Category: News

  • ကပစ (၁၆)ကိုထွက်ကာသော စစ်ကြောင်းများနှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားနေ

    ကပစ (၁၆)ကိုထွက်ကာသော စစ်ကြောင်းများနှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားနေ

    ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့်ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ် ရိုးတောင်ကျော်လမ်း၊ မသုန်ကျေးရွာအနီးတွင်တည်ရှိသည့် ကပစ(၁၆)ကို အာရက္ခတပ်တော် ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် ရှေ့ကို ထွက်ကာသော အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းများနှင့် အာရက္ခတပ်တော် (AA) ဦးဆောင်သော ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ အာရက္ခတပ်တော်ထိန်းချုပ်ထားသော ပွိုင့် ၆၆၆ နဲ့ ကပစ (၁၆) ကြားပတ်ဝန်းကျင်နေရာများကို စစ်ကော်မရှင်ကစစ်ကြောင်း ၃ ကြောင်းထိုးကာစစ်ရေးလှုပ်ရှားနေမှုကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည်ဟုစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “သူတို့က အဓိက ကပစ ၁၆ ကို ကာနေတဲ့သဘောပါ။ ကပစ (၁၆) အနီးက ကာကင်းနဲ့မနီးမဝေးနေရာတွေကို စစ်ကြောင်း ၃ ကြောင်းထိုးပြီးလှုပ်ရှားနေတယ်။ အဲဒီစစ်ကြောင်းတွေနဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်နေကြတယ်”ဟု ပြောသည်။. စစ်ကော်မရှင် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်း ၃…

  • ကြံ့ဖွတ်ပါတီပွဲတက်ဖို့ အနုပညာရှင်တွေကို နေပြည်တော်လာဖို့ ဖိအားပေးခံရ

    ကြံ့ဖွတ်ပါတီပွဲတက်ဖို့ အနုပညာရှင်တွေကို နေပြည်တော်လာဖို့ ဖိအားပေးခံရ

    စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ကြံ့ဖွတ်ပါတီရဲ့ပွဲ တတ်ရောက်ဖို့ အနုပညာရှင်တွေအကုန်လုံး ရိုက်ကူးရေးတွေဖျက်ပြီး နေပြည်တော်ကိုသွားနေရတယ်လို့ အနုပညာလောကက သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ “ဒီနေ့(မတ်၁၂) မင်းသား၊ မင်းသမီး အားလုံးနီးပါးကို မည်သည့် ရိုက်ကူးရေးပဲရှိပါစေ အားလုံးကို ဖျက်ပြီး နေပြည်‌တော်ကို အရောက်လာရမယ်ဆိုပြီး ဖိအားပေးပြောဆို အကြောင်းကြားတယ်။အခု အားလုံးနီးပါး နေပြည်တော်ကိုသွားနေကြရပါတယ်။အကြောင်းရင်းက ကြံ့ဖွတ်ပါတီ ပွဲတက်ရန် စီစဉ်ထားတယ်လို့ သိရပါတယ်”လို့ အနုပညာလောကသားတစ်ဦးက အတည်ပြုပါတယ်။ နေပြည်တော်ကို ခေါ်ယူတဲ့အကြောင်းရင်းကို တိတိကျကျမသိရသေးပေမယ့် ကြံ့ဖွတ်ပါတီက အမတ်တွေရဲ့ တွေ့ဆုံပွဲရှိတာ‌ကြောင့် ရိုက်ကွင်း‌ တွေအားလုံးဖျက်ထားရတယ်လို့ ဆိုပါတယ်။ “အဲဒီပွဲမှာ သိရသလောက် ဖျော်ဖြေရေးလည်း လုပ်ရမှာ ဖြစ်တယ် အဲဒီမှာ မင်းသားနေတိုး က လတ်တလောမှာ သူ့အပေါ် ဝေဖန်မှုတွေ များနေတဲ့အတွက် ဒီတစ်ကြိမ် ဖျော်ဖြေရေး မလုပ်ပါရစေနဲ့…

  • AA ပေးသော အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲ

    AA ပေးသော အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲ

    နွေဦးတော်လှန်ရေး မဟာမိတ်တပ်‌ပေါင်းစု Spring Revolution Alliance-SRA အဖွဲ့၏ အခြေခံ စစ်ပညာသင်တန်း ဆင်းပွဲတစ်ရပ်ကို တော်လှန်ရေး နယ်မြေတစ်ခုတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ နွေဦးတော်လှန်ရေးမဟာမိတ်တပ်‌ပေါင်းစု SRA ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၁ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း ယနေ့တွင် ထုတ်ပြန်သည်။ အဆိုပါ အခြေခံ စစ်ပညာကို အာရက္ခတပ်တော် AA မှ သင်တန်းနည်းပြများက လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလအတွင်း အခြေခံစစ်ပညာ၊ စစ်နည်းဗျူဟာတို့ သင်ကြား ပို့ချခဲ့သည်။ ထို့အပြင် အဆိုပါအခြေခံ စစ်ပညာသင်တန်းကာလအတွင်း စစ်သည်တော်ကျင့်ဝတ်နှင့် စစ်စည်းကမ်းများကို လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း SRA က ထုတ်ပြန်သည်။ အဆိုပါ သင်တန်းကို ဗမာပြည်သူ့…

