ဘာသာရေးမှိုင်းမိခြင်း၊ အစွဲသန်ခြင်း၏ ဆိုးကျိုးများစွာထဲက အဆိုးဆုံးတစ်ခုကတော့ ဆင်ခြင်တုံတရားတွေ အသိဉာဏ်တွေ ကန်းသွားခြင်းပါပဲ။

၁။ “မိလ္လာရေကို သောက်မိသူများ”

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့က ကတ်သလစ်ဘုရားကျောင်းတကျောင်းဖြစ်တဲ့ Our Lady of Velankanni ဟာ လာရောက်ကြသူ ဘုရားဖူးတွေနဲ့ စည်ကားနေလေ့ရှိပါတယ်၊ အဲဒီလို စည်ကားရခြင်း အကြောင်းရင်းကတော့ ဘုရားကျောင်း ပရဝဏ်ထဲက ယေရှုခရစ်တော်ရဲ့ ရုပ်တု ခြေဖျားကနေ ရေတစက်စက် ကျနေပြီး ဒါဟာ ဘုရားသခင်ရဲ့ တန်ခိုးပြာဋိဟာ အထင်အရှားဖြစ်ခြင်း လို့ ဘာသာဝင်တွေက ယုံကြည်ကြပြီး အဲဒီရေတွေကိုလည်း Holy Water “သန့်စင်တဲ့ ရေကြည်တော်”ရယ်လို့ အနာရောဂါတွေ ပျောက်ကင်းတယ်ဆိုပြီး သောက်သုံးကြပါတယ်။

အဲဒီအကြောင်းနဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ အိန္ဒိယနိုင်ငံ Rationalist International ဥက္ကဋ္ဌ “ဆန်နယ် အီဒါမာရူကူ”ကို TV 9 ကနေ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ဆန်နယ်က “သဘာဝလွန် ဖြစ်ရပ်ဆန်းကြယ်တို့၊ အံ့ဖွယ်တန်ခိုး ပြာဋိဟာတို့ဆိုတာ တကယ်တမ်း မရှိကြောင်း” ပြန်ဖြေခဲ့ပါတယ်။ ဒါပေမဲ့ “သိပ္ပံနည်းကျ စစ်ဆေးလေ့လာမှုတွေမလုပ်ကြည့်ဘဲ ဘာ့ကြောင့် ဖြစ်ရတယ်လို့တော့ မပြောနိုင်ကြောင်း” ဆိုပါတယ်။ အဲဒါနဲ့ “ဆန်နယ်”ကို မွန်ဘိုင်း လာပြီး စစ်ဆေးဖို့ TV 9 က ဖိတ်ခေါ်ခဲ့ပြီး ကတ်သလစ် ဘုရားကျောင်း အာဏာပိုင်တွေကလည်း ခွင့်ပြုခဲ့ပါတယ်။

ရေရဲ့ သဘောအရ မြင့်ရာက နိမ့်ရာကို စီးဆင်းပြီး အမြင့်ပိုင်းက တနေရာရာမှာ ရေပိုက်တခုခုက စိမ့်ထွက်တာလို့ ခန့်မှန်းကြည့်ပြီး “ဆန်နယ်”က အပေါ်ဘက် ကျောက်တုံးတွေကို ဖယ်ကြည့်ပါတယ်၊ အဲဒီနောက် ရေပိုက်တခု အမှန်တကယ် ပိတ်ဆို့နေပြီး အဲဒီကနေ စိမ့်ထွက်လာတဲ့ ရေတွေဟာ ရုပ်တုနဲ့ တဆက်တည်းရှိတဲ့ နံရံဆီ စုဝေးလာပါတယ်၊ ပြီးမှ သံရိုက်ပေါက်နေ စိမ့်ယိုပြီး ရုပ်တုရဲ့ ခြေဖျားမှာ ထွက်ပေါက်ဖြစ်တယ်လို့ တွေ့ရှိရပါတယ်။

ဆိုးတာက သာမန် သောက်သုံးရေလို့ ထင်ခဲ့ပေမဲ့ ရေဆိုးပိုက်၊ မိလ္လာပိုက် ဖြစ်နေခြင်းပါပဲ။ အဲဒါကို ပြင်ဆင်လိုက်တဲ့နောက်မှာတော့ ရုပ်တုခြေဖျားကနေ ရေစိမ့်ခြင်းလည်း မရှိတော့ပါဘူး။

အဲဒီသတင်းဟာ ဟိုးလေးတကျော် ဖြစ်သွားခဲ့ပြီး ဂုဏ်သိက္ခာပိုင်း၊ ဝင်ငွေပိုင်း အကြီးအကျယ်ထိခိုက်သွားတဲ့ ကတ်သလစ် ဘုရားကျောင်းက ဆန်နယ်ကို တရားစွဲလိုက်ပါတော့တယ်။

