Category: News

  • ဗိုလ်နဂါး ထွက်ပြေးနိုင်ရန် ကူညီခဲ့သည့် ကံကြီးဆရာတော်အား ဆက်လက်စစ်ဆေးနေ

    ဗိုလ်နဂါး ထွက်ပြေးနိုင်ရန် ကူညီခဲ့သည့် ကံကြီးဆရာတော်အား ဆက်လက်စစ်ဆေးနေ

    ဗိုလ်နဂါး စစ်ကောင်စီထံ ထွက်ပြေးနိုင်အောင် ကူညီခဲ့တဲ့ ဆရာတော်အမှုကို ဒေသ ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ တရားရေးအဖွဲ့တို့က ဆက်လက်ကိုင်တွယ် စစ်ဆေးနေပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက် ညပိုင်းမှာ စစ်ကိုင်းတိုင်း၊ ပုလဲနယ်၊ ကံကြီးရွာ၊ ဒက္ခိဏာရုံ ရွှေကျင်ကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသကို ဒေသကာကွယ်ရေးအဖွဲ့တွေက ထိန်းသိမ်းခဲ့တာပါ။ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါး စစ်ကောင်စီတပ်ဆီ လက်နက်ချ ဘက်ပြောင်းရာမှာ ကူညီပေးခဲ့တဲ့အတွက် သက်တော် ၄၅ နှစ်အရွယ် ကံကြီးဆရာတော်ကို ထိန်းသိမ်းခဲ့တာလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက အစောပိုင်းမှာ ပြောဆိုထားပါတယ်။ ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က “သက်ဆိုင်ရာကနေ ထုတ်ပြန်ပါလိမ့်မယ်ဗျ၊ သူတို့ သက်ဆိုင်ရာကနေ စစ်ဆေးနေတဲ့အပိုင်းတွေမှာ စစ်ဆေးနေဆဲဖြစ်တယ်ပေါ့နော်၊ ဒီအပိုင်းကျ ကျနော်တို့ စစ်ဆေးရတာ မဟုတ်တဲ့အတွက် သူတို့ သက်ဆိုင်ရာ ပလဖနဲ့ တရားရေးဘက်က…

  • ဝိုင်းမော်မြို့နှင့် ဗန်းမော်မြို့တို့တွင် စစ်တပ် ကာကင်းစခန်းအချို့ကို KIA တိုက်ခိုက်သိမ်းပိုက်

    ဝိုင်းမော်မြို့နှင့် ဗန်းမော်မြို့တို့တွင် စစ်တပ် ကာကင်းစခန်းအချို့ကို KIA တိုက်ခိုက်သိမ်းပိုက်

    ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ခလရ ၅၈ တပ်ရင်း ကာကင်းစခန်းအချို့ကို သိမ်းပိုက်ရရှိခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် ဝိုင်းမော်မြို့၊ခလရ ၅၈ ကာကင်းစခန်းတစ်ခုကို KIA တော် လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးအလောင်းကျန်ရှိခဲ့ပြီး ကျန်စစ်သားများမှာ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း၊ အလားတူ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း ယင်း ခလရ ၅၈ တပ် ရင်း၏ ကာကင်းစခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့ရာ စစ်သား ၁ ဦး အရှင်ဖမ်းမိခဲ့ပြီး ကျန်စစ်သားများမှာ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။…

