Category: News
-

“ကျွန်တော့်သမီးလေးကို ကူညီပါအကိုရယ်”…တဲ့😢
ကလေးမလေးက. ၆.နှစ် မွေးရာပါ မိန်းမကိုယ်အပေါက်အပိတ်နဲ့ ဆီးသွားလို့ပဲရတယ် … ငယ်တုန်းမှာ ပြဿနာမရှိပေမယ့် အပျိုဖော်ဝင်ချိန်မှာ ဓမ္မရာသီပန်းပွင့်ချိန် ကလေးမလေးအတွက် သိပ်စိုးရိမ်ရတယ်…ကျွန်တော်ကိုယ်တိုင်ကလည်း ခုမှပရဟိတ လူမှု့အကျိုးပြုလေးတွေ စလုပ်ခါစဆိုတော့ ဘယ်လိုလုပ်ရမယ် ဘယ်သွားရမယ်ဆိုတာ အဆက်အသွယ်တွေပြတ်ခဲ့တော့ ဘာမှမလုပ်တတ်ဘူးဖြစ်နေတယ်…. ဒီနွမ်းပါးကလေးငယ်ရဲ့ ဒုက္ခလေးကို နားလည်တဲ့သူ သွားရမယ့်ဆေးခန်း ဆေးရုံ ကုန်ကျငွေလေးတွေ ပြောပေးကြပါအုံးခင်မျာ…။ သူများအိမ်အောက်ထပ်လေးမှာ ငှားနေနေရပီး အလုပ်ကအဆင်မပြေတော့ စားရရုံသာအဆင်ပြေပီး ကလေးအတွက် ဆေးကုသစရိတ် မတတ်နိုင်လို့ နေနေခဲ့တာ ၆နှစ်လုံးလုံးပါပဲတဲ့….. ကလေးကို မုန့်ဖိုးလေး ၂၀၀၀၀ နှစ်သောင်းကျပ် ပေးတော့ ကလေးလေးက ကျေးဇူးတင်ပါတယ် ဘဘဆိုပီး ကန်တော့ရှာတယ်… ဖအေလုပ်သူက ငိုပါလေရော…..သူ့သမီးလေး အဆင်ပြေဖို့ ဆုတောင်းပေးကြရအောင်ဗျာ..။ ခိုနားရိပ် Ph:09429108513
-

အလွန့်အလွန် အားကောင်းတဲ့ စူပါအအေးလှိုင်းကြီး လာပြီ 🚨
နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်တောင်ပိုင်း၊ ကယားပြည်၊ ရခိုင်ပြည်နဲ့ ကရင်ပြည် အထက်ပိုင်းဒေသများက မိတ်ဆွေတို့ရေ။ စေတနာရှေ့ထားပြီး အချိန်နဲ့တပြေးညီ တင်ပေးလိုက်ပါတယ်။ ဒီည ဖေဖော်ဝါရီ ၁၆ရက် ညပိုင်းနဲ့ မနက်ဖြန် ၁၇ ရက်မနက်ပိုင်းမှာ အလွန့်အလွန် အားကောင်းတဲ့ စူပါအအေးလှိုင်းကြီး ဖြတ်သန်းပါမယ်။ 🥶 ရိုးရိုးအအေးလှိုင်း အဆင့်ကနေ ရုတ်တရက် စူပါအအေးလှိုင်းကြီးအဖြစ်သို့ ဒီညမှာ ကူးပြောင်းသွားမှာဖြစ်လို့ နီးစပ်ရာ အမြန်မျှဝေ ပြောပြလိုက်ကြပါ။ စူပါအအေးလှိုင်းကြီး အဓိကဖြတ်သန်းမယ့် ဒေသများက နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း အနောက်ပိုင်း၊ ဧရာဝတီမြောက်ပိုင်း၊ မန္တလေးတိုင်းအောက်ပိုင်း၊ ရှမ်းပြည်တောင်ပိုင်းနဲ့ ကယားပြည်နယ်တို့ပဲ ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုနဲ့ ကျန်းမာရေး မကောင်းတဲ့သူတွေကို ဒီည အထူးဂရုစိုက်ပေးကြပါနော်။ အားလုံးလဲ…
-

