Category: News

  • ဖူးခက်မှာ တရွာလုံးအိပ်မရအောင် ညလုံးပေါက် အော်ဟစ် လိင်ဆက်ဆံသည့် နိုင်ငံခြားသားစုံတွဲ အတိုင်ခံရ

    ဖူးခက်မှာ တရွာလုံးအိပ်မရအောင် ညလုံးပေါက် အော်ဟစ် လိင်ဆက်ဆံသည့် နိုင်ငံခြားသားစုံတွဲ အတိုင်ခံရ

    ​ဖူးခက် (Phuket) ဒေသခံများသည် ညဉ့်နက်ပိုင်းတွင် အသံကျယ်လောင်စွာ လိင်ဆက်ဆံလေ့ရှိသည့် ၎င်းတို့၏ နိုင်ငံခြားသား အိမ်နီးချင်း စုံတွဲတစ်တွဲအား ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံ တိုင်ကြားခဲ့ကြောင်း သိရသည်။ ​ဒေသခံများ၏ တိုင်ကြားချက်အရ အဆိုပါ စုံတွဲသည် ည ၁၀ နာရီမှ မနက် ၄ နာရီအထိ ညတိုင်း ကျယ်လောင်သည့် ညည်းညူသံများ ပြုလုပ်လေ့ရှိပြီး ယင်းကဲ့သို့ ဆူညံသံများကြောင့် အနီးအနားတွင် နေထိုင်သူများမှာ အိပ်စက်ရာတွင် အနှောင့်အယှက် ဖြစ်ခဲ့ရသည်ဟု ဆိုသည်။ ​ထို့ကြောင့် မနေ့က ဒေသဆိုင်ရာ အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများသည် အဆိုပါ ရွာသို့ သွားရောက် စစ်ဆေးခဲ့ရာတွင် အသက်လတ်ပိုင်း နိုင်ငံခြားသား အမျိုးသားတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ ​၎င်းအမျိုးသားသည် ဆူညံသံတိုင်ကြားချက် မှန်ကန်ကြောင်း ဝန်ခံခဲ့ပြီး ယခင်ကလည်း ရဲတပ်ဖွဲ့၏…

  • စစ်ကိုင်းတိုင်းထိ ခြေဆန့်ထားသည့် AA စစ်ရေးအရွှေ့

    စစ်ကိုင်းတိုင်းထိ ခြေဆန့်ထားသည့် AA စစ်ရေးအရွှေ့

    အာရက္ခတပ်တော် (AA) သည် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်အနှံ့ ဒေသတိုင်းတွင် တပ်အင်အား ဖြန့်ကျက်ထားပြီး မဟာမိတ်တပ်များနှင့် မြေ‌ပြင်စစ်ဆင်ရေး ဆင်နွှဲနေသည်။ ပြီခဲ့သည့် ရက်ပိုင်းကလည် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီ၏ တပ်စခန်း ၄ ခုကို NUG လက်အောက်ခံ ဒေသကာကွယ်ရေးတပ် PDF နှင့် ပူးပေါင်းပြီး သိမ်းပိုက်လိုက်သည်။ ထိုသို့ စစ်ကိုင်းတိုင်းတွင် NUG၊ AA နှင့် နွေဦး ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းပြီး တိုက်ပွဲဝင်နေခြင်းသည် မြန်မာ့တော်လှန်ရေးအရွေ့ကို မြန်ဆန်စေသည်ဟု စစ်ရေး၊ နိုင်ငံရေး အကဲခတ်များက ပြောဆိုကြသည်။ “ကန့်ဘလူ ခရိုင်အတွင်းမှာ ဒီအောင်ပွဲအရွေ့က စိတ်ဓာတ် တက်ကြွတက်စေတာ တွေ့ရတယ်။ ERO အဖွဲ့တွေနဲ့ ပူးပေါင်းပြီး တိုက်မယ်ဆိုရင် ရက်ပေါင်း ၆၀ အတွင်း ဒီလောက်ရရင်…

