Category: News

  • ပဲခူးတွင် ဆရာက ကျောင်းသားကို လိင်ပိုင်းဆိုင်ရာကျူးလွန်ပြီး ထွက်ပြေး

    ပဲခူးတွင် ဆရာက ကျောင်းသားကို လိင်ပိုင်းဆိုင်ရာကျူးလွန်ပြီး ထွက်ပြေး

    ပဲခူးမြို့နယ် အင်းတကော်မြို့မှာ လက်ထောက်မူလတန်းပြ ကျောင်းဆရာတစ်ယောက်က G7 ကျောင်းသားတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။ အင်းတကော်မြို့ နိုင်သာယာကျေးရွာ အလယ်တန်းကျောင်းခွဲက လက်ထောက်မူလတန်းပြ ကျောင်းဆရာ ဦးအောင်သူဝင်းက G7 ကျောင်းသားတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့ပြီး ထွက်ပြေးနေတာလို့ ကျောင်းသားမိဘတစ်ယောက်က ပြောပါတယ်။ “G7 က ကလေးရော၊ ကျန်တဲ့ကလေးတွေပါ လိင်ပိုင်းဆိုင်ရာကျူးလွန်တာ သိတာက ဖေဖော်ဝါရီလ အစကတည်းက၊ ကလေးတွေစာမေးပွဲဖြေပြီးအောင် စောင့်နေလို့ ၂၆ ရက်ကမှ အမှုဖွင့်တာ၊ အဲ့ဒီကျောင်းဆရာကတော့ ထွက်ပြေးသွားပြီ။” ကျောင်းဆရာက လိင်ပိုင်းဆိုင်ရာကျူးလွန်နေတာကို ကျောင်းသား၊ ကျောင်းသူတွေက မိဘတွေကို ဖေဖော်ဝါရီ ၁၅ ရက်က ပြန်ပြောပြခဲ့လို့ ကျောင်းသားမိဘတွေ သိရတာလို့ သူက ပြောပါတယ်။ ကျောင်းဆရာက လိင်ပိုင်းဆိုင်ရာကျူးလွန်တာကို သိသွားတဲ့မိဘတွေမှာ မခံမရပ်နိုင်ဖြစ်ပြီး နိုင်သာယာကျေးရွာ…

  • လုံခြုံရေးတိုးမြှင့်ခိုင်းခဲ့သည့်ကြားမှ  ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့်ရထားလမ်း ရဲကင်းစခန်း ၇ ခု အတိုက်ခံရ

    လုံခြုံရေးတိုးမြှင့်ခိုင်းခဲ့သည့်ကြားမှ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့်ရထားလမ်း ရဲကင်းစခန်း ၇ ခု အတိုက်ခံရ

    စစ်တပ်က လုံခြုံရေးတိုးမြှင့်ခိုင်းခဲ့သည့်ကြားမှ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့်ရထားလမ်း ရဲကင်းစခန်း ၇ ခု အတိုက်ခံရမှု ပြည်ထဲရေးဝန်ကြီးသစ် ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သတိပေးခံရ အကြမ်းဖက်စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ရန် အမိန့်ပေး စေခိုင်းခဲ့သည့်ကြားမှ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့်ရ ထားလမ်း ရဲကင်းစခန်း ၇ ခုကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ပြည် ထဲရေးဝန်ကြီးသစ် ဒုဗိုလ် ချုပ်ကြီး ထွန်းထွန်းနောင်ကို စစ်ရုံးက သတိပေးကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီလ ၃၁ ရက်နေ့ ပြည်ထဲရေးဝန်ကြီးအသစ်ဖြစ်လာသော ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်မှာ ပြည်ထဲရေးဝန်ကြီးလုပ်ငန်းများကို စတင်တာဝန်ယူနေစဉ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တို့တွင် ပဲခူးတိုင်း၊ ကျောက် တံခါးမြို့နယ်နှင့် ဖြူးမြို့နယ် အတွင်းမှ ရန်ကုန် – မန္တလေး…

  • မိုးဗြဲအခြေစိုက် ခလရ ၄၂၂ တပ်စခန်းကို တိုက်ခိုက်မှု ၂ လအတွင်း  စစ်ကောင်စီဘက်မှ ၂၃ ဦး ထက်မနည်း သေဆုံး

