Category: News
-

ရှမ်းနှင့် နယ်စပ်တွင် တရုတ် ခြံစည်းရိုး ကျူးကျော် ထပ်ခတ်နေမှု စစ်ကောင်စီ နှုတ်ဆိတ်နေ (ရုပ်သံ)
ရှမ်းပြည်တွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်သို့ ထပ်မံ ကျူးကျော်ကာ နယ်စပ်ခြံစည်းရိုး တိုးချဲ့ခတ်နေသော်လည်း စစ်ကောင်စီက မည်သည့် ကန့်ကွက်မှုမှ မပြုလုပ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ မူဆယ်တစ်ဖက်ကမ်းရှိ တရုတ်နိုင်ငံ ရွှေလီမြို့နယ်မှ မန်စီမြို့နယ်အထိ တရုတ်က နယ်စပ်ခြံစည်းရိုးအသစ် ထပ်မံခတ်နေရာ ခြံစည်းရိုး အသစ်များသည် မြန်မာဘက်သို့ ပေ ၅၀ ထက်မနည်း ကျူးကျော် ခတ်ထားခြင်း ဖြစ်သည်ဟု မူဆယ်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “ရွှေလီကနေ မန်စီမြို့နယ်အထိ ခြံစည်းရိုးက ၂၀၂၀တုန်းက ကာထားတာထက် အခုအသစ်ကာထားတာက တချို့ နေရာမှာဆိုရင် ကိုက် ၁၀၀ လောက်ကို မြန်မာဘက်ကို တိုးချဲ့ပြီးကာထားတယ်။ အရင် ခြံစည်းရိုး အဟောင်းက ရှမ်းတရုတ်ရွာတွေနဲ့ ကပ်နေတာကို အခုက မြန်မာဘက်ကို အကျယ်ကြီး တိုးချဲ့ပြီး ကာလိုက်တယ်။…
-

ရဟန်းသာမဏေ၊ သီလရှင်တွေ လူမှုကွန်ရက်သုံးတာကို ဓမ္မစက်၊ အာဏာစက်နဲ့ထိန်းဖို့ ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ မိန့်ကြား
ရဟန်းသာမဏေတွေနဲ့ သီလရှင်တွေ တစ်တော့နဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွေမှာ သမဏသာရုပ္ပမဖြစ်သော အပြုအမူတွေ (ရဟန်းတို့ ဂုဏ်သိက္ခာ၊ ဝိနည်း၊ ကိုယ်ကျင့်တရားတို့နဲ့ မလျော်ညီတဲ့ ပြောဆိုပြုမူမှု) လွှင့်တင်ဆောင်ရွက်နေတာတွေကို ဓမ္မစက်၊ အာဏာစက်နဲ့ ထိန်းသိမ်းစောင့်ရှောက်ရမယ်လို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ (အဘိဓဇ မဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇ) ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက မိန့်ကြားလိုက်ပါတယ်။ ဓမ္မဝိနယနဲ့ မလျော်ညီဘဲ ဟောပြောနေခြင်းအပြင် သာသနာ့ဘောင်အပြင်ကသူတွေရဲ့ သာသနာတော်ရဲ့ ဂုဏ်ရှိန်ကို ညှိုးမှိန်စေတဲ့ ပြောဆိုပြုမူနေတာတွေကိုလည်း မကြာခဏတွေ့မြင်နေရတာတွေက သာသနာတော် ဂုဏ်ရှိန် ညှိုးမှိန်စေပြီး သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် တာဝန်ဝတ္တရားများ ကျေပွန်နိုင်ရေးအတွက် စိန်ခေါ်မှုတစ်ရပ်လိုဖြစ်နေတယ်လို့ ဆရာတော်ကြီးက ဆက်မိန့်ပါတယ်။ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေမှာ မနေ့ ဖေဖော်ဝါရီ ၁၉ ရက်က ကျင်းပခဲ့တဲ့ နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့…
-

