Category: Feature


  • ဇွန်းတစ်ချောင်းဖြင့် စစ်ကြောရေး ငရဲခန်းသံတိုင်တို့ကို ဖောက်ထွက်ခဲ့သည့် UG ရဲဘော်

    အာဏာရှင်အဆက်ဆက်တို့သည် ဆန့်ကျင်တော်လှန်ကြသူများကို ဖမ်းဆီးပြီး စစ်ကြောရေးစခန်းများတွင် ချုပ်နှောင်ကာ သေခြင်းတရားနှင့် အနီးစပ်ဆုံးနေရာဆီသို့တွန်းပို့ နှိပ်စက်ခဲ့ကြသည်။ ထိုငရဲခန်းများမှ အကောင်းပကတိ ပြန်လည်ထွက်လာနိုင်သော ရာခိုင်နှုန်း အလွန်နည်းသည်။ စစ်အာဏာရှင် လက်ဝေခံများ၏ နှိပ်စက်မှုကြောင့် ခန္ဓာကိုယ်တွင် သေရာပါဒဏ်ရာများ၊ မနောစိတ်တွင် သေသည်အထိ စွဲမြဲသွားစေနိုင်သည့် ဒဏ်ချက်များကြောင့် ထိုစစ်ကြောရေးစခန်း လူလုပ်ငရဲခန်းများသည် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ နိုင်ငံတဝန်းရှိ ငရဲခန်းများအနက် ရန်ကုန်၊ မရမ်းကုန်းမြို့နယ်ရှိ ကိုးမိုင် စစ်ကြောရေးစခန်းလည်း ပါဝင်သည်။ ထိုငရဲခန်းတွင် ခုနစ်ရက်တာ နေခဲ့ရပြီး ရန်သူ၏လက်မှ ရှားရှားပါးပါး လွတ်မြောက်လာခဲ့သည့် တော်လှန်ရေးရဲဘော်မှာ ကိုနေရိပ် ဖြစ်သည်။ ယခုမူ လွတ်မြောက်နယ်မြေ တစ်နေရာရှိ သစ်ပင်များအုံ့ဆိုင်းနေသော တောအုပ်အတွင်း ဝါးတဲငယ်များကြား သစ်ငုတ်တိုတစ်ခုပေါ်တွင် အသက် ၃၁ နှစ် ရှိပြီဖြစ်သော ကိုနေရိပ် ထိုင်နေသည်။…

  • မြောင်းမြတွင် လယ်ကန်သင်းပေါက်ရာမှ ပေါ်လာသည့် ဘုရားဆင်းတုတော်ကို ဖူးမြော်သူ များပြား

    ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကျွန်းဒိတ်ကျေးရွာမှာ လယ်ကန်သင်းပေါက်ရာကနေ ဘုရားဆင်းတုတော်တဆူ ပေါ်ထွက်လာလို့ စိတ်ဝင်တစား ဖူးမြော်နေကြတဲ့သူတွေ များပြားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဖေဖော်ဝါရီလ ဒုတိယအပတ်ကစတင်ပြီး ကျွန်းဒိတ်ကျေးရွာက ဒေါ်သန်းအေးရဲ့ လယ်ကွက်ထဲကနေ လယ်ကန်သင်းပေါက်ရာက ဘုရားဆင်းတော်တဆူကို တွေ့ရှိတာကြောင့် ယာယီကျောင်းဆောင်လုပ်ကာ ဖူးမြော်နေကြတာလို့ သိရပါတယ်။ ကျွန်းဒိတ်ရွာသားတယောက်က “လောလောဆယ် ယာယီစံကျောင်းနဲ့ ပူဇော်ထားတာ တွေ့ရတယ်။ အတိတ်နိမိတ်ကောင်းတယ်ဆိုပြီး ဒီအနီးအနားရွာတွေက တော်တော်များများ လာဖူးကြတယ်” လို့ ပြောပါတယ်။ အဲဒီဘုရားဆင်းတုတော်ကို ပေါ်တော်မူစေတီလို့ ခေါ်ဆိုပြီး လာရောက်ဖူးမြော်ကြတဲ့အပြင် ဘုရားဆင်းတုတော် ပေါ်ပေါက်လာတဲ့ လယ်ကွက်အတွင်းက ရေတွေကိုလည်း အန္တရာယ်ကင်းစေတဲ့ ရေစင်တော်အဖြစ် ယုံကြည်မှုနဲ့ ရေသန့်ဘူးတွေနဲ့ အလုအယက် ခပ်ယူမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ အဲဒီဆင်းတုတော်ကို လာရောက်ဖူးမြော်သူတယောက်က “အတိတ်ကောင်း နိမိတ်ကောင်းပေါ့၊ ရောဂါအန္တရာယ် အသွယ်သွယ်ကနေ…

  • ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းစဥ် ပြီးစီး

    ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းစဥ် ပြီးစီးသွားပြီမို့ ဒီကနေ့မနက်မှာ ဖူးမြင်ရတဲ့ မြင်ကွင်းပုံရိပ် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းစဥ်ကို ပြီးခဲ့တဲ့ရက်တွေမှာ စတင်ခဲ့တာ ဖြစ်ပါတယ်. မနေ့က ဖေဖော်ဝါရီလ ၂၄ ရက် ည ၁၁နာရီ ကျော်အချိန်မှာတော့ လုပ်ငန်းစဥ်အားလုံးပြီးစီး အောင်မြင်ခဲ့တာကြောင့် ငြမ်းတွေအားလုံး ဖြု-တ်သိမ်:လိုက်ပြီလို့ သိရပါတယ်. ဒီကနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်အစောမှာတော့ ရွှေသင်္ကန်းအသစ်ကပ်လှူထားတဲ့ စေတီတော်ကြီးကို ကြည်ညိုဖွယ်ရာ ဖူးတွေ့ရတဲ့ မြင်ကွင်းကို ကုသိုလ်ဝေမျှဖော်ပြပေးလိုက်ရပါတယ်. ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး (၃)နှစ် တစ်ကြိမ် လုံးတော်အပြည့် ရွှေသားအစစ် ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခြင်းလုပ်ငန်းအား ပြီးစီး၍ ! ကျန်ရှိနေသည့် ငြမ်းအား ယနေ့ည(၁၀:၀၁) မိနှစ်အချိန်တွင် ဖြုတ်သိမ်းပြီးစီးပါသည် ။ 🙏☘️~…

  • ပါမောက္ခချုပ် ဆရာတော်အသစ် ဖြစ်ပေါ်လာမယ့် ဆရာတော် ဦးဇောတိက

    အဘိဓမ္မာတက္ကသိုလ်ရဲ့ ပါမောက္ခချုပ် ဆရာတော်ဘုရား ဒေါက်တာ နန္ဒမာလာဘိဝံသ အနေနဲ့ ဒုတိယ ပါမောက္ခ ဆရာတော်ကြီးအဖြစ် ထမ်းဆောင်လျက်ရှိတဲ့ ငြိမ်းချမ်းရေးတက္ကသိုလ်ကို တည်ထောင်ခဲ့သူ ဆရာတော် ဒေါက်တာ ဦးဇောတိက အား အဘိဓမ္မတက္ကသိုလ် ပါမောက္ခချုပ် ရာထူးကို လွဲပြော၊င်းပေး ချင်ခဲ့တာကြောင့် လ၊က်ခံတော်မူရန် အကြိမ်ကြိမ် တိုက်တွန်း ခဲ့ပါတယ်။ ပါချုပ်ဆရာတော်ဘုရားကြီးမှ ယခုတစ်ခါ ထပ်မံ အမိ၊န့် ရှိလာခဲ့တာကြောင့် ( ၂၅ ) ရက်နေ့မှာတော့ ရန်ကုန် အဘိဓမ္မာတက္ကသိုလ်မှာ အခမ်းအနားပြု လုပ်ပြီး ဆရာတော် ဦးဇောတိကအနေနဲ့ ပါမောက္ခ ချုပ်ဆရာတော်အဖြစ် ဆက်လက်ထမ်းဆောင်နိုင် အောင် လွှဲပြော၊င်း ရယူသွားတော့မှာဖြစ်ပါတယ်။ ဆရာတော်ကြီးများလည်း ရွင်လန်းချမ်းမြေ့ပါစေ..

  • အတုယောင် ပျော်ရွှင်မှုတွေနဲ့ ဟန်ဆောင်ကောင်းလွန်းတဲ့ ရန်ကုန်မြို့ပျက်ကြီးထဲက မျှော်လင့်ချက်မဲ့ လူငယ်တစ်ဦး

    ကျွန်တော်က အသက် ၂၃ နှစ်၊ တက္ကသိုလ် ဒုတိယနှစ်မှာပဲ ကျောင်းဆက်မတက်တော့ ဘွဲ့ မရခဲ့ဘူး။ ရန်ကုန်က ဖုန်းဆိုင်တခုရဲ့ အရောင်းပိုင်းမှာ အကူဝင်လုပ်နေသူပေါ့။ ရန်ကုန်ကို ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ရောက်ခဲ့တော့ အခုဆိုရင် ၂ နှစ်ကျော်ပြီလို့ ပြောလို့ ရတယ်။ နယ်မှာ အခြေအနေ မကောင်းလို့ ရန်ကုန်ကို တက်လာတယ်ပဲ ဆိုပါတော့ဗျာ။ လစာက ၂ သိန်းခွဲနဲ့ ၃ သိန်းကြားပေါ့။ လစာကတော့ မလောက်ပါဘူး။ ဘွဲ့ရတွေတောင် ၂ သိန်းခွဲပဲပေးတဲ့ ခေတ်ဆိုတော့လည်း ဒီလစာရတာပဲ ကျေးဇူးတင်ရမလိုလိုပေါ့။ နယ်မှာ ရှိတဲ့ အမေနဲ့ ညီမကိုတောင် လစဉ် မထောက်ပံ့နိုင်ပါဘူးဗျာ။ ညီမလေး မွေးနေ့နဲ့ သီတင်းကျွတ်လောက်ပဲ ပိုက်ဆံလေး နည်းနည်းပါးပါး လွှဲပေးနိုင်တယ်။ အမေတို့ကလည်း ပေါ်တာမပါသွားဖို့နဲ့…