Category: News

  • ထိုင်းနိုင်ငံသားများကို ထိုင်းအစိုးရက အထူးလေယာဉ်များဖြင့် ကယ်ထုတ်ရန် စီစဉ်နေချိန် မြန်မာနိုင်ငံသားအများစုမှာ  ကယ်သူမဲ့

    ထိုင်းနိုင်ငံသားများကို ထိုင်းအစိုးရက အထူးလေယာဉ်များဖြင့် ကယ်ထုတ်ရန် စီစဉ်နေချိန် မြန်မာနိုင်ငံသားအများစုမှာ ကယ်သူမဲ့

    စစ်ပွဲအခြေအနေ ဆိုးရွားလာသော အရှေ့အလယ်ပိုင်းဒေသမှ နေရပ်ပြန်လိုသော ထိုင်းနိုင်ငံသားများကို ထိုင်းအစိုးရက အထူးလေယာဉ်များဖြင့် ကယ်ထုတ်ရန် စီစဉ်နေချိန် မြန်မာနိုင်ငံသားအများစုမှာ ကယ်သူမဲ့ အမေရိကန်-အစ္စရေးနှင့်အီရန် တို့ တိုက်ခိုက်မှုများ အရှိန်အဟုန်မြှင့်လာသဖြင့် စစ်ပွဲအခြေအနေ ဆိုး ရွားလာသော အရှေ့အလယ်ပိုင်းဒေသမှ နေရပ်ပြန်လိုသော ထိုင်းနိုင်ငံသားများကို ထိုင်းအစိုးရက အထူး လေယာဉ်ဖြင့် ကယ်ထုတ်ရန် စီစဉ်နေချိန် မြန်မာနိုင်ငံသားတချို့မှာ မူ နေရပ်ပြန်လိုသော်လည်း ကယ်ကူသူမဲ့ ဖြစ်နေကြောင်း အရှေ့အလယ်ပိုင်းရောက် မြန်မာနိုင်ငံသားတချို့က ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်ခဲ့သော အမေရိကန်-အစ္စရေးနှင့် အီရန်တို့၏ ပဋိပက္ခတိုက်ပွဲကြောင့် အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံး ပေါက်ကွဲမှုများ၊ ဒုံးကျည်များ နေ့ည မပြတ်ဖြတ်သန်းမှုများရှိနေကြောင်း၊ ထိုအချိန် ထိုင်းအစိုးရက အရှေ့အလယ်ပိုင်းဒေသရောက် နေရပ်ပြန်လိုသော ထိုင်းနိုင်ငံသား ၁၀၀၀ ကို အထူးလေယာဉ်များဖြင့် ကယ်ထုတ်ရန် စီစဉ်နေကြောင်း…

  • မောင်မထောင်းနဲ့ ညောင်းလိမ့်မယ်

    မောင်မထောင်းနဲ့ ညောင်းလိမ့်မယ်

    “ အာနိုးရေ….ဟေ့ အာနိုး…” “ လာပြီ….အစ်မရေ…” နွားစာစင်းနေသော အာနိုး အိမ်ဘေးမှ မပြေးရုံတမယ်လာခဲ့ပြီး…. အိမ်ပေါ်သို့ လှမ်းတက်လိုက်တော့ မခင်အေးနှင့် မျက်နှာချင်းဆိုင်မိသည်။ “ နင့် ဦးလေးလည်း ပိုက်တဲရောက်ရင် ပြန်မလာတော့ဘူး… နင့်ပဲခိုင်းရမှာပဲ…။ ညနေစောင်းရင် မိုးရွာလိမ့်မယ်ထင်တယ်….။ နင်… နွားတွေ သွားသိမ်းချေတော့…။ နင့် ဦးလေးကတော့ ပြန်လာမယ့်ပုံမပေါ်ဘူး …..” “ အခုပဲ သွားလိုက်တော့မယ်….အစ်မ….” အာနိုးက အိမ်ရှေ့မျက်နှာစာ သံဇကာတွင် ချိတ်ထားသော ခမောက်ကို ဆွဲဆောင်းပြီး ထွက်သွား သည်။ မခင်အေး အိမ်ပေါက်ဝမှရပ်ကြည့်ရင်း ပြုံးမိသည်။ အာနိုးက ဖင်ပေါ့သည်။ သိတတ်သည်။ ဒီလို သူရင်းငှားမျိုးရထားတာ သူ့တို့အဖို့ ကံကောင်းလှသည်။ ပြီးတော့ အာနိုးက တစ်ကောင်ကြွက် မခင်အေး၏ယောက်ျား ကိုသန်းငွေ၏အဖေ မခင်အေး၏ယောက္ခမအိမ်တွင်…