မြန်မာမှာ အီးစီးကရက် ပိတ်ပြီ
ဆေးလိပ်ဖြတ်စက်လို့ လူသိများကြတဲ့ အီးစီးကရက်၊ Vape တွေကို တွေ တင်သွင်း၊ တင်ပို့တာ၊ ရောင်းချတာ၊ လက်ဝယ်ထားရှိတာနဲ့ သိုလှောင်ဖြန့်ဖြူးတာအပြင် သုံးစွဲတာတွေကို ဖေဖော်ဝါရီ ၁၈ ရက်ကစပြီး တားမြစ်ပိတ်ပင်လိုက်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပါတယ်။ ဒါ့အပြင် အီးစီးကရက်နဲ့ ဆက်စပ်ပစ္စည်းတွေအပြင် အီလက်ထရောနစ် ရှီရှား(ရေပြောင်း)တွေကိုလည်း တားမြစ်ကုန်စည်အဖြစ်သတ်မှတ်ပြီး တင်သွင်းတာကိုလည်း တားမြစ်ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။ အီးစီးကရက်ဟာ ဆေးလိပ်ကြီးနဲ့ ဆေးရွက်ကြီးမှာပါတဲ့ နီကိုတင်း၊ နီကယ်၊ သံဖြူ၊ ခဲ စတဲ့ အန္တရာယ်ရှိတဲ့ သတ္တုဓာတ်တွေအပြင် ကင်ဆာဖြစ်စေနိုင်တဲ့ဓါတ်ပစ္စည်းတွေနဲ့ ဒိုင်အက်ဆီတိုင်းလို ရနံ့ကို ပေးတဲ့ပစ္စည်းတွေပါဝင်လို့ ကျန်းမာရေးကိုထိခိုက်စေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြထားကြပါတယ်။ အီးစီးကရက်ကို ကမ္ဘာမှာ အနည်းဆုံး ကလေးငယ် ၁၅ သန်း အပါအဝင် လူ သန်း ၁၀၀…
-

ဗိုလ်နဂါး စစ်အုပ်စုနဲ့ ပူးပေါင်းတဲ့ ကိစ္စ ပုလဲ ပအဖ တာဝန်ခံ ကိုဇော်ထက် ပြောဆိုချက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း အခြေပြုလှုပ်ရှားနေတဲ့ ဗိုလ်နဂါး ဆိုသူ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီမို့ ဒေသခံပြည်သူနဲ့ တော်လှန်ရေး အင်အားစုတွေ လေကြောင်း အန္တရာယ်ကို အထူးဂရုပြုကြဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ တာဝန်ခံ ကိုဇော်ထက် က ပြောပါတယ်။ တော်လှန်ရေးသမား အမည်ခံ နဂါး ခေါ် တီကောင် ဆိုသူဟာ ယခင်ကတည်းက မူမမှန်ဘဲ စစ်အုပ်စုနဲ့ ပူးပေါင်းတဲ့ကိစ္စအပေါ် ကိုဇော်ထက်က ပြောပါတယ်။ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် – BNRA ခေါင်းဆောင် ဗိုလ်နဂါး ဟာ ဖေဖေါ်ဝါရီ ၁၈ ရက် ညနေပိုင်းမှာ အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ချ အလင်းဝင်တယ်လို့ စစ်အုပ်စုက…
-

ကျောင်းသားတွေဆီက ဖုန်းသိမ်းပြီး ပြန်မပေးဘဲ နှစ်ကျပ်ကွက်နင်းနေတဲ့ ကျောင်းအုပ်ကြီးနဲ့ မြတ်ဆရာအဖွဲ့
တောင်ကြီး အထက (၁) မှာ ဖေဖော်ဝါရီ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ စုံညီပွဲတော်အတွင်း တာဝန်ကျ ဆရာမများက ကျောင်းသားတွေရဲ့ လွယ်အိတ်တွေကို စစ်ဆေးပြီး ပါလာတဲ့ ဖုန်းတွေကို သိမ်းယူခဲ့ပါတယ်။ စာမေးပွဲအတွင်းမှာ စာကို အာရုံစိုက်စေဖို့ အကြောင်းပြချက်နဲ့ သိမ်းခဲ့ပေမယ့်လည်း ယခု စာမေးပွဲ ပြီးဆုံးချိန်မှာ ပြန်မပေးသေးဘူးလို့ သိရပါတယ်။ ဖုန်းတွေ သိမ်းဆည်းထားတာ ၂ ပတ်ကျော် ကြာနေပြီး မိဘတွေက ပြန်တောင်းရာမှာလည်း ကျောင်းအုပ်ဆရာကြီး မအားဘူးလို့သာ ပြန်ပြောခဲ့တယ်လို့ သိရပါတယ်။ “စာမေးပွဲ မဖြေခင်မှာ ဖုန်းတွေ သိမ်းတာကို လက်ခံတယ်။ အခုဟာက ကျောင်းတောင် ပိတ်သွားပြီလေ။ ပြန်ပေးဖို့ သွားတောင်းရင်လည်း ဝေ့လည်ကြောင်ပတ်နဲ့။ အခုခေတ် ဖုန်းတလုံး တန်ဖိုးလည်း နည်းတာ မဟုတ်ဘူး။” လို့…