Category: News

  • မင်းအောင်လှိုင်က  စစ်အုပ်ချုပ်ရေးကာလ ၄ နှစ်ပြည့်ပြီးနောက်  ၆ လထပ်မံ သက်တမ်းတိုး

    မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေးကာလ ၄ နှစ်ပြည့်ပြီးနောက် ၆ လထပ်မံ သက်တမ်းတိုး

    ယာယီသမ္မတ မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေးကာလ ၄ နှစ်ပြည့်ပြီးနောက် ၆ လထပ်မံ သက်တမ်းတိုးလိုက်ပြီး စစ်တပ်ဦးစီးချုပ် မင်းအောင်လှိုင်ထံသို့ အာဏာကုန်လွှဲအပ် အကြမ်းဖက်စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကာလကို ၄ နှစ်ပြည့်ပြီးနောက် ၆ လထပ်မံ သက်တမ်းတိုးလိုက်ကြောင်း သိရှိရသည်။ မိမိကိုယ်ကို ယာယီသမ္မတ ခန့်အပ်ထားသော မင်းအောင်လှိုင်က လက်ရှိ နိုင်ငံတော်၏ အခြေအနေများမှာ ရွေးကောက်ပွဲကျင်းပရန် တည်ငြိမ်ရန် လိုအပ်နေသည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ထံသို့ အာဏာလွှဲပြောင်းပြီး စစ်အုပ်ချုပ်ရေး ထပ်မံ ၆ လသက်တမ်းတိုးမြှင့်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတွင် ယနေ့နံနက်ပိုင်း ကြေညာခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ အကြမ်းဖက် စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူလူထု ရွေး ကောက်တင်မြှောက်ထားသော NLD အစိုးရသမ္မတ ဦးဝင်းမြင့်နှင့်…

  • ရေးမြို့နယ်ရှိ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ ညောင်ရွှေတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

    ရေးမြို့နယ်ရှိ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ ညောင်ရွှေတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိရောက်စွာတိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Saw Dragon Force – SDDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်နေ့က ရေးမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိ နိုင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကလည်း ၆၀ မမ လက်နက်ကြီးဖြင့် ၈ လုံးခန့်ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် လက်နက်ငယ်များဖြင့်လည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။ “ဗုံးချတာနဲ့ ရမ်းသမ်းပစ်ခတ်တာတော့ ထုံးစံပါပဲ၊ Target ကို ထိတယ်၊ ဗုံးသီး…

  • အမေရိကန်ကို တုန်လှုပ်သွားစေခဲ့တဲ့တရုတ် အေအိုင်မိုဒယ်သစ် DeepSeekR1

    အမေရိကန်ကို တုန်လှုပ်သွားစေခဲ့တဲ့တရုတ် အေအိုင်မိုဒယ်သစ် DeepSeekR1

    ဒီရက်ထဲ အမေရိကန်နဲ့တကွ အေအိုင်နည်းပညာနယ်ပယ်တခုလုံးကို တုန်လှုပ်သွားစေတာကတော့ တရုတ် အေအိုင်ကုမ္ပဏီ DeepSeek နဲ့ သူ့ရဲ့ နောက်ဆုံးထုတ် Chatbot အေအိုင်မိုဒယ်သစ် DeepSeekR1 ပဲ ဖြစ်ပါတယ်။ အေအိုင်နည်းပညာနယ်ပယ်မှာ နာမည်အသစ်အဆန်းတခု ဖြစ်ပေမဲ့ မကြာမီက အမေရိကန်မှာ စတင်မိတ်ဆက်လိုက်တဲ့ DeepSeekR1 မိုဒယ်ဟာ စတင်ပြီး တပတ်အတွင်းမှာပဲ Apple store မှာ ဒေါင်းလုတ်ဆွဲပြီး သုံးစွဲသူပမာဏ နံပါတ် ၁ အများဆုံး ဖြစ်ခဲ့တယ်။ အမေရိကန်နည်းပညာကုမ္ပဏီ OpenAI က ၂၀၂၂ ခုနှစ်မှာ ChatGPT ကို စတင်မိတ်ဆက်ခဲ့ပြီးတဲ့နောက် အမေရိကန်နည်းပညာကုမ္ပဏီတွေကသာ ဉာဏ်ရည်တုနည်းပညာ AI Chatbot နယ်ပယ်ကို ဦးဆောင်နေခဲ့ရာက မထင်မှတ်ဘဲ တရုတ်ကုမ္ပဏီတခုက ဝင်ရောက်လာခဲ့တာ ဖြစ်တယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကုန်ပိုင်းက…

