Category: News

  • ပျော်ဘွယ်မြို့နယ်တွင် သိမ်ကျောင်းဆောင်အတွင်း မဖွယ်မရာလုပ်သူ စုံတွဲကို အမှုဖွင့်အရေးယူထား

    ပျော်ဘွယ်မြို့နယ်တွင် သိမ်ကျောင်းဆောင်အတွင်း မဖွယ်မရာလုပ်သူ စုံတွဲကို အမှုဖွင့်အရေးယူထား

    မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် သိမ်ကျောင်းဆောင်အတွင်း မဖွယ်မရာလုပ်သူ စုံတွဲကို အမှုဖွင့်အရေးယူထားကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၏ ထုတ်ပြန်ထားချက်အရ သိရသည်။ အဆိုပါရုပ်သံဖိုင်သည် လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ပြန့်နှံ့ခဲ့ခြင်းဖြစ်သည်။ လူမှုကွန်ရက်အင်တာနက်စာမျက်နှာများတွင် ဖော်ပြထားခြင်းနှင့်ပတ်သက်၍ ဗုဒ္ဓဘာသာကိုးကွယ်ဝတ်ပြုရာ ဘုရားကျောင်းဝန်း၊ သိမ်တော်မှန်းသိလျက်နှင့် ကိုးကွယ်ဝတ်ပြုရာ သိမ်ကျောင်းဆောင်အတွင်း ကျူးကျော်ဝင်ရောက်၍ မဖွယ်မရာပြုလုပ်ခဲ့သူများဖြစ်သည့် အမျိုးသား နှင့် အမျိုးသမီး ၂ ဦးတို့အား ဥပဒေအရ အရေးယူပေးပါရန် ကျေးရွာတာဝန်ရှိသူများက တိုင်ကြားခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် ဖေဖော်ဝါရီလ ၂၀ ရက်တွင် ပျော်ဘွယ်မြို့မရဲစခန်း၌ အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။

  • NUG ရဲ့ မြေအောက်ဆေးရုံ မိုင်းခွဲဖျက်ဆီးခံရ

    NUG ရဲ့ မြေအောက်ဆေးရုံ မိုင်းခွဲဖျက်ဆီးခံရ

    မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ထဲမှာ လျှို့ဝှက်ဆောက်လုပ်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ မြေအောက်ဆေးရုံ မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ နွားထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူတစ်ဦးက အတည်ပြုပါတယ်။ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာလည်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက မြေအောက်ဆေးရုံအတွင်းပိုင်းထဲအထိဝင်ပြီး မိုင်းတွေတပ်ဆင် ဖောက်ခွဲဖျက်ဆီးနေတဲ့ ရုပ်သံဖိုင်တွေကို ဖြန့်ဝေနေကြပါတယ်။ ရုပ်သံဖိုင်ထဲမှာတော့ ဖေဖော်ဝါရီ ၁၉ ရက် ရက်စွဲနဲ့ “ဖျက်ဆီးမှုမှတ်တမ်း”လို့ ဖော်ပြထားပေမယ့် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တာလို့ နွားထိုးကြီးပကဖရဲ့ တာဝန်ရှိသူတစ်ဦးက ထုတ်ပြောပါတယ်။ စစ်ကော်မရှင်က ဒီမြေအောက်ဆေးရုံရဲ့ တည်နေရာကို ထောက်လှမ်းရေးဒရုန်းတွေကတဆင့် တွေ့သွားတာဖြစ်နိုင်တယ်လို့ သူက သုံးသပ်ပါတယ်။ စစ်တပ်က “၂၀၂၅ နှောင်းပိုင်းလောက်မှာ လေကြောင်းနဲ့ လာကြဲတယ်။ အဲဒီကတည်းက ဒီဆေးရုံနေရာကို ခန့်မှန်းနိုင်နေပြီ။ အဲဒီနောက် အင်အားရာချီသုံးပြီး စစ်ကြောင်းဖြန့်ရှာတာတွေလုပ်ခဲ့တယ်” လို့ သူက ဆက်ပြောပါတယ်။ အဲဒီဆေးရုံဟာ ပဲကြီးခင်းကျေးရွာအနီးမှာ ရှိပြီး…

  • SKY Villa ထဲက ငလျင်ထိကားတွေ စုပြုံထားတဲ့နေရာ မီးလောင်

    SKY Villa ထဲက ငလျင်ထိကားတွေ စုပြုံထားတဲ့နေရာ မီးလောင်

    မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က ငလျင်ကြောင့်ပြိုကျသွားတဲ့ SKY Villa ကွန်ဒိုက ကားအဟောင်းတွေ စုပြုံထားတဲ့နေရာ ဒီနေ့ နေ့လယ်ပိုင်းမှာ မီးလောင်မှု ဖြစ်ခဲ့ပါတယ်။ ငလျင်ပိထားတဲ့ ကားတွေ စုပုံထားတဲ့ နေရာဖြစ်ပြီး ရှင်းလင်းရေးလုပ်စဉ် ကားတစ်စီး ဝါယာရှော့ ဖြစ်ကာ မီး လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။ “ရာသီဥတုက အရမ်းပူတော့ မီးက ချက်ချင်း များလာတာ။ ကားအဟောင်းပုံကြီးဆိုတော့ လောင်စာတွေချည်းလိုဖြစ်နေတာလေ”လို့ မီးလောင်ပြင်ကိုသွားရောက်ခဲ့သူတစ်ဦးက ပြောပါတယ်။ ဒီနေ့ နေ့လယ် ၁နာရီ ၅၀ မိနစ်က ‌‌‌‌‌‌‌‌မီးလောင်ခဲ့တာဖြစ်ပြီး ၂နာရီ ၂၀မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ခြံဝန်းထဲက ကားအဟောင်း စုပုံထားတဲ့ နေရာမှာ လောင်ကျွမ်းခဲ့တာမို့ ဘေးပတ်ဝန်းကျင်ကို ကူးစက် လောင်ကျွမ်းတာတော့မရှိခဲ့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။ SKY Villa အဆောက်အဦးဟာ…