စွဲဆိုတဲ့ ပုဒ်မကတော့ အိန္ဒိယနိုင်ငံရဲ့ နာမည်ကျော်ပုဒ်မ ၂၉၅ (က) ဖြစ်ပြီး ဘာသာရေး ယုံကြည်ခံစားချက်အပေါ် တမင်တကာ ထိခိုက်နာကျင်စေမှု ဖြစ်ပါတယ်။ ဖမ်းဆီးခံရရင် အာမခံရဖို့ ခဲယဉ်းပြီး မျှတတဲ့ တရားစီရင်မှုကိုလည်း ရနိုင်ဖွယ်မရှိလို့ ဆန်နယ်တယောက် နိုင်ငံက ထွက်ပြေးပြီး ဥရောပမှာ ခိုလှုံခွင့် လျှောက်ထားခဲ့ရပါတယ်။

အဲဒီလို ဖော်ထုတ်ခဲ့လို့ နောင်တရလား မေးရာမှာ ဆန်နယ်က “အနာရောဂါတွေ ပျောက်မယ်ဆိုပြီး မိလ္လာရေတွေကို အယုံလွယ်သူတွေ သောက်နေတဲ့ ကိစ္စကို ဘယ်သူက လက်ပိုက်ကြည့်နေပါ့မလဲ၊

ဒါပေမဲ့ ကျနော့် ရည်ရွယ်ရင်းက ဒီထက် ပိုပြီးကျယ်ပြန့်ပါတယ်။ သဘာဝလွန် အံ့ဖွယ် တန်ခိုးပြာဋိဟာ ဆိုတာတွေဟာ လူတွေရဲ့ စိတ်ကို ဖမ်းစားနိုင်စွမ်းရှိပြီး ပကတိ အရှိတရားအပေါ် လွဲမှားစွာ နားလည်မှု အန္တရာယ်ဆီ ဦးတည်စေပါတယ်။ လူအများအပြားအဖို့ အဲဒီလို ယုံကြည်မှုတွေဟာ ခက်ခဲလှတဲ့ လက်တွေ့ဘဝကနေ လွတ်မြောက်ဖို့

နည်းလမ်းရှာခြင်းပါပဲ။ အဲဒီလို ယုံလိုက်မိတဲ့နောက် လောကရဲ့ ပကတိ အရှိတရားတွေအပေါ် နားလည်နိုင်ဖို့ အလှမ်းဝေးသွားပါတော့တယ်။ “မသိလို့ ယုံ၊ ယုံလို့ မသိ” ဆိုပြီး သံသရာလည်ပါရော…

“အဲဒီနောက် ဘိုးတော်လိမ်တွေ၊ သမားယောင်တွေ၊ ဗေဒင်လက္ခဏာ မှော်ဝိဇ္ဇာ၊ ရှေ့ဖြစ်ဟောတွေ၊ အပြောကောင်းတဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ သားကောင်အဖြစ် လုံးလုံးရောက်သွားပါတော့တယ်၊ တကယ်တော့ အံ့ဖွယ်တန်ခိုး ပြာဋိဟာတို့၊ ထူးထွေသည့် အံ့ရာသော်တို့ ဆိုတာတွေဟာ သိပ္ပံနည်းကျ ဖွင့်ဆိုရှင်းပြသူ ရောက်လာတာနဲ့ နေရောင်ထိတဲ့ နှင်းလို ပျောက်ကွယ်ကုန်တာပါပဲ”လို့ ပြောသွားခဲ့ပါတယ်။

Credit: Nyi Naung

၂။ အခုလည်း ဘုရားပေါ်တယ်ဆိုတဲ့ လယ်ကွင်းထဲက ရွှံ့ရေတွေကို သောက်နေ လိမ်းနေကြပြန်ပါပြီ။

Mm News.xyz 2026 02 27 161429

Mm News.xyz 2026 02 27 161418

Mm News.xyz 2026 02 27 161410

Mm News.xyz 2026 02 27 161402

၃။ မြန်မာနိုင်ငံမှာလည်း ရေသန့်ဘူးကို ဘာရေစင် ညာရေစင် တံဆိပ်ပတ်ပြီး မတန်တဆဈေးနဲ့ လိမ်ရောင်းတာကို ယုံကြည်ပြီး ဝယ်သောက်ခဲ့ကြတဲ့ အညာမိသူတွေ များစွာရှိပါတယ်။

ပုံမှန်ရေသန့်ကို ရေစင်ရေမန်းဟုဆိုကာ MLM စနစ်ဖြင့်ဈေးကွက်ထဲရောင်းချ၊ တစ်နှစ်ကျော်ကြာမှ ဖမ်းနိုင်

