Category: News
-
နတ်ရေကန်စခန်းမှထွက်ပြေးသည့် တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ စစ်ခုံရုံး တင်စစ်ဆေးခံနေရ
AA ထိုးစစ်ကို မခုခံနိုင်ဘဲ နတ်ရေကန်စခန်းမှထွက်ပြေးသည့် တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ စစ်ခုံရုံး တင်စစ်ဆေးခံနေရ မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် လေကြောင်း ကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်းများသယ် ဆောင်ပြီး ထွက်ပြေးသည့် တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူး တို့ကို စစ်ကောင်စီက စစ်ခုံရုံးတင် စစ်ဆေးနေကြောင်း သိရသည်။ စစ်ကောင်စီ၏ နတ်ရေကန် မဆုတ်တမ်းခံစစ်မှ အမိန့်မရဘဲ ဆုတ်ခွာ ထွက်ပြေးလာသည့် ရှေ့တန်းတပ်မချုပ် ၉၉ လက် အောက်ခံ ရှေ့တန်းခမရ ၃၁၅ မိတ္ထီလာတပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်နေ့က စုံခုံဖွဲ့စစ်ဆေးနေကြောင်း သိရသည်။ “လက်နက်ကြီးတွေ AA လက်ထဲပါမှာစိုးပြီး ကားတွေနဲ့ တင်ပြေးတာ။ ဆုတ်ခွာမိန့်မရဘဲ ပြေးလို့ဆိုပြီး စုံခုံဖွဲ့ခံထားရတယ်ပြောတယ်”ဟု တပ်သတင်းရင်းမြစ်က ပြောသည်။ အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်စခန်းကို…
-

ပြည်သူ့စစ်မှုထမ်း အပါတ်စဥ် ၄ အတွက် အဓမ္မစုဆောင်းခံရသည့် ပုသိမ်မြို့နယ်မှ လူငယ်အချို့ တိုက်ပွဲတွင်သေဆုံး
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ၂၀၂၄ ခုနှစ် ဩဂုတ်လနောက်ဆုံးပတ်က ပြည့်သူစစ်မှုထမ်းအပါတ်စဥ် လေးအတွက် အတင်းအဓမ္မခေါ်ဆောင်ခြင်းခံခဲ့ရသည့်လူငယ် ငါးဦးသည် တိုက်ပွဲများတွင်သေဆုံးသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါလူငယ်များသည် စစ်မှုထမ်းရန် ကြိုတင်အကြောင်းကြားခြင်းမရှိပဲ စစ်ကောင်စီက အရပ်၀တ်များ အိမ်စီးကားများအသုံးပြုကာ ဆွဲခေါ်ဖမ်းဆီးသွားခြင်းကို ခံရသူများဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများကပြောသည်။ “ရွာကို အိမ်စီးကားအဖြူနဲ့လာပြီး ကောင်လေးက ခြံထဲမှာမြေတူးနေတာ အတင်း၀င်ဆွဲသွားတာ။ မိဘတွေက ဘာဖြစ်လို့ဖမ်းမှန်းမသိဘူး။ သုံးရက်လောက်ကြာမှ စစ်တပ်ထဲကိုအ၀တ်အစားတွေပို့ခိုင်းတယ် ၊ အဲ့ထဲကအဆက်သွယ်မရတော့တာ ခုတော့တိုက်ပွဲကျသွားပြီ” ဟု ပုသိမ်မြို့နယ် သရက်ကုန်းကျေးရွာမှ စစ်မှုထမ်းရန် အတင်းအဓမ္မ ခေါ်ဆောင်ခြင်းခံရသောလူငယ်၏ မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ လက်ရှိတွင် စစ်မှုထမ်းအပါတ်စဥ် လေးအတွက် အဓမ္မစစ်သားစုဆောင်းခံရသော ပုသိမ်မြို့ပေါ်ရှိ ရပ်ကွက်များမှလူငယ် နှစ်ဦးနှင့်ကျေးရွာများမှ လူငယ် သုံးဦး တိုက်ပွဲတွင် သေဆုံးသွားပြီဟု လာရောက်အကြောင်းကြားခဲ့ကြောင်း သိရသည်။ အဆိုပါလူငယ်များကိုသင်တန်းဆင်းပြီးနောက်…
-