  • ထပ်တိုး တွယ်ငင် ကြိုးတမျှင်

    ထပ်တိုး တွယ်ငင် ကြိုးတမျှင်

    ဆေးရုံကြီး အပြင်ဘက် မှန်ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်မိတော့ ကျေးငှက်သံလေးတွေနဲ့ အစိမ်းရောင် သစ်ပင်ကြီးများကြောင့် ဘဝ အမောတွေကို ခဏတာ မေ့ပျောက်သွားစေတာပဲလေ။ မနက် ၈ နာရီ ကျော်ကျော်လေးပဲ ရှိသေးတာပါ။ ညက ဆိုင်ကယ် အက်ဆီးဒင့်ဖြစ်တဲ့ လူနှစ်ယောက် ရောက်လာတော့ ၂ ယောက်လုံး နွေးကိုယ်တိုင် ရရှိလာတဲ့ ဒဏ်ရာတွေကို ချုပ်ပေးရတယ်။ တစ်ယောက်က လက်မောင်းနှစ်ဖက် နဂါးပုံ တက်တူးတွေနဲ့ အသက်က ၂ဝ ကျော်လောက်ပဲ ရှိမှာ။ မျက်နှာနုနု ချောချောလေးကို နားကွင်းတွေရော မျက်ခုံးပေါ်ပါ အကွင်းလေးတွေ ဖောက်ဆွဲထားတော့ ရုတ်တရက်ဆို အကြည့်ရ ဆိုးနေတာပေါ့။ အရိုးခေါင်းတွေပါတဲ့ တီးရှပ် အနက်ရယ်၊ လည်ပင်းက စတီးဆွဲကြိုး ပြောင်ပြောင်လက်လက်ကြီးရယ်၊ လက်ကောက်ဝတ်က အနက်ရောင် သရေပြားပေါ်မှာ ကြယ်ပုံစံ…

  • ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်တချို့တွင် ဆီပြတ်လပ်

    ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်တချို့တွင် ဆီပြတ်လပ်

    အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်တချို့တွင် ဆီပြတ်လပ်ဟုဆိုကာ ဆီမရောင်းတော့၊ ရွှေစျေးနှုန်းမှာလည်း အခေါက်ရွှေ ၁ ကျပ်သား ၁၁၃ သိန်းဖြင့် စံချိန်တင် စျေးတက်ပြီး စျေးကွက်ရပ်ဆိုင်းနေ အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်နှင့် အီရန်တို့၏ စစ်ပွဲများကြောင့် မြန်မာနိုင်ငံ၏ ပြည်တွင်းစျေးကွက်သို့ပါ ရိုက်ခတ်မှုများရှိလာနေပြီး စက်သုံးဆီ အရောင်းဆိုင်တချို့တွင် ဆီပြတ်လပ်သည်ဟုဆိုကာ ဆီမရောင်းချမှုများ ကြုံတွေ့နေရကြောင်း ရန်ကုန်နှင့်မန္တလေးမှ ပြည်သူတချို့က ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်ပြီး စတင်ခဲ့သော အီရန် ပဋိပက္ခကြောင့် ကမ္ဘာ့ရွှေစျေးနှင့် ရေနံစျေးနှုန်းများ မြင့်တက်လာသည့်နည်းတူ မြန်မာနိုင်ငံအတွင်းလည်း ရိုက်ခတ်မှုများရှိလာကြောင်း၊ လတ် တလော စစ်တပ်၏ ထိန်းချုပ်မှုများကြောင့် ပြည်တွင်း စက်သုံးဆီ စျေးနှုန်းမတက်သော်လည်း ရေရှည်တွင် ကမ္ဘာ့ရေနံစိမ်းစျေးနှုန်းများမြင့်တက်ခြင်း၊ ရေနံစိမ်းထုတ်လုပ် သယ်ယူမှုများ နှောင့်နှေးခြင်းတို့ကြောင့် စျေးနှုန်း မြင့်တက်လာမည်မှာ သေချာကြောင်း၊…

  • တပေါင်းလပြည့်‌နေ့ မန္တလေးပေါ်တော်မူဘုရားငါးဆူ အနောက်ဘက် မြစ်ဆိပ်တွင် စပါးအုံးမြွေကြီးလေးကောင်  လာရောက်

    တပေါင်းလပြည့်‌နေ့ မန္တလေးပေါ်တော်မူဘုရားငါးဆူ အနောက်ဘက် မြစ်ဆိပ်တွင် စပါးအုံးမြွေကြီးလေးကောင် လာရောက်

    မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းဘေးတွင်ကိန်းဝပ်စံပါယ်တော်မူလျက်ရှိသည့် ပေါ်တော်မူဘုရားငါးဆူ၏ အနောက်ဘက် မြစ်ဆိပ်အနီးတွင် ယ‌နေ့ မတ် ၂ ရက်(တပေါင်းလပြည့်နေ့) နေ့လယ်ပိုင်းက စပါးအုံးမြွေကြီး(၄)ကောင်ကို တွေ့ရှိရ‌ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မှတ်တမ်းထုတ်ပြန်ထားသည်။ အဆိုပါ မြွေကြီးများကို တွေ့ရှိရသူများ၏ ဆက်သွယ်အကူအညီတောင်းလာသဖြင့် မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက် ကူညီဖမ်းပေးခဲ့ပြီး ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုပါသည်။ ပေါ်တော်မူဘုရားငါးဆူသည် ၂၀၀၈ ခုနှစ်ဝန်းကျင်က ဧရာဝတီမြစ်အတွင်းမှ ဆယ်ယူရရှိခဲ့သည့် စကျင်ကျောက်အမျိုးအစား ပေါ်တော်မူဘုရားဆင်းတုတော်များဖြစ်ပြီး မြစ်ကမ်းဘေး၌ ဂန္ဓကုဋိတိုက်ဖြင့် ပူဇော်ထားရှိခဲ့ခြင်းဖြစ်သည်။ ယခု စပါးအုံးမြွေကြီးများသည် ဘုရားဖူးလာမြွေကြီးများဖြစ်နိုင်ကြောင်း ဒေသခံများက ထင်မြင်ပြောဆိုနေကြသည်။