Category: News
-

ICJ တရားရုံးနှင့်ဂမ်ဘီယာနိုင်ငံကို ကန့်ကွက်ပွဲကို ကိုကိုလှိုင်နှင့်အဖွဲ့ ထောက်ခံပွဲအဖြစ် အမည် ပြောင်းလဲ ခွင့်ပြု
ရန်ကုန်တွင် ICJ တရားရုံးနှင့်ဂမ်ဘီယာနိုင်ငံကို ကန့်ကွက်ပွဲကို ကိုကိုလှိုင်နှင့်အဖွဲ့ ထောက်ခံပွဲအဖြစ် အမည် ပြောင်းလဲ ခွင့်ပြုလိုက်ပြီး ဝင်းကိုကိုလတ်နှင့်သုစိတ္တတို့ ဦးဆောင်မည် ရန်ကုန်တွင် ICJ တရားရုံးနှင့်ဂမ်ဘီယာနိုင်ငံကို ကန့်ကွက်ပွဲကို ကိုကိုလှိုင်နှင့်အဖွဲ့ ထောက်ခံပွဲအဖြစ် အမည် ပြောင်းလဲ ပြုလုပ်ခွင့်ပြုလိုက်ပြီး ဝင်းကိုကိုလတ်နှင့်သုစိတ္တတို့ ဦးဆောင်မည်ဖြစ်ကြောင်း စစ်တပ်လော်ဘီချန်နယ်များ၏ ထုတ်ပြန်ချက်နှင့် အမျိုးသားရေးအသိုင်းအ၀ိုင်း၏ ပြောဆိုချက်အရ သိရှိရသည်။ မူလက ရန်ကုန်နှင့် မန္တလေးတို့တွင် ဇန်နဝါရီလ ၂၇ ရက်နေ့ တစ်ပြိုင်နက်တည်း ICJ တရား ရုံးနှင့် ဂမ်ဘီယာနိုင်ငံကန့်ကွက်ပွဲအဖြစ် ကျင်းပပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း မန္တလေးပွဲကို စစ်တပ်က ခွင့်မပြုခဲ့ကြောင်း၊ မန္တလေးတွင် ကန့်ကွက်ပွဲပြုလုပ်မည့်သူများကို ပွဲနာမည် ပြောင်းလဲကျင်းပရန် စစ်ကော်မရှင်က ညှိနှိုင်းခဲ့သော်လည်း မန္တလေးမှ မဘသနှင့်အမျိုးသားရေးအဖွဲ့များက ပွဲကို ဖျက်သိမ်းလိုက်ကြောင်း သိရှိရသည်။ ရန်ကုန်တွင်…
-

အမျိုးသမီးငယ်များကို အနိုင်ကျင့် ကာမလိမ်လည်တဲ့ ဓာတ်ပုံတွေ အွန်လိုင်းပေါ် ပြန့်နှံလာ
မြိတ်ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးစု ရဲအုပ် အောင်အောင် အပါ၀င် တစ်ရုံးလုံး စစ်ဆေးခံနေရပြီး အမျိုးသမီးငယ်များကို အနိုင်ကျင့် ကာမလိမ်လည်တဲ့ ဓာတ်ပုံတွေ အွန်လိုင်းပေါ် ပြန့်နှံလာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ အမှတ် (၇၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး (မြိတ်) မှ ရဲအုပ် အောင်အောင် အပါအဝင် တပ်ဖွဲ့ဝင်များအားလုံးကို လက်ရှိတွင် အထက်အာဏာပိုင်များက ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သက်ဆိုင်ရာ ရဲဝန်ထမ်းအချို့ထံမှ သိရသည်။ အဆိုပါ စစ်ဆေးမှုများသည် ရဲအုပ် အောင်အောင်နှင့် ဆက်စပ်၍ ငွေကြေးကိစ္စများ၊ အမျိုးသမီးရေးရာ ကိစ္စများနှင့် ပတ်သက်သော သတင်းများ Myeik Now နှင့် Khit Thit သတင်းဌာနများတွင် ဖော်ပြလာပြီးနောက် ခေါ်ယူစစ်ဆေးခံနေရခြင်းဖြစ်သည်ဟု သိရ သည်။ ထိုသတင်းများနှင့် အတူ အမျိုးသမီးများနှင့် ဆက်စပ်နေသည်ဟု…
-

