Category: News

  • မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရ

    မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရ

    ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ ခရိုင်ရဲတပ်ဖွဲ့စခန်း ဒရုန်းဗုံးကြဲချခံရပြီး ရဲတပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် တော်လှန်ရေးတပ်ဖွဲ့မှ ဒရုန်းဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ ရဲတပ်သား သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြဝတီရဲတပ်ဖွဲ့ဝင် တစ်ဦးထံက သိရသည်။ “ခရိုင်ရဲစခန်းဝင်းးရဲ့ အနောက်အဝင်ဝနားမှာ ပေါက်ကွဲ သွားတော့ ရဲတပ်သား သုံးဦးနဲ့ မိသားစုဝင်တစ်ဦး လေးဦး ထိခိုက်ဒဏ်ရာရတယ်။ မြဝတီခရိုင်ဆေးရုံကို ပို့ထားတယ်”ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ အဆိုပါ ခရိုင်ရဲရုံးကို ယမန်နေ့ ညပိုင်းက ဒရုန်းဗုံးဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့၏ စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။ “ညက ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့တာ။ သွားတိုက်ခိုက်ချိန် တစ်လုံးကြဲချပြီးချိန်မှာ…

  • တစ်ကြိမ်စစ်သားဖြစ်က အမြဲတမ်းစစ်သားဆိုသည့် စိတ်ဓာတ်ခံယူရန် ဒုစစ်ခေါင်းဆောင်ပြော

    တစ်ကြိမ်စစ်သားဖြစ်က အမြဲတမ်းစစ်သားဆိုသည့် စိတ်ဓာတ်ခံယူရန် ဒုစစ်ခေါင်းဆောင်ပြော

    စစ်မှုထမ်းသင်တန်းသားများသည် တပ်မတော်သားဘဝရရှိခံယူထားပြီးသူများဖြစ်၍ နိုင်ငံတော်နှင့် တပ်မတော်တာဝန်များကို၂၄ နာရီ တာဝန်ထမ်းဆောင်သော နိုင်ငံ့သားကောင်းများဖြစ်ကြောင်း၊ “Once a Soldier, always a Soldier” ဆိုသည်နှင့်အညီ တစ်ကြိမ်စစ်သားဖြစ်ပြီးပါက အမြဲတမ်းစစ်သားဖြစ်သည်ဆိုသည့် စိတ်ဓာတ်များခံယူထားရမည်ဟု ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယမန်နေ့ နံနက်ပိုင်း၌ ရန်ကုန်တိုင်း အင်းတိုင်တပ်နယ်ရှိ စစ်မှုထမ်းသင်တန်းသားများနှင့် တွေ့ဆုံစဉ်ပြောသည်။ စစ်မှုထမ်းသင်တန်းဆင်းများသည် နိုင်ငံ့သားကောင်းရတနာများအဖြစ် မိမိကိုယ်ကိုယ်မိမိ ဂုဏ်ယူကြရမည်ဖြစ်ကာ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာ၊ လက်နက်ငယ်ဘာသာရပ်အပါအဝင် အခြားစစ်ပညာများ စနစ်တကျသင်ကြားပေးခဲ့ပြီးဖြစ်၍ တတ်မြောက်ထားသည့် စစ်ပညာများကို စနစ်တကျ အသုံးချသွားရန်လည်း ၎င်းကဆိုသည်။ ထို့ပြင် စစ်စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံတတ်ရန်အရေးကြီးကြောင်း အမိန့်နာခံတတ်မှ အထက်ကပေးအပ်သည့် ရည်မှန်းချက်တာဝန်များထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်နှင့်တပ်မတော်အပေါ် သစ္စာစောင့်သိရန်လိုကြောင်းလည်း ဒုစစ်ခေါင်းဆောင်က ပြောသည်။ နိုင်ငံအား မပြိုကွဲရန် ထိန်းသိမ်းနိုင်ခြင်းမှာ ကျစ်လစ်ခိုင်မာ အင်အားတောင့်တင်းသည့်…