Mm News.xyz 2026 02 27 161134

ဈေးကွက်အတွင်း ပုံမှန်ဖြန့်ဖြူးနေသည့် ရေသန့်အား ကျန်းမာရေးကောင်းမွန်စေသောရေစင်ရေမန်းဟုကြော် ငြာ၍ အရောင်းကိုယ်စားလှယ် MLM စနစ်ဖြင့် ပြည် တွင်း ဈေးကွက်၌ ချဲ့ထွင်ရောင်းချနေခြင်းကို တစ်နှစ်ကျော်ကြာမှ FDA က ဖမ်းဆီး အရေးယူနိုင်ခဲ့သည်။

ပြည်တွင်း၌ ပုံမှန်ထုတ်လုပ်ဖြန့်ချိနေသည့် ALPINE အမှတ်တံဆိပ် ရေသန့်ဘူးများပေါ်တွင် ရေစင်ရေမန်းတော်ကြီး တံဆိပ်ကပ်၍ ၂၀၂၁ ခုနှစ် မေလကတည်းက ဈေးကွက်အတွင်း MLM အရောင်းကိုယ်စားလှယ်များဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။

ဆေးမပေးခန်း၊ Reseller များနှင့် သောက်သုံးသူများဆုံဆည်းရာဟူ၍ အုပ်စုဖွဲ့ရောင်းချသည့် ယင်းရေစင်ကို ၂၀ လီတာ တစ်ဘူးလျင် ကျပ် ၁၇,၅၀၀ ၊ ကျပ် ၂၀,၀၀၀ စသ ဖြင့် နေရာအလိုက်ဈေးနှုန်းကွဲပြားစွာ ရောင်းချခြင်းဖြစ် သည်။ ပုံမှန် ၂၀ လီတာ ရေစန့်ဘူးသည် ကျပ် ၁,၀၀၀ ခန့်သာ ရှိခြင်း ဖြစ်သည်။

Mm News.xyz 2026 02 27 161151

” အဲဒီရပ်ကွက် ( ရေသန့်ကို ရေစင်ဟု ပြန်လည်ထုတ်ပိုးရာနေရာ) မှာ စောင့်ကြည့်ခိုင်းထားတဲ့ သူဆီက သတင်းသိရတဲ့အတွက် ဖမ်းဆီးခဲ့တာပါ ။ဖြစ်စဉ်မှန်ပါတယ်” ဟု မြန်မာနိုင်ငံ ရေသန့်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးရဲထွဋ်က ပြောသည်။

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ၊ လှည်းတန်းဂုံးကျော်တံ တားအနီးရှိ အဆိုပါ ရေစင် ဖြန့်ဖြူးရာ နေရာအား FDA နှင့် ပြည်ထဲရေး အပါအဝင် သက်ဆိုင်ရာ အဖွဲ့အချို့က ဇွန်လ ၁၅ ရက်က ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဟု ဆိုသည်။ ဈေးကွက်အတွင်း ဖြန့်ဖြူးထားသည့် ရေစင်ဘူးများကို လွန်ခဲ့သည့် သုံးရက်ခန့်ကစ၍ သိမ်းဆည်းမှု လုပ်ဆောင်သည်ဟု ဆိုသော်လည်း ဈေးကွက်အတွင်းပျံ့နှံ့နေမှုအား လုံးကို လွှမ်းခြုံသိမ်းဆည်းနိုင်ခြင်း ရှိမရှိ မသိရပေ ။

စစ်အာဏာမသိမ်းခင် NLD အစိုးရလက်ထက် MLM ဈေး ကွက်နှင့်ပတ်သက်၍ စားသုံးသူများအကြား အငြင်းပွားဖွယ်ကိစ္စရပ်များ ဖြစ်ပေါ်ခဲ့ပြီး အခြေခံအရောင်းကိုယ် စားလှယ်အများစု နစ်နာဆုံးရှုံးမှုများသည့် ယင်း စနစ်အပေါ် ကန့်ကွက်မှုများ ရှိခဲ့သည်။

Mm News.xyz 2026 02 27 161134

အာဏာသိမ်းပြီးနောက်ပိုင်းတွင် CDM သမားများအပေါ် ပစ်မှတ်ထားသည့် MLM စနစ် တကျော့ပြန်ဖြစ်ပေါ်လာပြီး ယခုကဲ့သို့ သာမန်ရေသန့်အား ရေစင်ရေမန်းဟု ကြော်ငြာ၍ MLM စနစ်ဖြင့် ဈေးကွက်အတွင်း ရောင်းချသည့် ဖြစ်ရပ်များ ပေါ်ထွက်လာခြင်း ဖြစ်သည်။

ပုံစာ ။ ရေစင်ရေမန်းဟု ကြော်ငြာရောင်းချသည့် ရေဘူးများအားတွေ့ရစဉ်။

ဓာတ်ပုံ။ ဆေးမပေးခန်း Facebook page


Leave a Reply

Your email address will not be published. Required fields are marked *