Category: News
-

စစ်မှုထမ်းခေါ်ယူရာတွင် သန်းခေါင်စာရင်းကို အခြေခံ ခေါ်ယူသည့်စနစ်သို့ ပြောင်း
စစ်မှုထမ်းခေါ်ယူရာတွင် သန်းခေါင်စာရင်းကို အခြေခံ ခေါ်ယူသည့်စနစ်သို့ ပြောင်းလဲလိုက်ပြီး ပြည်ပရောက် မြန်မာများပါ စစ်မှုထမ်းရန် ဆင့်ခေါ်မည်၊ စစ်မှုထမ်းရန် ပျက်ကွက်ပါက အမည်ပျက်နှင့် ၀ရမ်းထုတ်ခံရမည့်စာရင်းတွင် ထည့်သွင်းမည် အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူရာတွင် ကျေးရွာနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များ၏ လုံခြုံရေးအတွက် မကြာမီက ကောက်ယူထားသော သန်းခေါင်စာရင်းကို အခြေခံ၍ ခေါ်ယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။ စစ်မှုထမ်းအပတ်စဉ် ၁ မှ စတင်၍ စစ်မှုထမ်းအပတ်စဉ် ၁၀ အထိ စစ်မှုထမ်းများ ခေါ်ယူရာတွင် ကျေးရွာနှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက တင်ပြသည့် စာရင်းအပေါ် အခြေခံ၍ ခေါ်ယူခဲ့သော်လည်း ယခုအခါတွင် ယင်းသို့ ခေါ်ယူမှုအစား လူဝင်မှု ကြီးကြပ်ရေးအဖွဲ့က ၂၀၂၄ ခုနှစ်အတွင်း ကောက်ယူခဲ့သော သန်းခေါင်စာရင်းကို အခြေခံ၍ ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။ “ရန်ကုန်မှာရှိတဲ့ မြို့နယ်ရပ်ကွက်တွေမှာ စစ်မှုထမ်း စာရင်းကောက်ယူမှုရပ်ဆိုင်းခိုင်းလိုက်ပါပြီ။…
-

ဗုံးလာကြဲသည့် စက်တပ်လေထီး ၂ စီးကို ပါပစ်ချနိုင်ခဲ့
စစ်ကောင်စီ၏ ညောင်ကျိုးစခန်းကို AA က အပြင်းအထန်တိုက်ခိုက်နေပြီး ကာကင်းစခန်းအတွင်း ပိတ်မိကာ အစာရေစာပြတ်လပ်၊ ဗုံးလာကြဲသည့် စက်တပ်လေထီး ၂ စီးကို ပါပစ်ချနိုင်ခဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ညောင်ကျိုး လက်နက်ကြီးအထိုင်ချစခန်းနှင့် နတ်တောင်တာဝါတိုင် စခန်းကုန်းတို့တွင် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲအပြင်း အထန်ဖြစ်ပွားနေကြောင်း သိရသည်။ ညောင်ကျိုးစခန်း၏ ကာကင်းစခန်းကုန်းဖြစ်သည့် နတ်တောင်တာဝါတိုင်းစခန်းကို ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် AA က ပိတ်ဆို့ထားပြီး ညောင်ကျိုးစခန်းတွင်ပါ ထိုးစစ်ပြင်းထန်၍ တိုက်ပွဲအပြင်း အထန် ဖြစ်ပွားနေကြောင်း သိရသည်။ “ပုဂံကွဲကျပြီးတဲ့နောက် နတ်တောင်စခန်းက အပိတ်ခံ ထားရတာ။ စားနပ်ရိက္ခာလည်းမပို့နိုင်လို့ ငတ်ပြတ်နေတယ်လို့ သိထားတယ်။ ညောင်ကျိုးကနေ ရိက္ခာရော လက်နက်ခဲယမ်းရော ဘာမှ မပို့နိုင်တော့တာ။ စခန်းကုန်းထဲအကုန်ပိတ်မိနေကြတယ်”…
-
ရန်ကုန် အဝင် အထွက် အစစ်အဆေးတင်းကြပ်ရန်နှင့် မိသားစုဝင်များကို လုံခြုံသည့်နေရာတွင် ကိုယ့်အစီအစဉ်နှင့်ကိုယ်ထားရန် ညွှန်ကြားထား
ရန်ကုန် အဝင် အထွက် အစစ်အဆေးတင်းကြပ်ရန်နှင့် မိသားစုဝင်များကို လုံခြုံသည့်နေရာတွင် ကိုယ့်အစီအစဉ်နှင့်ကိုယ်ထားရန် ညွှန်ကြားထား ရန်ကုန်နှင့် ပဲခူးတို့တွင် PDF တပ်များက တိုက်ပွဲများဖော်ဆောင်မည်ဆိုသော သတင်းကြောင့် စစ်ကောင်စီဘက်က ရန်ကုန်အဝင်၊ အထွက်များအား အစစ်အဆေးတင်းကြပ်မည်ဟု သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်သူ့ကာကွယ်ရေးတပ်များက ရန်ကုန်နှင့် ပဲခူးတွင် တိုက်ပွဲများဖော်ဆောင်မည်ဆိုသော သတင်းကြောင့် ရန်ကုန်တိုင်း နယ်လုံဝန်ကြီးနှင့် ရန်ကုန်တိုင်း ထိပ်ပိုင်းရဲခေါင်းဆောင်များ ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင် အစည်းအဝေးလုပ်ကာ ယင်းသို့ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ရဲ အသိုင်းအဝိုင်းထံ မှ သိရသည်။ “ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရဲချုပ်တွေပေါ့နော်။ နယ်လုံဝန်ကြီး၊ မြို့နယ်ရဲမှူးတွေ၊ ခရိုင်ရဲမှူးတွေလည်းပါတဲ့ အစည်းအဝေးကနေပြီးတော့ NUG ကနေပြီးတော့ ရန်ကုန်နဲ့ ပဲခူးမှာ တိုက်ပွဲတွေဖော်ဆောင်မယ်ဆိုတဲ့ သတင်းရတယ်ဆိုပြီး ရန်ကုန်တိုင်းကို ဒီ့ထက်ပိုပြီးစစ်ဆေးဖို့ အဝင်အထွက်တွေ ကြပ်မတ်ဖို့နဲ့…
-