လှိုင်သာယာအနောက်ပိုင်းမြို့နယ်က မူလတန်းကျောင်း မီးလောင်
ရန်ကုန်မြို့ꩻ လှိုင်သာယာအနောက်ပိုင်းမြို့နယ်က အ.မ.က (၂၃) မူလတန်း စာသင်ကျောင်း ဒီကနေ့ (ဖေဖော်ဝါရီ ၁၆) နံနက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။ ဒီကနေ့ နံနက် ၁၂ နာရီ ၂၄ မိနစ်မှာ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ကုလားကြီးစုကျေးရွာ၊ တောင်တွင်းကြီးလမ်းပေါ်က အ.မ.က (၂၃) မူလတန်းစာသင်ကျောင်း မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ၁၂ နာရီ ၄၃ မိနစ်မှာ မီးငြိမ်းခဲ့ကြောင်း မီးသတ်ဌာနက သတင်းထုတ်ပြန်ပါတယ်။ “လောင်တာကတော့ မူလတန်းကျောင်း အပေါ်ထပ်အခန်းပါ။ ဝါယာရှော့ဖြစ်ပြီး လောင်တာလို့ သိရပါတယ်။ ကျောင်းပိတ်ရက်ဆိုတော့ ကလေးတွေရော၊ ဆရာ၊ ဆရာမရော တစ်ယောက်မှ မရှိကြပါဘူး။ တစ်ကျောင်းလုံးမှာ ကျောင်းစောင့်တွေပဲ ရှိကြတာပါ။ လူထိခိုက်မှုလည်း မရှိပါဘူး။ လောင်တဲ့အခန်းက မျက်နှာကြက်၊ ပြတင်းပေါက်နဲ့ စာသင်ခုံတွေတော့…
-

စိတ်မကောင်းလိုက်တာ ၂ ရက်ပဲ
အဆုတ်ပိုးဝင်တာကို “ဆေးရုံတင်စရာမလိုဘူး” ဆိုပြီး အိမ်ပြန်လွှတ်လိုက်လို့ (၂) ရက်အတွင်း အသက်ဆုံးရှုံးလိုက်ရပြီ သားလေးရေ… မေမေ့ကို ထားခဲ့တာ (၁) လတောင် ပြည့်တော့မယ်နော်။ သားပေးခဲ့တဲ့ ကြက်သွန်ပေါင်းလေးကို မေမေ မစားရက်ဘဲ ဒီအတိုင်း သိမ်းထားတုန်းပဲ။ သားပုံရိပ်တွေ မြင်ယောင်ပြီး လွမ်းနေရတုန်းပဲ။ တကယ်တော့ သားလေးရဲ့ အသက်ကို နှုတ်ယူသွားတာ ရောဂါတစ်ခုတည်း မဟုတ်ပါဘူး။ “ပေါ့ဆမှု” ပါ ပါတယ်။ အဆုတ်ပိုးဝင်နေတဲ့ လူနာကို ဆေးရုံတင်ဖို့ မေးပါလျက်နဲ့ “ဆေးရုံတင်စရာ မလိုဘူး၊ အိမ်မှာပဲ ကုလို့ရတယ်” ဆိုတဲ့ ဆရာဝန်ရဲ့ စကားကြောင့်… အိမ်မှာ (၂) ရက်ပဲ နေလိုက်ရပြီး “မောတယ်” ဆိုကာ သားလေး အသက်ထွက်ခဲ့ရတာပါ။ အဲဒီ စကားတစ်ခွန်းသာ မယုံခဲ့မိရင်… အခုချိန် သားလေး…
-

ဗန်းမတ်ရွာသစ်ကို မီးရှို့ခဲ့သည့် PNO ဗိုလ်ကြီး စနိုက်ပါထိ သေဆုံး
မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ ဗန်းမတ်ရွာသစ် (စစ်ဘေးရှောင်ရွာ) ကို မီးရှို့ခဲ့သည့် PNO ပြည်သူ့စစ် ဗိုလ်ကြီးတဦး တိုက်ပွဲအတွင်း စနိုက်ပါဖြင့် အပစ်ခံရပြီး သေဆုံးသွားသည်ဟု သတင်းရင်း မြစ်များထံမှ သိရသည်။ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်မှ ဗိုလ်ကြီးခွန်မောင်ကွိ (ခ) လရောင် ဆိုသူသည် ဖေဖော်ဝါရီ ၁၄ ရက်တွင် စနိုက်ပါထိပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “PNO လူကြီးတွေရဲ့အမိန့်အရ ၁၃ ရက်ညမှာ ပွန်ချောင်းအရှေ့ဘက်ကို ကူးပြီး ဗန်းမတ်ရွာသစ်ကို မီးရှို့တာ။ နောက်ရက် မနက်ရောက်တော့ စနိုက်ပါထိပြီး သေသွားတာလို့ပြောတယ်ဗျ၊”ဟု ခွန်မောင်ကွိနှင့် တစ်ရွာတည်းနေ သတင်းရင်း မြစ်တစ်ဦးက ပြောသည်။ ၎င်း၏ နာရေးကို ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြုလုပ်သွားမည်ဟုလည်း ခွန်မောင်ကွိနှင့်နီးစပ်သူတစ်ဦးက ပြောသည်။…