်တာတွေ လုပ်လွန်းလို့ ဝိုင်းတိုင်ထားတာ။ အခုကတော့ တော်တော်ကို ဆိုးလာတာ။ မနေ့ (ဇူလိုင် ၅ ရက်) က သူနဲ့ သူ့တပည့်တွေ နိုင်ကျဉ်းတွေကို ဝိုင်းရိုက်လိုက်တာ၊ နိုင်ကျဉ်းတယောက် သာယာဝတီဆေးရုံကြီးကို တင်လိုက်ရတယ်။ ထောင်ထဲမှာ တော်ရုံတန်ရုံနဲ့ အပြင်ဆေးရုံထွက်ရလေ့မရှိဘူး။ သေခါနီးမှသာ ထုတ်တာ။ အခုက ဒဏ်ရာ ဘယ်လောက်ပြင်းလဲမသိ၊ ဒါကြောင့်…
-

-

အင်းတော်မြို့ထဲက ဂျပန်လိုဏ်ဂူမှာ တမခ (၇၇)စစ်ကောင်စီတပ်ရဲ့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ မိန်းကလေးတွေရဲ့အဖြစ်ဆိုးများ
“အင်းတော်မြို့ထဲက ဂျပန်လိုဏ်ဂူမှာ တမခ (၇၇)စစ်ကောင်စီတပ်ရဲ့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ မိန်းကလေးတွေရဲ့အဖြစ်ဆိုးများ”
-

ရတခ ဒုတိုင်းမှူး ဗိုလ်မှူးကြီး ဗညားဝင်း၊ အကောက်ခွန်ညွှန်မှူး စိုးညွန့်အောင် အပါအဝင် ဌာနဆိုင်ရာ အရာရှိ ၁၅ ဦးတို့ကို စိုးဝင်းအမိန့်ဖြင့် ဖမ်းဆီးစစ်ဆေး
ထိုင်း-မြန်မာနယ်စပ်မှ ဝင်လာသော ကုန်ကားများကို မဖမ်းဘဲ လာဘ်ငွေယူ လွှတ်ပေးမှုဖြင့် ရတခ ဒုတိုင်းမှူး ဗိုလ်မှူးကြီး ဗညားဝင်း၊ အကောက်ခွန်ညွှန်မှူး စိုးညွန့်အောင် အပါအဝင် ဌာနဆိုင်ရာ အရာရှိ ၁၅ ဦးတို့ကို စိုးဝင်းအမိန့်ဖြင့် ဖမ်းဆီးစစ်ဆေး
-

မြန်မာပလာဇာတွင် အမျိုးသမီးတစ်ဦး ဓားထိုးခံရပြီးသေဆုံး
ရန်ကုန်မြို့ရှိ နာမည်ကြီးဈေးဝယ်စင်တာတစ်ခုဖြစ်သော မြန်မာပလာဇာမှ ကားပါကင်တွင် အမျိုးသမီးတစ်ဦး ဓားထိုးခံရပြီးသေဆုံးသွားသည်။ အသက် ၅၉ နှစ်အရွယ် အမျိုးသမီးသူသည်သြဂုတ် ၅ ရက်၊ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် မြန်မာပလာဇာကားပါကင်၌ ဓားဒဏ်ရာများဖြင့်သေဆုံးနေခြင်းဟုကာယကံရှင်၏ဆွေမျိုးတစ်ဦးကလူမူကွန်ရက်တွင်ရေးသားထားသည်။ အမျိုးသားနှစ်ဦးက ဓားဖြင့်လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်ပြီး သွေးထွက်လွန်ကာဆေးရုံမရောက်ခင် လမ်းတွင်ကွယ်လွန်သွားကြောင်းရေးသားထားသည်။ “ညနေက ကျမတို့ ဈေးဝယ်နေတုန်း သတင်းသဲ့သဲ့ကြားတယ်။ ပြန်မယ်လုပ်တော့ ကားတွေချက်ချင်းပေးမထွက်ဘူး။ ရဲတွေလည်း တွေ့တယ်”ဟု မြန်မာပလာဇာအနီး၌နေထိုင်သူတစ်ဦးကပြောသည်။ အင်းလျားကန်ဘောင်အနီးရှိ မြန်မာပလာဇာသည် လူစည်ကားသည့် ဈေးဝယ်စင်တာဖြစ်သည်။ ၂၀၂၁ ခုနှစ်က စစ်ကောင်စီအာဏာသိမ်းစဉ် ဆန္ဒပြသူများကို ပလာဇာမှ ဝန်ထမ်းအချို့က ဖမ်းဆီးပြီး ရဲလက်အပ်ခဲ့၍ လူထုက ထိုစင်တာသို့မသွားဘဲသပိတ်မှောက်ခဲ့သည်။ သို့သော် ၂၀၂၂ ခုနှစ်မှ၍ ဈေးဝယ်သူများပြန်လည်စည်ကားခဲ့သည်။ ယခု လူသတ်မှုနှင့်ပတ်သက်၍ မြန်မာပလာဇာဘက်ကသတင်းမထုတ်ပြန်သေးပေ။ စစ်တပ်အာဏာသိမ်းမှုဂယက်ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊စီးပွားရေးလုပ်ငန်းများ ရပ်တန့်သွားခြင်း၊…