  • မောင်းနှင်သူတွေကိုစတေးပစ်မယ့် စက်တပ်လေထီးအသုံးပြုဗုံးကြဲခြင်း

    မောင်းနှင်သူတွေကိုစတေးပစ်မယ့် စက်တပ်လေထီးအသုံးပြုဗုံးကြဲခြင်း

    စစ်ကောင်စီက စက်တပ်လေထီးများကိုအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ရန်ကြိုးပမ်းလာခြင်းက မောင်းနှင်သူအတွက်အသက်အန္တရာယ်ကို အလေးမထားခြင်းကိုပြသနေသည်။ မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ဇရပ်ကြီးကျေးရွာကို ဒီဇင်ဘာ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်မှုလုပ်ပြီး စက်တပ်လေထီး (Powered parachute) အသုံးပြုတိုက်ခိုက်မှု ဗွေဆော်ဦးစတင်ခဲ့သည်။ လေယာဉ်ဆီမလိုအပ်ဘဲ သာမာန် စက်သုံးဆီများဖြင့် ပျံနိုင်သကဲ့သို့ လေယာဉ်ပြေးလမ်းများလည်း မလိုအပ်သော စက်တပ်လေထီးကို စစ်ဘက်ဆိုင်ရာတွင်အသုံးပြုခြင်းကလည်း မြန်မာနိုင်ငံစစ်သမိုင်းတွင် ပထမဆုံးဖြစ်လာခဲ့သည်။ ပြီးခဲ့သည့် မိုးကုန်ကာလ မှစတင်ကာ ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်တပ်လေထီးများကို အစမ်းမောင်းနှင်လေကျင့်ခဲ့ကြောင်း စစ်ကောင်စီ၏ လေကြောင်းပျံသန်းမှုကို စောင့်ကြည့်နေသည့်အဖွဲ့ဖြစ်သည့် NAS-နပ်စ်လေကြောင်းရန် အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။ “ပြီးခဲ့တဲ့ လ​တွေက ပြင်ဦးလွင်မှာ ​လေ့ကျင့်ပါတယ်။ ရှမ်းတဲက​နေ အခုက လေ့ကျင့်ရင်း စမ်းသပ် 81 မမ…

  • မြဝတီရဲစခန်း ဒရုန်းဖြင့် ဗုံးကြဲခံရမှုအတွင်း ထိခိုက်မှုများ ရှိသော်လည်း သတင်းဖုံးထား

    မြဝတီရဲစခန်း ဒရုန်းဖြင့် ဗုံးကြဲခံရမှုအတွင်း ထိခိုက်မှုများ ရှိသော်လည်း သတင်းဖုံးထား

    ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရှိ မြဝတီမြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရပြီး ရဲများ ထိခိုက်ဒဏ်ရာရမှု ရှိသော်လည်း သတင်းဖုံးထားကြောင်း ဒေသခံများက ပြောသည်။ ယမန်နေ့ (ဒီဇင်ဘာ ၂၈ ရက်) ည ၇ နာရီ ၂၅ မိနစ်အချိန်က ဗုံးပေါက်ကွဲသံ နှစ်ကြိမ်ကြားရပြီး မြဝတီရဲစခန်း ဒရုန်းဖြင့် ဗုံးကြဲခံရခြင်းဖြစ်သည်ဟု မြဝတီသတင်းရင်းမြစ်က ပြောသည်။ ” အကျယ်ကြီးပဲ နှစ်ခါတောင် ” ဟု မြဝတီမြို့ အမှတ် (၄) ရပ်ကွက် ဒေသခံတဦးက ပြောသည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း မြို့မရဲစခန်းမှ ရဲနှစ်ဦးထက်မနည်း ထိခိုက်မှု ရှိခဲ့သော်လည်း သတင်းဖုံးထားကြသည်ဟု မြေပြင် သတင်းရင်းမြစ်က ပြောသည်။ ” လောလောဆယ်တော့သတင်းကမတိကျသေးဘူး။ သူတို့ကသတင်းအမှောင်ချထားတယ်။ သိရသလောက်တော့ ရဲနှစ်ယောက်ကနေ သုံးယောက်လောက်သေတယ်လို့ပြောတယ်။ ထိခိုက်သူလည်း…

  • မေတ္တာမြို့ရှိ စစ်ကောင်စီ ဗျူဟာစခန်းကို ပို့မည့် ရိက္ခာများ သိမ်းဆည်းရမိဟု KNU ပြော

    မေတ္တာမြို့ရှိ စစ်ကောင်စီ ဗျူဟာစခန်းကို ပို့မည့် ရိက္ခာများ သိမ်းဆည်းရမိဟု KNU ပြော

    တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မေတ္တာမြို့ရှိ စစ်ကောင်စီဗျူဟာစခန်းကို ပို့မည့်ရိက္ခာများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က သိမ်းဆည်းရမိခဲ့‌ေကြာင်း သိရသည်။ ထိုသို့ သိမ်းဆည်းရမိကြောင်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) ဘိတ်-ထားဝယ်ခရိုင် ခရိုင်ဥက္ကဋ္ဌ ပဒိုစောဖလိုစိုးဝင်းက မဇ္ဈိမကို အတည်ပြုပြောကြားသည်။ ဒီဇင်ဘာလ ၂၆ ရက်က ကျောက်မဲတောင်ဘက်မှ မေတ္တာမြို့ဘက်သို့ ဆန်၊ ဆီ၊ စားသောက်ကုန်များ အပြည့်တင်ဆောင်လာသည့် မြေသယ်ကားတစီးကို ထားဝ​ယ်- ထီးခီးလမ်းပေါ်၊ ဟိန္ဒူးချောင်းရွာအနီးမှာ KNLA တပ်ရင်း (၁၂) က စစ်ဆေးဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ ဖြစ်စဉ်ကတော့ မှန်တယ်၊ အောက်ခြေက သတင်းပို့တာတော့ ရှိတယ်။ အသေးစိတ်တော့ တင်ပြထားတာ မတွေ့ရသေးဘူး။ နောက်ဆုံးအခြေအနေကိုတော့ တင်ပြတာမျိုး မရှိသေးဘူး” ဟု ပဒိုစောဖလိုစိုးဝင်းက ပြောသည်။…