Category: News
-

-

-

ငလျင်ဘေးသင့် ဒေသများတွင်လည်း မိုးထစ်ချုန်းရွာနိုင်ဖွယ်ရှိ
“ငလျင်ဘေးသင့် ဒေသများတွင်လည်း မိုးထစ်ချုန်းရွာနိုင်ဖွယ်ရှိ” ဧပြီလ ၄ ရက်မှ ၆ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ဧပြီလ ၆ ရက်တွင် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမိုးရွာနိုင်ကြောင်း MOHADM-NUG ၏ မိုးလေဝသဌာနက ခန့်မှန်းဖော်ပြထားသည်။
-

နေပြည်တော် စစ်ဘက်အဆောက်အဦများ ပြိုကျမှု သတင်းအမှောင်ချထား
ငလျင်ကြောင့် နေပြည်တော် စစ်ရုံးချုပ်အပါအဝင် အမှတ် ၈ အဆောင်၊ ခလရ ၈၅၊ ခမရ ၃၀၂၊ အမှတ် ၃ စစ်ကြောရေးနှင့် တည်းခိုရေး (ရွာတော်)နှင့် သဲဖြူအခြေစိုက် စရခ ၆ တပ်တို့၌ ပြိုကျပျက်စီးမှုများရှိခဲ့ပြီး စစ်သည် မိသားစု ၁၀၀ခန့် သေဆုံးသော်လည်း သတင်းအမှောင်ချထားကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။ “နေပြည်တော် တပ်နယ်တခုလုံးဆိုရင် စစ်သည်၊ မိသားစု ၁၀၀ ဝန်းကျင်လောက် သေဆုံး တယ်။ ခလရ ၈၅၊ ခမရ ၃၀၂ သေဆုံးမှုတွေရှိတယ်။ ပျက်စီးမှုလည်း အများဆုံးပဲ။ စစ်ရုံးထဲမှာတင် ပျက်စီးဆုံးရှုံးမှုက ၅၀ ရာခိုင်နှုန်း လို့ မှန်းပါတယ်။ စစ်ရုံးထဲတော့ ဓာတ်ပုံမှတ်တမ်းရဖို့တော့ ကြိုးစားနေတုန်းပဲ။ ဝင်ဖို့ တော်တော်ခက်တယ်။…
-