  • အမျိုးသမီးတဦးသေဆုံးတဲ့အထိ အက်ဆစ်နဲ့ပက်ခဲ့သူကို သေဒဏ်ချမှတ်

    အမျိုးသမီးတဦးသေဆုံးတဲ့အထိ အက်ဆစ်နဲ့ပက်ခဲ့သူကို သေဒဏ်ချမှတ်

    ပဲခူးတိုင်း၊ တောင်ငူမြို့မှာ အမျိုးသမီးတဦးကို သေဆုံးအောင် အက်ဆစ်နဲ့ပက်ခဲ့သူကို တောင်ငူ တရားရုံးက သေဒဏ်အမိန့်ချခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇွန် ၃၀ ရက်မှာ အသက် ၆၀ ကျော်အရွယ် အောင်ဆွေလတ် (ခ) အီစာဆိုသူကို တောင်ငူခရိုင် တရားရုံးကနေ ရာဇသတ်ကြီးပုဒ်မ-၃၀၂(၁)(ခ)အရ မသေမချင်းလည်ပင်းကြိုးကွင်းစွပ်သတ်စေရန် သေဒဏ်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။ “အမိန်ချလိုက်တယ်လို့တော့ သိရတယ်။ ဖြစ်တုန်းကတော့ လမ်းပေါ်မှာဘဲ။ လူမှုရေးကိစ္စကြောင့်လို့ သိရတယ်။ အက်ဆစ်များပြီးတော့သေသွားတာ။ “လို့ ဒေသခံတဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်ညပိုင်းမှာ အမှတ် ၁၉ ရပ်ကွက် ညောင်ပင်စျေးနားမှာ တောင်ငူမြို့၊ (၁၂)ရပ်ကွက်၊ ဘုရားလမ်းမှာ နေထိုင်တဲ့ ဒေါ်အေးမြစန္ဒာမြင့်ကို အမှတ် (၄)ရပ်ကွက်၊ ဦးပန်းဖြူလမ်းနေ အောင်ဆွေလတ် (ခ) အီစာဆိုသူက…

  • စစ်အာဏာသိမ်းမှု ၅ နှစ်အတွင်း ကျပ်ငွေတန်ဖိုး ၈၀ ရာခိုင်နှုန်းကျဆင်း

    စစ်အာဏာသိမ်းမှု ၅ နှစ်အတွင်း ကျပ်ငွေတန်ဖိုး ၈၀ ရာခိုင်နှုန်းကျဆင်း

    စစ်အာဏာသိမ်းမှု ၅ နှစ်အတွင်း ကျပ်ငွေတန်ဖိုး ၈၀ ရာခိုင်နှုန်းကျဆင်းပြီး စီးပွားရေးကပ်ဘေးသင့်ကာ ကမ္ဘာ့အပယ်ခံနိုင်ငံအဖြစ် မြန်မာနိုင်ငံရောက်ရှိဟု ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေး ပါမောက္ခရှောင်တာနယ်ပြောဆို မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုမှစ၍ ၅ နှစ်တာကာလအတွင်း မြန်မာ ကျပ်ငွေတန်ဖိုး ၈၀ ရာခိုင်နှုန်းထိ ထိုးကျသွားခဲ့ပြီး စီးပွားရေးတစ်ခုလုံး ကပ်ဘေးသင့်ကာ ကမ္ဘာ့အပယ်ခံနိုင်ငံအဖြစ်သို့​ ရောက်ရှိသွားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အထူးအကြံပေး ပါမောက္ခ ရှောင်တာနယ် (Sean Turnell) က ပြောဆိုသည်။ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့က သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ The Sydney Institute တွင် ကျင်းပပြုလုပ်သော “၂၀၂၆…

  • ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသော အင်အား ၁၀၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို AIF အမျိုးသမီး ဒရုန်းတပ်ဖွဲ့က အသေခံဒရုန်းများဖြင့် အကြိမ်ကြိမ် လိုက်လံ တိုက်ခိုက် (ရုပ်/သံ)

    ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသော အင်အား ၁၀၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို AIF အမျိုးသမီး ဒရုန်းတပ်ဖွဲ့က အသေခံဒရုန်းများဖြင့် အကြိမ်ကြိမ် လိုက်လံ တိုက်ခိုက် (ရုပ်/သံ)

    ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာသော အင်အား ၁၀၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို AIF အမျိုးသမီး ဒရုန်းတပ်ဖွဲ့က အသေခံဒရုန်းများဖြင့် အကြိမ်ကြိမ် လိုက်လံ တိုက် ခိုက်ခဲ့ကြောင်း AIF Myanmar က ပြောဆိုသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလပိုင်းမှ စတင်ပြီး ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသော အင်အား ၁၀၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို ဒရုန်း စစ်ဆင်ရေးအဖြစ် AIF Myanmar ၏ အမျိုးသမီးတပ်ဖွဲ့ဖြစ်သော WITCH အဖွဲ့က ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ စစ်တပ် ဘန်ကာများကို အသေခံဒရုန်းများဖြင့် တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်အထိ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်သည် ဖလမ်းမြို့ အနီး…