  • ရွှေသောင်ယံ၌ စစ်သားချင်းပစ်ခတ်မှု ဗိုလ်တစ်ဦးသေဆုံး

    ရွှေသောင်ယံမြို့ ၊တပင်မှော်ရွာတွင်ဇန်နဝါရီလ ၂၈ ရက်က တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ချင်း ခိုက်ရန်ဖြစ်ပွားပြီး အချင်းချင်းသေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ခဲ့ရာဗိုလ်အဆင့်ရှိသူတစ်ဦးသေဆုံးသွားသည်။ တပင်မှော်ရွာသည် ရွှေသောင်ယံ​ဒေသအတွင်း စစ်ကောင်စီ အဓိကတပ်စွဲထားသည့်နေရာများအနက် တစ်ခုဖြစ်သည်။ “အရက်မူးပြီး ရန်ဖြစ်တာ။ ဗိုလ်တစ်ကောင်သေတယ်။ အခု တပင်မှော်ရွာမှာက တခြားကရောက်လာတဲ့ စစ်သားတွေ အများကြီးပဲ” ဟု ဒေသခံတစ်ဦးကပြောသည်။ အာရက္ခတပ်တော်(AA)က ရွှေသောင်ယံမြို့နှင့်ထိစပ်နေသော ဂွမြို့ကို ၂၀၂၄ ဒီဇင်ဘာလကုန်တွင် သိမ်းယူပြီးနောက် ရွှေ သောင်ယံမြို့၊ မကျီးစင်ရွာတွင် ဇန်နဝါရီလ ၈ ရက်မှစတင်၍ တိုက်ပွဲဖြစ်ခဲ့သည်။ မကျီးစင်ရွာမှ စစ်ကောင်စီတပ် ဆုတ်ခွာထွက်ပြေးခဲ့ရပြီး ဘောမိကျေးရွာတွင် ထပ်မံတပ်စွဲခဲ့သည်။ ဘောမိရွာမှ စစ်ကောင်စီတပ်ကို ဇန်နဝါရီလ ၁၆ ရက်တွင် AAနှင့် ပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်​သေဆုံးဒဏ်ရာရသူများစွာဖြင့်ထပ်မံဆုတ်ထွက်ပြေးခဲ့ရပြန်သည်။ ​ဘောမိရွာတိုက်ပွဲတွင် AA က စစ်တပ်ထံမှ သံချပ်ကာယာဥ်အချို့ကို…

  • နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်ကို စစ်မှုထမ်းရန် စာရင်းသွင်းရေး ဆင့်ခေါ်စာပေးပို့

    နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်ကို စစ်မှုထမ်းရန် စာရင်းသွင်းရေး ဆင့်ခေါ်စာပေးပို့

    နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်ကို စစ်မှုထမ်းရန် စာရင်းသွင်းရေး ဆင့်ခေါ်စာပေးပို့နေပြီး ထွက်မပြေးရန် တာဝန်ယူလက်မှတ်ထိုးခိုင်း နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ Non-CDM ဝန်ထမ်းများကို စစ်မှုထမ်းရန် စာရင်းသွင်း ဆင့်ခေါ်စာပေးပို့နေပြီး ကာယကံရှင် (သို့မဟုတ်) မိသားစုဝင်တစ်ဦးကို စစ်မှုထမ်းရန်နှင့်ထွက်မပြေးရန် တာဝန်ယူ လက်မှတ်ရေးထိုးခိုင်းနေကြောင်း ဝန်ထမ်းမိသားစုများထံမှ သိရှိရသည်။ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အောင်ဇမ္ဗူ၊ ရွှေကြာပင် နှင့် ဓနသိဒ္ဓိ၊ ပညာသိဒ္ဓိ၊ ဝဏ္ဏ သိဒ္ဓိ ၊ သုခသိဒ္ဓိ၊ ဗလ သိဒ္ဓိ ၊ ဉာဏ သိဒ္ဓိရပ်ကွက်များတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိ Non-CDM ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် အမျိုးသားများကို စစ်မှုထမ်း စာရင်းသွင်းရန် ဆင့်ခေါ်နေခြင်းဖြစ်ကြောင်း…