အမေရိကန်ထံ နျူကလီးယားလျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ တရုတ် ထိပ်တန်း ဗိုလ်ချုပ်ကြီး စစ်ဆေး ခံနေရ
တရုတ် ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးဟာ တိုင်းပြည်ရဲ့ နျူကလီးယား လက်နက်အစီအစဉ်ကို အမေရိကန်နိုင်ငံထံ လျှို့ဝှက်အချက်အလက်တွေ ပေးပို့ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။ အသက် ၇၅ နှစ်အရွယ် ဗိုလ်ချုပ်ကြီး ကျောင်ယုကျားဟာ စစ်အရာရှိတစ်ဦးကို ကာကွယ်ရေး ဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်ပေးရာမှာ လာဘ်ယူမှု ပြုလုပ်ခဲ့လို့ စုံစမ်းစစ်ဆေးခံနေရပါတယ်။ ဗိုလ်ချုပ်ကြီး ကျောင်ယုကျားဟာ တရုတ်နိုင်ငံရဲ့ နျူကလီးယား လက်နက်ဆိုင်ရာ နည်းပညာ အ ချက်အလက်တွေကို အမေရိကန်နိုင်ငံထံ ပေါက်ကြားစေခဲ့ပြီး အာဏာအလွဲသုံးစားမှုကြောင့် စစ်ဆေးခံ နေရပါတယ်။ သမ္မတ ရှီကျင့်ဖျင်ရဲ့ တစ်ချိန်ကမဟာမိတ်နဲ့ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ကျောင်ယုကျား ကို စစ်ဆေးမေးမြန်းနေတယ်လို့ တရုတ်အစိုးရက ကြေညာခဲ့ပါတယ်။ စစ်လက်နက်တွေ သုတေသနပြုမှု၊ ထုတ်လုပ်မှုနဲ့ ဝယ်ယူမှုအတွက် တာဝန်ရှိတဲ့ အဖွဲ့အစည်း တစ်ခုအပေါ် ဗိုလ်ချုပ်ကြီး ကျောင်ယုကျားရဲ့ အာဏာအလွဲသုံးစားမှုကို တာဝန်ရှိသူတွေက…
-

ကပစ ၂၂ အနီး စစ်တပ်၏ စက်တပ်လေထီး ၁ စီး စက်ချို့ယွင်းပြီး ပျက်ကျ
ဆိပ်ဖြူမြို့နယ် ကပစ ၂၂ အနီး စစ်တပ်၏ စက်တပ်လေထီး ၁ စီး စက်ချို့ယွင်းပြီး ပျက်ကျ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ကပစ ၂၂ အနီး အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၁ စီး စက်ချို့ယွင်းပြီး ပျက်ကျခဲ့ကြောင်း ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF မှ ကိုကျားဇိုးက ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၂ ကာကွယ် ရေးပစ္စည်းစက်ရုံ (ကပစ- ၂၂) မှ တက်လာသော စက်တပ်လေထီး ၁ စီးသည် ကပစ ၂၂ အနီးရှိ မုန်တိုင်ချောင်း စစ်တပ်ဂိတ်အနီးတွင်…
-

သရက်ထောင်မှာ ရွေးကောက်ပွဲဆန့်ကျင်တဲ့အနေနဲ့ အသံတိတ်သပိတ်မှောက်
မကွေးတိုင်း၊ သရက်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေစုပေါင်းပြီး စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ထောင်တွင်း အသံတိတ်သပိတ်မှောက်ခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူထံကနေ သိရပါတယ်။ ဇန်နဝါရီ ၂၄ ရက်နေ့နဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပတဲ့ ဇန်နဝါရီ ၂၅ ရက်နေ့တို့မှာ အသံတိတ်သပိတ်ကို နှစ်ရက်တာပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ “၂၄ ရက်နဲ့ ၂၅ ရက် နှစ်ရက်။ အဆောင်တစ်ဆောင်စာ လုပ်ကြတယ်။ အားလုံးတော့မဟုတ်ဘူး” လို့ သရက်ထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ အသံတိတ်သပိတ်မှောက်မှုရဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ စုံစမ်းဆဲဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ အပိုင်း ၃ ကို တိုင်းနဲ့ ပြည်နယ်အသီးသီးက မြို့နယ် ၆၀ လောက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲအပိုင်း ၃…