စစ်ခေါင်းဆောင် အထွတ်အမြတ်ထားသည့် ဆင်ဖြူ ၁ ကောင် သေဆုံး
အမြတ်တနိုး မွေးမြူထားသည့် ဆင်ဖြူများကျန်းမာရွှင်လန်းကြောင်း သတင်း ထုတ်ပြန်လေ့ရှိသည့် စစ်ဗိုလ်ချုပ်များက ဆင်ဖြူတစ်ကောင် သေဆုံးသွားမှုကို သတင်းအမှောင်ချထားသည်။ အာဏာသိမ်း စစ်ခေါင်းဆောင် အထွတ်အမြတ်ထား မွေးမြူထားသော ဆင်ဖြူတော်များအနက် ဆင်ဖြူ တစ်ကောင် ဖေဖော်ဝါရီ ၂၂ ရက်နေ့က သေဆုံးသွားရာ အယူသည်းသောစစ်ဗိုလ်ချုပ်များက တိတ်တဆိတ်မြှုပ်နှံခဲ့ကြောင်း သိရသည်။ နေပြည်တော်၊ ဗုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိစေတီအရှေ့ဘက်မုခ်အနီး ထားရှိသော ၅၃ နှစ် အရွယ် ဆင်မကြီး ဘဒ္ဒဝတီ ထိုနေ့ နံနက် ၁၀ နာရီခန့်က လဲကျသေဆုံးခဲ့သည်ဟု ယင်းဖြစ်စဉ်ကို သိရှိသည့် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ “အသက်ကြီးလာတော့ ကျန်းမာရေးမကောင်းဘဲ သေဆုံးသွားတာပါ။ အစားစားနေရင်းနဲ့၊ ခုတော့ ဘုရားထဲက ဆင်ဖြူတွေထားတဲ့နေရာမှာပဲ တွင်းတူးပြီးတော့ မြှုပ်နှံလိုက်ပြီ” ဟု သူက ပြောသည်။ ဆင်မကြီး…
-
စစ်တပ် စက်လှေတစ်စီးကို တိုက်ခိုက်မှု စစ်သား ၈ ဦး ထက်မနည်းသေဆုံး
ထားဝယ်မြို့၊ ကြက်စားပြင်ဆိပ်ကမ်းဘောတံတားတွင် ဆိုက်ကပ်ထားသော စစ်တပ် စက်လှေတစ်စီးကို တိုက်ခိုက်မှု စစ်သား ၈ ဦး ထက်မနည်းသေဆုံးဟုဆို တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ရှိ ဆိပ်ကမ်းဘောတံတား၌ ဆိုက်ကပ်ထားသော စစ် တပ်စက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ထားဝယ် ခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ည ၈ နာရီ ၅၃ မိနစ်အချိန် ထားဝယ်မြို့ ၊ ကြက်စားပြင်ရပ်ရှိ ဆိပ်ကမ်းဘော တံတား၌ စစ်ကောင်စီတပ်သားတင်ဆောင်ကာ ကမ်းကပ်ထားသည့် လှေအား ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း၊ အထူးပြောက်ကျားတပ်ဖွဲ့မှ RPG ဖြင့် စတင်ပစ်ခတ်ပြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား…
-

စောချစ်သူ(ခ) စံမြင့်၊ တင်ဝင်းနှင့် မုတ်သုန်တို့ကို ထိုင်းအစိုးရက ဖမ်း၀ရမ်းထုတ်ရန် JFM တိုက်တွန်း
စစ်ကောင်စီလက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူ(ခ) စံမြင့်၊ တင်ဝင်းနှင့် မုတ်သုန်တို့ကို ထိုင်းအစိုးရက ဖမ်း၀ရမ်းထုတ်ရန် JFM တိုက်တွန်း အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် စောချစ်သူ(ခ) စံမြင့်၊ တင်ဝင်းနှင့် မုတ်သုန် တို့ကို ထိုင်းအစိုးရက ဖမ်း၀ရမ်းထုတ်ရန် Justice for Myanmar (JFM)က ယနေ့ တိုက်တွန်းလိုက်သည်။ BGF ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်များဖြစ်သော စောချစ်သူ (အမည်ရင်း စံမြင့်)၊ တင်ဝင်းနှင့် မုတ်သုန်တို့ သုံးဦးအား လူကုန်ကူးမှုအတွက် အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ဖမ်းဝရမ်းထုတ်နိုင်ရန် လုပ်ဆောင်နေသော သတင်းများကို Justice For Myanmar က ကြိုဆိုကြောင်း၊ ထိုင်းအစိုးရအနေဖြင့် ယင်းလုပ်ငန်းစဉ်ကို အမြန်လုပ်ဆောင်ရန်နှင့်…