အာရက္ခတပ်တော်(AA) သိမ်းပိုက် အုပ်ချုပ်နေတဲ့ အမ်းမြို့နယ်၊ ဒါးလက်ချောင်း ဒေသမှာရှိတဲ့ စစ်သုံ့ပန်း အကျဉ်းစခန်းကို မတ်လ ၈ ရက်နေ့က ဂျက်ဖိုက်တာ လေး စီး ၊ Y-12 လေးစီးနဲ့ စစ်ကောင်စီက ဗုံးကြဲခဲ့လို့ စခ အရာရှိကြီးတွေ အပါအဝင် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံး ခဲ့တဲ့ ဖြစ်စဉ်က တွေးကြည့်ရင် စကစ ဘက်တော်သားတွေ အတွက် တော်တော် ရင်နာစရာ ကောင်းပါတယ်။
စကစ က သူတို့အတွက် အသုံးမဝင်တော့ဘူး၊ ဒါမှမဟုတ် သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ်ဆိုရင် ကိုယ့်လူကိုတောင် ပြန်သတ်ဖို့ ဝန်မလေးဘူးဆိုတာ အရင်ကလည်း အကြိမ်ကြိမ် မြင်တွေ့ ခဲ့ရပြီးပါပြီ။ ကိုယ့်အတွက် အသက်ပေး တိုက်ပွဲဝင်ပေးခဲ့တဲ့ အရာရှိတွေ၊ စစ်ဆေးဆရာဝန်တွေ အပါအဝင် တပ်ဖွဲ့ဝင်ရာချီဟာ အားမတန်လို့ ဖမ်းဆီးခံရတာကို အလွယ်တကူ စတေးပစ်လိုက်တာ တွေ့မြင်ရမှာပါ။
ဒီလိုလုပ်ရပ်လိုမျိုး အရင်ကလည်း ရှမ်းမြောက် (လောက်ကိုင်၊ လားရှိုး စတဲ့) တိုက်ပွဲတွေနဲ့ ကရင်၊ ကယား တိုက်ပွဲတွေမှာလည်း စခန်းသိမ်းခံရလုနီးပါး အခြေအနေတွေရောက်ရင် ကိုယ့်မြေပြင်တပ်ဖွဲ့ဝင်တွေ၊ မိသားစုဝင်တွေ ကျန်ရစ်နေမှန်း သိသိကြီးနဲ့ လေကြောင်းကနေ ပစ်မှတ်ထား ဗုံးကျဲဖျက်ဆီးခဲ့တဲ့ ဖြစ်စဉ်တွေ အများကြီးရှိခဲ့တာပဲ။ ဒါဟာ လိုက်နာရမယ့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို စကစက လုံးဝ ချိုးဖောက်တာပါ။
သူတို့က မတော်တဆ ရမ်းသန်းပစ်ခတ် မိတာမျိုး မဟုတ်ပါဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ကို လူမဆန်စွာ သတ်ဖြတ်ခဲ့တာပါ။ တိုက်ခိုက်မှုမလုပ်ခင် မတ်လ ၆ ရက်နေ့ကတည်းက လေကြောင်းကနေ ကင်းထောက်ခဲ့ပြီး ထောင်ဝတ်စုံတွေနဲ့ လူဝင်လူထွက်ကိုလည်း ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရဲ့နဲ့ ၃ နာရီကျော်ကြာ မရပ်မနား ဗုံးကျဲခဲ့တာဟာ မတော်တဆမှု လုံးဝမဟုတ်ဘဲ သိသိကြီးနဲ့ တမင် ရှင်းပစ်လိုက်တဲ့သဘောပါလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ စစ်တပ်ရဲ့ ဒုတိုင်းမှူးကိုယ်တိုင်က ဝန်ခံထားပါတယ်။
တကယ်တော့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို တမင်သက်သက် ဗုံးကျဲတာဟာ စကစရဲ့ ပုံမှန်စစ်ဆင်ရေးတစ်ခုလိုတောင် ဖြစ်နေပါပြီ။ ပဇီကြီးတို့၊ အနန့်ပါတို့က ကလေးငယ်တွေအပါအဝင် ပြည်သူရာချီ သေဆုံးခဲ့ရတဲ့ ဗုံးကျဲ သတ်ဖြတ်မှုတွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေကို လေကြောင်းကနေ တိုက်ခိုက်တာတွေက ဒီအဖွဲ့အစည်း ဘယ်လောက် လူမဆန်ဘူးလဲဆိုတာကို မီးမောင်းထိုးပြနေတာပါ။
ဒီဖြစ်စဉ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့ (AA) တို့ရဲ့ လုပ်ရပ်ကို ယှဉ်ကြည့်လိုက်ရင် ဘယ်သူက ပြည်သူ့ဘက်တော်သားလဲဆိုတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရမှာပါ။ စစ်ကောင်စီက ကိုယ့်စစ်သုံ့ပန်းတွေကို ကိုယ်တိုင် ဗုံးကျဲသတ်ဖြတ်နေတဲ့အချိန်မှာ၊ AA အရာရှိတွေက “ဖြစ်သမျှ ငါခံမယ် အကုန်ဖျက်” ဆိုပြီး အသက်အန္တရာယ်ကြားကနေ ထောင်တံခါးတွေကို ရိုက်ချိုးပြီး ရန်သူ့စစ်သုံ့ပန်းတွေကို ကယ်ထုတ်ပေးခဲ့တယ်။ ဖမ်းဆီးထားချိန်မှာလည်း ကောင်းကောင်းမွန်မွန်ထားသလို၊ သေရေးရှင်ရေးကာလမှာပါ လူသားဆန်ဆန် ကယ်တင်ခဲ့တာပါ။