  • ဗိုလ်နဂါးရဲ့ညီမကို ပြန်လွှတ်ပေးဖို့ မိသားစုဝင် တောင်းဆို

    ဗိုလ်နဂါးရဲ့ညီမကို ပြန်လွှတ်ပေးဖို့ မိသားစုဝင် တောင်းဆို

    အာဏာသိမ်း စစ်တပ်ကို လက်နက်ချတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲက ဗိုလ်နဂါးရဲ့ ညီမဖြစ်သူ မဝါဝါခိုင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မောင်တော်စပ်သူ ကိုရန်နိုင်ထွန်းက တောင်းဆိုထားပါတယ်။ ဗမာအမျိုးသားတော်လှန်ရေးတပ် (BNRA) ဦးဆောင်သူ ဗိုလ်နဂါးနဲ့တပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၁၈ ရက်မှာ စစ်တပ်နဲ့ပူးပေါင်းသွားတယ်လို့ စစ်တပ်က ထုတ်ပြန်ပြီးနောက် ဖေဖော်ဝါရီ ၂၂ ရက်မှာ ညီမဖြစ်သူ အဖမ်းခံရတာလို့ သိရပါတယ်။ မဝါဝါခိုင်ကို ဖမ်းတဲ့အထဲမှာ ယင်းမာပင်ခရိုင်တပ်ရင်းက အမျိုးသမီး စစ်မေတွေမပါဘဲ မိန်းကလေးတစ်ယောက်ကို ဖမ်းဆီးသွားတာကြောင့် မိသားစုဝင်တွေမှာလည်း စိတ်ပူနေတယ်လို့ မောင်ဖြစ်သူ ကိုရန်နိုင်ထွန်းက လူမှုကွန်ရက်မှာရေးသားထားပါတယ်။ “ဒီနေ့အထိ ပြန်မလွတ်လာသေးပါဘူး။ အဖမ်းခံရချိန်ကနေ အခုထိ ဘယ်နေရာမှာ ဘယ်သူနဲ့ရှိနေတယ်ဆိုတာ မိသားစုတွေ လုံးဝအဆက်အသွယ်မရပါဘူး”လို့ ဗိုလ်နဂါးရဲ့ ညီဖြစ်သူ ကိုရန်နိုင်ထွန်းက ပြောပါတယ်။ လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အရေးတွေကို…

  • ရွာငံမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ဗိုလ်အပါအဝင် ၁၀ ဦးထက်မနည်းသေဆုံး၊ လက်နက်ခဲယမ်းများကို Danu PDF သိမ်းဆည်းရမိ

    ရွာငံမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ဗိုလ်အပါအဝင် ၁၀ ဦးထက်မနည်းသေဆုံး၊ လက်နက်ခဲယမ်းများကို Danu PDF သိမ်းဆည်းရမိ

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက အခုလအတွင်း နှစ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က စစ်ဗိုလ်တစ်ဦးအပါအဝင် ၁၀ ဦး ထက်မနည်းသေဆုံးခဲ့တယ်လို့ အမှတ် ၁၀၀၃ တပ်ရင်း (Danu PDF) က ဖေဖော်ဝါရီလ ၂၇ ရက်၊ ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ရွာငံမြို့နယ်အတွင်းက ကျောက်ငှက်-အုတ်တွင်း လမ်းပိုင်းမှာ ကင်းလှည့်နေတဲ့ စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ဗိုလ်တစ်ဦးအပါအဝင် ၁၀ ဦး သေဆုံးခဲ့ပြီး ၂ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီ ၈ ရက်နေ့မှာလည်း မျှားကလေးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးသူအများအပြားရှိခဲ့ပြီး သေဆုံးသူတွေကို နာရေးကားတွေနဲ့ လာရောက်သယ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ…

  • ဘာသာရေးမှိုင်းမိခြင်း၊ အစွဲသန်ခြင်း

    ဘာသာရေးမှိုင်းမိခြင်း၊ အစွဲသန်ခြင်း

    ဘာသာရေးမှိုင်းမိခြင်း၊ အစွဲသန်ခြင်း၏ ဆိုးကျိုးများစွာထဲက အဆိုးဆုံးတစ်ခုကတော့ ဆင်ခြင်တုံတရားတွေ အသိဉာဏ်တွေ ကန်းသွားခြင်းပါပဲ။ ၁။ “မိလ္လာရေကို သောက်မိသူများ” အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့က ကတ်သလစ်ဘုရားကျောင်းတကျောင်းဖြစ်တဲ့ Our Lady of Velankanni ဟာ လာရောက်ကြသူ ဘုရားဖူးတွေနဲ့ စည်ကားနေလေ့ရှိပါတယ်၊ အဲဒီလို စည်ကားရခြင်း အကြောင်းရင်းကတော့ ဘုရားကျောင်း ပရဝဏ်ထဲက ယေရှုခရစ်တော်ရဲ့ ရုပ်တု ခြေဖျားကနေ ရေတစက်စက် ကျနေပြီး ဒါဟာ ဘုရားသခင်ရဲ့ တန်ခိုးပြာဋိဟာ အထင်အရှားဖြစ်ခြင်း လို့ ဘာသာဝင်တွေက ယုံကြည်ကြပြီး အဲဒီရေတွေကိုလည်း Holy Water “သန့်စင်တဲ့ ရေကြည်တော်”ရယ်လို့ အနာရောဂါတွေ ပျောက်ကင်းတယ်ဆိုပြီး သောက်သုံးကြပါတယ်။ အဲဒီအကြောင်းနဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ အိန္ဒိယနိုင်ငံ Rationalist International ဥက္ကဋ္ဌ “ဆန်နယ် အီဒါမာရူကူ”ကို TV…