Category: News

  • နေပြည်တော်၌ မိန်းမဖြစ်သူကို ခေါင်းဖြတ်သတ်သည့် အမျိုးသားကို ဖမ်းမိ

    နေပြည်တော်၌ မိန်းမဖြစ်သူကို ခေါင်းဖြတ်သတ်သည့် အမျိုးသားကို ဖမ်းမိ

    နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာမှာ လင်မယားချင်စကားများရန်ဖြစ်ရာကနေ မိန်းမဖြစ်သူကို ခေါင်းဖြတ်သတ်ခဲ့တဲ့ အမျိုးသားကို ဖေဖော်ဝါရီ ၅ ရက် ညပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဖမ်းမိခဲ့တယ်လို့ မြိုခံတွေဆီက သိရပါတယ်။ ကျူးလွန်ပြီးနောက် ထွက်ပြေးနေတဲ့ ဦးဝင်းဇော်ဦး ကို ရဲတွေက ပိတ်ဆို့ရှာဖွေဖမ်းဆီးတာမှာ နေပြည်တော်-မြို့သစ်ကံပြားလမ်းမှာ ဖမ်းမိခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။ “လူသတ်မှုဖြစ်ကတည်းက ရဲတွေက ဥတ္တသီရိမြို့ထဲမှာ လိုက်ရှာတာမတွေ့ဘူး။ မနေ့က မင်းကုန်းရွာသားတယောက်က ကံပြားလမ်းဆုံမှာတွေ့လို့ ရဲစခန်းကိုဖုန်းဆက်လိုက်လို့ မိသွားတာ။ စခန်းမှာတော့ စစ်ဆေးနေတယ်” လို့ပြောပါတယ်။ ဖေဖော်ဝါရီ ၄ ရက် မနက်အစောပိုင်းက ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာမှာ လင်မယားချင်း စကားများရန်ဖြစ်ရာကနေ ဦးဝင်းဇော်ဦးက နေအိမ်ဘုရားခန်းရှေ့မှာအိပ်နေတဲ့ ဇနီးဖြစ်သူ ဒေါ်ပူစူးမကို ထင်းခွဲဓားမနဲ့ ခေါင်းဖြတ်သတ်ခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာ ဦးဝင်းဇော်ဦးကို ဥတ္တသီရိမြို့နယ်ရဲစခန်းက…

  • ဟင်္သာတတွင် ကျောင်းသားများအား အိမ်သာနံရံရှိ ရွှံ့စေးများကို လျှာဖြင့်လျက်ခိုင်းသည့် ဆရာမ

    ဟင်္သာတတွင် ကျောင်းသားများအား အိမ်သာနံရံရှိ ရွှံ့စေးများကို လျှာဖြင့်လျက်ခိုင်းသည့် ဆရာမ

    ဟင်္သာတမြို့ အလက လက်ပံစု (​နောက်) ကျောင်းမှာ အလယ်တန်းပြဆရာမက ကျောင်းအိမ်သာနံရံမှာ ပေကျံနေတဲ့ ရွှံ့စေးတွေကို ကျောင်းသားတွေကို လျှာနဲ့လျက်ခိုင်းခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိတဲ့အဖွဲ့က စစ်ဆေးနေ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ အင်္ဂရမ်းအုပ်စု၊ အလက လက်ပံစု (​နောက်) ကျောင်းမှာ အလယ်တန်းပြဆရာမက ကျောင်းအိမ်သာနံရံမှာ ပေကျံနေတဲ့ ရွှံ့စေးတွေကို ကျောင်းသားတွေကို လျှာနဲ့လျက်ခိုင်းခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိတဲ့အဖွဲ့က စစ်ဆေးနေတယ်လို့ ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။ ဇန်နဝါရီ ၃၀ ရက်က အလက လက်ပံစု(နောက်) စာသင်ကျောင်းရဲ့ ကျောင်းသားအိမ်သာနံရံမှာ ပေကျံနေတဲ့ ရွှံ့စေးတွေကို အလယ်တန်းပြဆရာမဖြစ်တဲ့ ဒေါ်မြမြသွယ်က တွေ့ရှိသွားပြီး ရွှံ့ပေအောင်လုပ်တဲ့သူ မေးမရတဲ့အတွက် ကျောင်းသားတွေကို ခေါ်ပြီး လျှာနဲ့ လျက်ခိုင်းခဲ့တာကြောင့် မိဘတွေက သိရှိပြီးနောက် စုပေါင်းတိုင်ကြားလို့…