ကိုယ့်အတွက် အသက်ကို ပေးပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ ကိုယ့်တပ်ဖွဲ့ဝင်တွေ ကိုတောင် စကစဟာ မျက်တောင်မခတ်ဘဲ ဗုံးကျဲ သတ်ဖြတ်ရဲတယ်ဆိုရင် လက်နက်မဲ့ သာမန်ပြည်သူလူထုအပေါ်မှာဆိုရင် ဘယ်လောက်တောင် ရက်စက်မလဲ။ သူတို့ဟာ နိုင်ငံတော်ကို ကာကွယ်နေတဲ့ အဖွဲ့အစည်း မဟုတ်ဘဲ အာဏာတည်မြဲရေးအတွက်ဆို ဘယ်သူ့ကိုမဆို သတ်ဖြတ်မယ့် အကြမ်းဖက် အဖွဲ့အစည်း သက်သက်ပဲ ဖြစ်နေတာ မြင်ရမှာပါ။ ဒီလိုအဖွဲ့အစည်းမျိုးကို ပြည်သူလူထု တစ်ရပ်လုံးက ညီညွတ်စွာနဲ့ အမြစ်ပြတ် တော်လှန်ဖို့ တနည်းပဲ ရှိပါတယ်။
Zin Thaw Naing
မြန်မာစစ်တပ်ထံ ၃၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပေမယ့် စစ်တပ်ရဲ့လေကြောင်းကနေ ဗုံးကြဲခံလိုက်ရတဲ့အပေါ် ဒဏ်ရာရရှိထားတဲ့ စစ်သုံ့ပန်း တပ်ကြပ်ကြီးတစ်ဦးရဲ့ စကားသံ
“ဒါမျိုးလုပ်တယ်ဆိုတာကတော့ ကျနော်တို့ကို သစ္စာဖောက်တယ်လို့ပဲ ခံယူတယ်။ အချင်းချင်းပြန်သတ်တယ်လို့ပဲ ကျနော် ခံယူတယ်။ ရှင်းရှင်းပြောရရင် ကျနော်စိတ်နာတယ်”
သူဟာ အကြမ်းဖက်မြန်မာစစ်တပ်ထံ ၃၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ကြပ်ကြီး သိန်းလွင်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် သိမ်းပိုက်ပြီးတဲ့နောက်မှာ အာရက္ခတပ်တော်(အေအေ)ထံ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းခံထားရတာပါ။
ဒီလိုထိန်းသိမ်းခံထားရစဥ်မှာပဲ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသမှာရှိတဲ့ စစ်သုံ့ပန်းအကျဥ်းစခန်းကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်းက ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒဏ်ရာရရှိသွားတဲ့အထဲ သူလည်း ပါဝင်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း အာရက္ခတပ်တော် ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းအကျဥ်းသား ၁၁၆ ဦး သေဆုံးသွားပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အမ်းမြို့နယ် ဒါးလက်ချောင်းက စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရလို့ စစ်သုံ့ပန်းရာကျော် အစုလိုက်အပြုံလိုက်သေဆုံးမှုအပေါ် နပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် အင်တာဗျူး
အာရက္ခပြည်၊ အမ်းမြို့နယ် ဒါးလက်ချောင်းမှာ ရှိတဲ့ အာရက္ခတပ်တော်(အေအေ) ရဲ့ စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရလို့ စစ်သုံ့ပန်းရာကျော် အစုလိုက်အပြုံလိုက် သေဆုံးမှုအပေါ် ကိုယ်တိုင်အနီးကပ် ကြုံတွေ့ခဲ့ရတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းက အခုလို ပြောပြထားပါတယ်။
စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရမှုအတွင်း ရုပ်အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေတဲ့ စစ်သုံ့ပန်းတစ်ဦးရဲ့ ဇနီးဖြစ်သူထံမှ ရင်ဖွင့်စကား
ဒေါ်သီတာစိုးရဲ့ အမျိုးသားဖြစ်သူဟာ နပခမှာ တာဝန်ထမ်းဆောင်နေရင်း အာရက္ခတပ်တော်(အေအေ)ထံ စစ်သုံ့ပန်းအဖြစ် ၂၀၂၄ ခုနှစ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာပါ။ သူနဲ့အတူ ဒေါ်သီတာစိုးတို့သားအမိ သုံးယောက်လည်း စစ်သုံ့ပန်းမိသားစုဝင်တွေအဖြစ် အာရက္ခတပ်တော်က ထိန်းသိမ်းစောင့်ရှောက်ထားတာပါ။
ဒီလိုထိန်းသိမ်းခံထားရစဥ်မှာပဲ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသမှာရှိတဲ့ စစ်သုံ့ပန်းအကျဥ်းစခန်းကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်းက ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒဏ်ရာရရှိသွားတဲ့အထဲ သူလည်း ပါဝင်ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း အာရက္ခတပ်တော် ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းအကျဥ်းသား ၁၁၆ ဦး သေဆုံးသွားပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီလိုဗုံးကြဲခံရတဲ့ စစ်သုံ့ပန်းအကျဥ်းဆောင်ထဲမှာ ဒေါ်သီတာစိုးရဲ့ အမျိုးသားဖြစ်သူ ဒုအရာခံဗိုလ် ဇော်တင်မိုးလည်း နေထိုင်နေခဲ့တာဖြစ်ကာ ဗုံးကြဲခံရပြီးနောက် ရုပ်အလောင်းပါ ရှာမတွေ့သေးဘဲ ပျောက်ဆုံးနေတာလည်း ဖြစ်ပါတယ်။
အမ်းမြို့နယ် ဒါးလက်ချောင်းက စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရလို့ စစ်သုံ့ပန်းရာကျော် အစုလိုက်အပြုံလိုက်သေဆုံးမှုအပေါ် နပခ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့် အင်တာဗျူး
အာရက္ခပြည်၊ အမ်းမြို့နယ် ဒါးလက်ချောင်းမှာ ရှိတဲ့ အာရက္ခတပ်တော်(အေအေ) ရဲ့ စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရလို့ စစ်သုံ့ပန်းရာကျော် အစုလိုက်အပြုံလိုက် သေဆုံးမှုအပေါ် ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက အခုလို ပြောပြထားပါတယ်။
စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရမှုအတွင်း ကိုယ်တွေ့ကြုံလိုက်ရတဲ့ စစ်သုံ့ပန်းတွေရဲ့ လက်ရှိ ဖက်ဆစ် မြန်မာစစ်တပ်ထံ တာဝန်ထမ်းဆောင်နေတဲ့ သူတွေအပေါ် သတင်းစကား
ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသမှာရှိတဲ့ စစ်သုံ့ပန်းအကျဥ်းစခန်းကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်းက ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒဏ်ရာရရှိသွားတဲ့အထဲ သူလည်း ပါဝင်ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း အာရက္ခတပ်တော် ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းအကျဥ်းသား ၁၁၆ ဦး သေဆုံးသွားပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အမ်း ဒါးလက်ချောင်းစစ်သုံ့ပန်းအကျဥ်းစခန်းအား အကြမ်းဖက် စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ စစ်သုံ့ပန်း ဗိုလ်ကြီးတစ်ဦးရဲ့ စကားသံ (အင်တာဗျူး)
One Nation News


Leave a Reply