  • စစ်တပ်က နှစ်ပေါင်း ၃၀ ကျော် အထိုင်ချထားတဲ့ ဝင်းဝတပ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

    စစ်တပ်က နှစ်ပေါင်း ၃၀ ကျော် အထိုင်ချထားတဲ့ ဝင်းဝတပ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

    တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ် အမှတ်(၈)လမ်းမကြီး မင်းဒပ်ကျေးရွာမှာ အာဏာသိမ်းစစ်တပ် နှစ်ပေါင်း(၃၀)ကျော်အထိုင်ချတပ်စွဲထားတဲ့ ဝင်းဝတပ်စခန်းကို သိမ်းယူရရှိခဲ့တယ်လို့ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးက ထုတ်ပါတယ်။ ဝင်းဝတပ်စခန်းကို ၂၀၂၆ခုနှစ် မတ်လ (၁၁) ရက်နေ့ ညနေ ၄ နာရီအချိန်မှာ KNLA တပ်မဟာ(၄) တပ်ရင်း(၁၂)၊ တပ်မဟာ (၆) တပ်ရင်း(၂၇)၊ တပ်မဟာ(၄) အထူးကွန်မန်ဒိုတပ်ဖွဲ့၊ ဗျူဟာ(၃၃) လက်အောက်ခံ T(5)တပ်ရင်း နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့တာလို့ ဆိုပါတယ်။ ‎ တိုက်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ပြထားတာမရှိပေမယ့် တိုက်ပွဲအတွင်း သိမ်းဆည်းရမိထားတဲ့ လက်နက်ခဲယမ်းတွေကိုတော့ ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ တိုက်ပွဲနဲ့ပတ်သက်ပြီး အခုထက် ပိုမိုသိရှိနိုင်ဖို့ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်က တာဝန်ရှိသူတွေကို ဆက်သွယ်နိုင်ဖို့ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့ မတ်လ…

  • စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရမှုအတွင်း ကိုယ်တွေ့ကြုံလိုက်ရတဲ့ စစ်သုံ့ပန်းတွေရဲ့ လက်ရှိ ဖက်ဆစ် မြန်မာစစ်တပ်ထံ တာဝန်ထမ်းဆောင်နေတဲ့ သူတွေအပေါ် သတင်းစကား

    စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရမှုအတွင်း ကိုယ်တွေ့ကြုံလိုက်ရတဲ့ စစ်သုံ့ပန်းတွေရဲ့ လက်ရှိ ဖက်ဆစ် မြန်မာစစ်တပ်ထံ တာဝန်ထမ်းဆောင်နေတဲ့ သူတွေအပေါ် သတင်းစကား

    အာရက္ခတပ်တော်(AA) သိမ်းပိုက် အုပ်ချုပ်နေတဲ့ အမ်းမြို့နယ်၊ ဒါးလက်ချောင်း ဒေသမှာရှိတဲ့ စစ်သုံ့ပန်း အကျဉ်းစခန်းကို မတ်လ ၈ ရက်နေ့က ဂျက်ဖိုက်တာ ​လေး စီး ၊ Y-12 လေးစီးနဲ့ စစ်ကောင်စီက ဗုံးကြဲခဲ့လို့ စခ အရာရှိကြီး‌တွေ အပါအဝင် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံး ခဲ့တဲ့ ဖြစ်စဉ်က တွေးကြည့်ရင် စကစ ဘက်တော်သားတွေ အတွက် တော်တော် ရင်နာစရာ ကောင်းပါတယ်။ စကစ က သူတို့အတွက် အသုံးမဝင်တော့ဘူး၊ ဒါမှမဟုတ် သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ်ဆိုရင် ကိုယ့်လူကိုတောင် ပြန်သတ်ဖို့ ဝန်မလေးဘူးဆိုတာ အရင်ကလည်း အကြိမ်ကြိမ် မြင်တွေ့ ခဲ့ရပြီးပါပြီ။ ကိုယ့်အတွက် အသက်ပေး တိုက်ပွဲဝင်ပေးခဲ့တဲ့ အရာရှိတွေ၊ စစ်ဆေးဆရာဝန်တွေ…