  • ဘွဲ့ယူပြီးပြန်လာတဲ့ သားငယ်လေးရဲ့ ရင်နင့်စရာ မိဘဆီ အပြန်လမ်း

    ဘွဲ့ယူပြီးပြန်လာတဲ့ သားငယ်လေးရဲ့ ရင်နင့်စရာ မိဘဆီ အပြန်လမ်း

    “ဘွဲ့ယူပြီးမှ အိမ်ပြန်လာမယ်… အိုမင်းလာတဲ့ မိဘတွေကို ကိုယ်တိုင် ပြန်လုပ်ကျွေးတော့မယ်” ဆိုသည့် ကတိစကားသည် ယခုတော့ လေထဲမှာပင် ပျောက်ကွယ်သွားခဲ့ရပါပြီ။ ဝေးလံသော အရပ်မှနေ၍ ပညာဗဟုသုတများကို ဆည်းပူးရင်း မိဘတို့၏ အားကိုးရာဖြစ်ရန် ကြိုးစားနေသည့် မောင်လေးတစ်ယောက်၏ အိမ်အပြန်လမ်းသည် အိမ်မရောက်ခင် လမ်းခုလတ်မှာတင် ရက်စက်စွာ အဆုံးသတ်သွားခဲ့ရသည်။ နေပြည်တော် ရေဆင်းတက္ကသိုလ်တွင် ပညာသင်ကြားနေသည့် မောင်လေးသည် မိဘများနှင့် မဆုံတွေ့ရသည်မှာ (၃) နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ မိဘကို လွမ်းသော်လည်း “ပညာရေးနှောင့်နှေးမည်စိုး၍” ဟူသော စိတ်ဖြင့် အထီးကျန်စွာ ကြိုးစားနေခဲ့သူ ဖြစ်သည်။ ယခုနှစ်သည် သူ၏ ပညာသင်နှစ် နောက်ဆုံးနှစ် (Final Year) ဖြစ်သကဲ့သို့၊ အောင်မြင်မှု ပန်းတိုင်ကို လှမ်းကိုင်ရန် လက်တစ်ကမ်းအလို အချိန်လည်း ဖြစ်သည်။ မိဘလက်ထဲသို့…

  • ညဉ့်နက်မှ အိပ်ရာဝင်ခြင်းက နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုမို မြင့်မားခြင်းနှင့် ဆက်စပ်

    ညဉ့်နက်မှ အိပ်ရာဝင်ခြင်းက နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုမို မြင့်မားခြင်းနှင့် ဆက်စပ်

    ညဉ့်နက်မှ အိပ်လေ့ရှိသူများ (Night owls) သည် အထူးသဖြင့် အသက်ကြီးလာချိန်တွင် နှလုံးကျန်းမာရေးဆိုင်ရာ အန္တရာယ်များကို ပိုမိုရင်ဆိုင်ရနိုင်ပြီး၊ အမျိုးသမီးများတွင် ပိုမိုသိသာစွာ သက်ရောက်မှုရှိကြောင်း သုတေသန တွေ့ရှိသည်။ အမေရိကန် နှလုံးအဖွဲ့ချုပ်၏ Life’s Essential 8 တိုင်းတာချက်အရ ညပိုင်းတွင် ပိုမို တက်ကြွလေ့ရှိသော အလယ်အလတ်အရွယ်နှင့် သက်ကြီးပိုင်းအရွယ် လူကြီးများ အထူးသဖြင့် အမျိုးသမီးများသည် မနက်ပိုင်း သို့မဟုတ် ညနေပိုင်းကို အထူးတလည် နှစ်သက်မှု မရှိသူများနှင့် နှိုင်းယှဉ်ပါက ယေဘုယျ နှလုံးကျန်းမာရေး ပိုမို ညံ့တတ်ကြောင်း ပြသနေသည်။ UK Biobank ၏ အချက်အလက်များကို ယခု သုတေသန၌ ခွဲခြမ်းစိတ်ဖြာချက်အရ ညဉ့်နက်မှအိပ်သူများတွင် တွေ့ရလေ့ရှိသော အာဟာရ မပြည့်ဝသည့် စားသောက်မှုပုံစံ၊ အိပ်စက်မှု နည်းပါးခြင်းနှင့်…

  • မိုက်ခရိုပလတ်စတစ် အများဆုံးပါဝင်သော အစားအစာများ

    မိုက်ခရိုပလတ်စတစ် အများဆုံးပါဝင်သော အစားအစာများ

    သတင်းများကို အနည်းငယ်မျှ သတိထားကြည့်မိရုံဖြင့် မိုက်ခရိုပလတ်စတစ်များ၏ အန္တရာယ်ကို ဖော်ပြ နေသည့် သတင်းခေါင်းစဉ်များကို တွေ့မြင်ရမည်ဖြစ်သည်။ မိုက်ခရိုပလတ်စတစ်ဆိုသည်မှာ ပလတ်စတစ်ပစ္စည်းတခု ပြိုကွဲသွားပြီးနောက် ဖြစ်ပေါ်လာသော ပလတ်စတစ်အမှုန်အမွှားအပိုင်းအစကလေးများဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုခန့်က “မိုက်ခရိုပလတ်စတစ်” ဆိုသည့်စကားလုံးမှာ စိမ်းနေခဲ့သော်လည်း ယနေ့ခေတ်တွင် ကျန်းမာရေးဆိုးကျိုးကို အထူးတလည် စိုးရိမ်နေသူမဟုတ်စေကာမူ လူတိုင်းနီးပါး ပြောဆိုနေကြသည့် အကြောင်းအရာတခု ဖြစ်လာခဲ့သည်။ မိုက်ခရိုပလတ်စတစ်ဆိုသည်မှာ ယင်း၏အမည်အတိုင်းပင် အလျား ငါးမီလီမီတာအောက်ရှိသော အလွန် သေးငယ်သည့် ပလတ်စတစ်အမှုန်အမွှားများဖြစ်သည်။ ယင်းတို့သည် ပလတ်စတစ်များ သဘာဝ အတိုင်းဆွေးမြည့်ပျက်စီးနိုင်စွမ်း မရှိခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကြွင်းအကျန်များ ဖြစ်ကြသည်။ ပလတ်စတစ်များသည် သဘာဝအတိုင်း ဆွေးမြည့်မသွားဘဲ အလွန်သေးငယ်သော အမှုန်များအဖြစ်သာ အဆင့်ဆင့် ပြိုကွဲသွားကြသည်။ ထိုအမှုန်များသည် လေနှင့်ရေတို့မှတဆင့် ပတ်ဝန်းကျင်အတွင်းသို့ အမြောက်အမြား ပျံ့နှံ့ရောက်ရှိကာ ထိတွေ့သမျှအရာအားလုံးကို…