    မိုးဗြဲအခြေစိုက် ခလရ ၄၂၂ တပ်စခန်းကို တိုက်ခိုက်မှု ၂ လအတွင်း စစ်ကောင်စီဘက်မှ ၂၃ ဦး ထက်မနည်း သေဆုံး

    မိုးဗြဲအခြေစိုက် ခလရ ၄၂၂ တပ်စခန်းကို တိုက်ခိုက်မှု ၂ လအတွင်း စစ်ကောင်စီဘက်မှ ၂၃ ဦး ထက်မနည်း သေဆုံးပြီး တော်လှန် ရေးရဲဘော် ၄ ဦးကျဆုံး ကရင်နီပြည်နယ်၊ မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၄၂၂ တပ်ရင်းကို တိုက်ခိုက်မှု ၂ လအတွင်း စစ်ကြောင်းမှူး ၁ ဦးအပါအဝင် ၂၃ ဦးသေဆုံးခဲ့ကြောင်း အမှတ် ၁၀၀၆ တပ်ရင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင် စီ၏ ခလရ ၄၂၂ တပ်ရင်းကို အမှတ် ၁၀၀၆ တပ်ရင်း…

  • ပထမအကြိမ်တွေ့ဆုံခဲ့စဉ် မင်းအောင်လှိုင်က ပူတင်ကို လက်အုပ်ချီ ကန်တော့

    ပထမအကြိမ်တွေ့ဆုံခဲ့စဉ် မင်းအောင်လှိုင်က ပူတင်ကို လက်အုပ်ချီ ကန်တော့

    အာဂျင်တီးနား တရားရုံးက ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် ဖမ်း၀ရမ်းထုတ်ခံထားရသော မင်းအောင် လှိုင်က ရုရှားနိုင်ငံသို့သွားရောက်ပြီး ယူကရိန်းကို ကျူးကျော်သူ ဗလာဒီမာပူတင်နှင့်တွေ့ဆုံမည် ပထမအကြိမ်တွေ့ဆုံခဲ့စဉ် မင်းအောင်လှိုင်က ပူတင်ကို လက်အုပ်ချီ ကန်တော့ပြီး ကမ္ဘာ့ခေါင်းဆောင်ကြီး အဖြစ်မြှောက်ပင့်ပြောဆိုခဲ့ အာဂျင်တီးနား တရားရုံးက ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် ဖမ်း၀ရမ်းထုတ်ခံထားရသော အကြမ်း ဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ယူကရိန်းနိုင်ငံကို စတင် ကျူး ကျော်ကာ ယူကရိန်းပြည်သူများကို သတ်ဖြတ်နေသူ ဗလာဒီမာပူတင်နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း စစ်ကောင်စီက တရားဝင် သတင်းထုတ်ပြန်သည်။ ယခုခရီးစဉ်သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရေး ခရီးစဉ်ဖြစ်ပြီး အကြမ်းဖက် မင်းအောင်လှိုင်က ခရီးစဉ်အတွင်း ရုရှား စစ်ခေါင်းဆောင် ဗလာဒီမာ ပူတင်နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း ၊ ရုရှားနိုင်ငံ ဝန်ကြီးချုပ် ၊ ရုရှားနိုင်ငံ…

  • မီးတိုင်များအား လာရောက် စစ်ဆေးသည့် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်

    မီးတိုင်များအား လာရောက် စစ်ဆေးသည့် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်

    စလင်းမြို့နယ်ရှိ ကပစ ၂၁ ကို သွယ်တန်းထားသော မီးတိုင်များအား လာရောက် စစ်ဆေးသည့် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်တပ် ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြား မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကပစ ၂၁ ကို သွယ်တန်းထားသော မီးတိုင်းများအား လာရောက် စစ်ဆေးသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်တပ် ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၇ နာရီခန့်တွင် စလင်းမြို့နယ်၊ တညောင်တိုက်နယ်၊ မကျီးစင်ရွာ သို့ စစ်ကား အကြီး ၅ စီး…