  • ပျော်ဘွယ်မြို့က လက်မခံနိုင်တော့တဲ့ “သိမ်” အတွင်းက မဖွယ်မရာဖြစ်ရပ်

    ပျော်ဘွယ်မြို့က လက်မခံနိုင်တော့တဲ့ “သိမ်” အတွင်းက မဖွယ်မရာဖြစ်ရပ်

    ​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ အင်ကြင်းကုန်းကျောင်းတိုက် ရဲ့ အထွတ်အမြတ်ထားရာ “သိမ်” အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ မဖွယ်မရာကိစ္စဟာ အခုအခါမှာတော့ လူမှုကွန်ရက်ပေါ်တင်မကဘဲ မြေပြင်မှာပါ တုန်လှုပ်ခြောက်ခြားစရာ ဂယက်တွေ ရိုက်ခတ်နေပါတယ်။ ​📍 ဖြစ်စဉ်အကျဉ်း ​ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နေ့လယ်ပိုင်းက ချစ်သူနှစ်ဦးဟာ ဘုန်းကြီးကျောင်းဝင်းအတွင်း ဝင်ရောက်လာပြီးနောက် အမြင့်မြတ်ဆုံးနေရာဖြစ်တဲ့ “သိမ်” အတွင်းမှာ မဖွယ်မရာ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို ကျောင်းနေရဟန်းတစ်ပါးက တွေ့ရှိသွားပြီး ဗီဒီယိုမှတ်တမ်း ရိုက်ကူးခဲ့ရာမှတဆင့် လူမှုကွန်ရက်မှာ ပြန့်နှံ့သွားခဲ့တာပါ။ ​ 📢 ဒေသခံများ၏ ပြင်းထန်သော တုံ့ပြန်မှု ​ ဘာသာရေးအရ အထွတ်အမြတ်ထားရာ နေရာကို မလေးမခန့် ပြုမူခဲ့ကြတဲ့အပေါ် ပျော်ဘွယ်မြို့သူ/သားတွေက ဒေါသအထွတ်အထိပ် ရောက်နေကြပါတယ်။ ​ “ဒီလိုလူမျိုးတွေကို မြို့ကနေ…

  • ဒေါ်သက်သက်ခိုင် တော့ သွားပြီတဲ့ဟေ့

    ဒေါ်သက်သက်ခိုင် တော့ သွားပြီတဲ့ဟေ့

    ဒေါ်သက်သက်ခိုင် ပါတီဥက္ကဋ္ဌ အဖြစ်မှ အနားယူ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ရာထူးကနေ အနားယူလိုက်တယ်လို့ ဥက္ကဋ္ဌသစ်ဖြစ်လာသူ ဦးစောဟန်အေးက ပြောပါတယ်။ ဘာကြောင့်အနားယူရသလဲဆိုတာကိုတော့ “ပြောင်းလဲချိန်ရောက်လို့ ပြောင်းလဲတယ်လို့ပဲ ဖြေချင်ပါတယ်” လို့ သူကပြောပါတယ်။ ဒေါ်သက်သက်ခိုင်ကို နေအိမ်အကျယ်ချုပ်ချထားတယ်ဆိုတဲ့ သတင်းတွေကိုတော့ ပါတီဥက္ကဋ္ဌသစ်က ငြင်းဆိုပါတယ်။ ဒေါ်သက်သက်ခိုင်ဟာ ပါတီဂုဏ်ထူးဆောင်နာယကအဖြစ် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ပါတီဗဟိုအလုပ်အမှုဆောင်(CEC) နဲ့ ပါတီလုပ်ငန်းတွေမှာတော့ ပါဝင်တော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ ပါတီရဲ့ လူ့စွမ်းအားအရင်းအမြစ်လုပ်ငန်းတွေမှာပဲ ဆက်လက်အားဖြည့်မယ်လို့လည်းဆိုပါတယ်။ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုလည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး CEC အသစ် ကိုးဦး ထပ်ခန့်လိုက်ပါတယ်။ လူသိများတဲ့ နိုင်ငံရေးသမားဖြစ်တဲ့ ဒေါ်သက်သက်ခိုင်ဟာ ၂၀၂၅ ရွေးကောက်ပွဲကို သူပိုင်စီးပွားရေးလုပ်ငန်းရဲ့ ငွေကြေးကိစ္စ အကြောင်းပြုပြီး ဝင်ရောက်ယှဥ်ပြိုင်ခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။ ဒါ့အပြင် ခွင့်ပြုချက်မရဘဲသံရုံးတစ်ခုနဲ့တွေ့ဆုံခဲ့လို့ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သတိပေးမှုကိုခံထားရသူတစ်ဦးလည်းဖြစ်သလို…