ဗန်းမော်၌ စစ်ရေးအထိနာ၍ ကျေးရွာများကို ပို ဗုံးကြဲ
ဗန်းမော်တိုက်ပွဲအတွင်း တပ်ရင်းတချို့ လက်လွှတ်ရသည့် စစ်တပ်က ဗန်းမော်၊ မိုးမောက်၊ မံစီမြို့နယ်တို့ရှိ ကျေးရွာ များ အား ပစ်မှတ်ထားဗုံးကြဲမှု ပိုလုပ်လာကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။ ဗိုလ်မှူးကြီး နော်ဘူက “မိုးမောက်မြို့နယ်တို့ မံစီမြို့နယ်တို့မှာ ညသန်းခေါင် လေယာဉ်နဲ့ဗုံးကြဲတာ အရပ်သား သေဆုံးမှုရှိ တယ်။ အရေအတွက် အသေးစိတ် မသိရသေးပါဘူး။ ဗန်းမော်ဘက်မှာ သူတို့အထိနာတယ်ဆိုတော့ ပြည်သူရှိတဲ့ဘက်ကို ဗုံးကြဲတာ ပြည်သူကို ကျနော်တို့တော်လှန်တဲ့အဖွဲ့တွေနဲ့ အဆက်အသွယ် မလုပ်အောင် ခြိမ်းခြောက်တဲ့ပုံစံနဲ့ ဗုံးကြဲတာ” ဟု ပြောသည်။ ယမန်နေ့ ညပိုင်းတွင် စစ်တပ်အနေဖြင့် မံစီမြို့နယ် မန်ဝိန်းကြီးဒေသနှင့် ဧရာဝတီမြစ်အတွင်း ရွှေတူးဖော်နေသည့် နေရာ တခုကို ဗုံးကြဲခဲ့ရာ ထိခိုက်ဒဏ်ရာရမှုအခြေအနေအသေးစိတ်ကို မသိရသေး ကြောင်းလည်း…
-

ပုပ္ပါး-တောင်သာလမ်းကို ညဘက် မသွားလာဖို့ PGF ထုတ်ပြန်
မန္တလေးတိုင်းအတွင်းက ပုပ္ပါး-တောင်သာလမ်းကို ပြည်သူတွေအနေနဲ့ ည ၈ နာရီကနေ မနက် ၄ နာရီအတွင်း ဖြတ်သန်းသွားလာတာမလုပ်ဖို့ Popa Guerilla Force(PGF) က ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ရေးအရှိန်မြှင့်မှာကြောင့် ညဘက်မှာ ဖြတ်သန်းသွားလာတာမလုပ်ဖို့ ထုတ်ပြန်တာလို့ Popa Guerilla Force(PGF) တပ်ဖွဲ့ ဒုတာဝန်ခံ ရဲဘော်ဗျတ္တက ပြောပါတယ်။ “စစ်ကောင်စီက အဓိက ညဘက်တွေမှာ စစ်ရေးလှုပ်ရှားလာတာတွေရှိတယ်။ ခရီးသည်တင်ကားတွေနဲ့ လိုက်လာတာတွေရှိတယ်။ ညဘက်တွေမှာ ပေါ်တာဆွဲတာတွေရှိတယ်။ အဲဒါကြောင့် ပြည်သူတွေက အပြင်မထွက်ရဲကြဘူး။ ကျွန်တော်တို့က စစ်ရေးအရှိန်မြှင့်မှာကြောင့် ညဘက်မထွက်ဖို့ ထုတ်ပြန်တာဖြစ်တယ်” ညဘက်မှာ ပြည်သူတွေမသွားလာရင် စစ်ရေးဖော်ဆောင်မှုတွေကို လွတ်လွတ်လပ်လပ် လုပ်နိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာအောင် လုပ်နိုင်မယ်လို့လည်း ရဲဘော်ဗျတ္တက ပြောပါတယ်။ ကျန်းမာရေးကိစ္စအပါအဝင်…