Category: Feature
-

ရွှေလက်ဒေါ်ခင်စန်းရီ-ပရိသတ်သန်းကျော်ရှိတဲ့ လိုင်စင်မဲ့ ဆေးကုသူ
အနောက်တိုင်းဆေးပညာ ဆရာဝန်နဲ့ တိုင်းရင်းဆေး သမားတော် မဟုတ်တဲ့ လိုင်စင်မဲ့ အပ်ပုန်း၊ ရမ်းကု တွေဟာ လူသိပ်မသိအောင် နေထိုင်လုပ်ကိုင်ကြရာကနေ အခုနှစ်ပိုင်းမှာ လူမှုကွန်ရက်မှာ ပေါ်ပေါ်ထင်ထင် ရှိလာကြပါတယ်။ နိုင်ငံလူဦးရေရဲ့ထက်ဝက်နီးပါး လူပေါင်း ၂၄ သန်းကျော် အင်တာနက်အသုံးပြုကြတဲ့ မြန်မာမှာ လူသိများအောင် လုပ်ဆောင်ဖို့ ဆိုရှယ် မီဒီယာက အလွယ်ကူဆုံးနေရာ ဖြစ်ပါတယ်။ လေဖြတ်ဝေဒနာကို ၂ နှစ်ဝန်းကျင်ခံစားနေရတဲ့ ကိုဇော်ဟာ TikTok သုံးနေရင်း အမျိုးသမီးတစ်ဦးက သူ့လို ဝေဒနာရှင်တွေကို တစ်ကြိမ်တည်းနဲ့ သက်သာအောင် ကုသပေးနေတဲ့ရုပ်သံကို ဒီနှစ် အစပိုင်းမှာ တွေ့ရှိခဲ့ပါတယ်။ “ကျွန်တော်တို့လို လူနာတွေက ပျောက်ချင်တာပဲသိတာ။ ဒီလို ပျောက်အောင်ကုနိုင်တယ်ဆိုတာနဲ့ သွားကုချင်ကြတော့တာ” လို့ မိတ္ထီလာမြို့နယ်ထဲက ရွာတစ်ရွာမှာနေတဲ့ ကိုဇော်က ပြောပါတယ်။ လေဖြတ်ရောဂါလူနာတွေကို ဆေးကုပေးနေတယ်ဆိုတဲ့…
-

သတင်းတချို့တလေကြောင့် စိတ်ဓာတ်ကျနေရင် အသိပေးစရာရှိတာ ပေးပါမယ်
သတင်းတချို့တလေကြောင့် စိတ်ဓာတ်ကျနေရင် အသိပေးစရာရှိတာ ပေးပါမယ် ကျွန်တော်တို့မှာ မဟာဗျူဟာမြောက် အင်အားနဲ့ ထိုးစစ် လုပ်ဆောင်နိုင်စွမ်း ပျက်ယွင်းမသွားပါ ဒါဟာ ကျွန်တော့် ထင်ရာမြင်ရာ အာဘော်မဟုတ်ဘဲ သတင်းအချက်အလက်အပေါ် အခြေခံပြီးမှ စနစ်တကျ ရှု့မြင်တဲ့ ယူဆချက် ဖြစ်ပါတယ် ဗန်းမော်မှာလည်း တဂျိမ်းဂျိမ်းချနေတာ ပွဲက မရပ်သေးပါဘူး ကျွန်တော်တို့တပ်ရင်း အပါအဝင် အညာက တက်သွားတဲ့ တပ်တွေလည်း ဗန်းမော်မှာ ဝင်ချနေကြတုန်းပါ မြို့ထဲကနေ စစ်တပ်က ပြန်ထွက်သွားပါတယ် လက်လွှတ်လိုက်ရတဲ့ အမြောက်တပ်ကို KIA PDF တွေ ပြန်သိမ်းတဲ့သတင်း တွေ့မှာပေါ့နော့ ထိုင်း မြန်မာနယ်စပ်ရဲ့ ခြောက်ဆယ်ရာခိုင်နှုန်း ကီလိုမီတာ ရှစ်ရာကျော် သိမ်းယူထားနိုင်တဲ့ KNLA ကလည်း ဝေါလေဗျူဟာကို ထိုးနေပါတယ် KNDF KA KNPP တွေကလည်း…
-

ငလျင်ဆိုတာကို ကြိုတင်ခန့်မှန်းဖို့က မိုးလေဝသထက် အဆပေါင်းများစွာ ပိုခက်ခဲတယ်၊ လှုပ်ချင်ရင် လှုပ်မယ် မလှုပ်ချင်ရင် မလှုပ်ဘူး
“ငလျင်ဆိုတာကို ကြိုတင်ခန့်မှန်းဖို့က မိုးလေဝသထက် အဆပေါင်းများစွာ ပိုခက်ခဲတယ်၊ လှုပ်ချင်ရင် လှုပ်မယ် မလှုပ်ချင်ရင် မလှုပ်ဘူး” ငလျင်တိုင်းစက်တွေ တော်တော်များများ တပ်ဆင်ပြီးလို့ လှုပ်ရင် တန်းသိတယ်၊ မလှုပ်ခင်မှာတော့ ဘာမှကြိုတင်မသိဘူး။ ပဲခူးက စက်နဲ့ လှုပ်တဲ့ငလျင်အကွာအဝေးတွေ တွေ့ကြရမယ်၊ နေရာ/အချိန် အတည်ပြုမှတ်တမ်းတင်ထားနိုင်တယ်။ ကြိုပြောနိုင်လား – မပြောနိုင်ဘူး။ စိုးရိမ်ရလား – အထပ်မြင့်တိုက်တွေ၊ တိုက်အိုတိုက်ဟောင်းတွေ သတိထားရမှာပေါ့ – “common sense” ဘဲလေ။ ကြိုတင်မပြောနိုင်တာကြောင့် သတိထားပြီးငလျင်များနဲ့ အတူတကွနေထိုင်တတ်ဖို့တော့ လိုတယ်။ အရေးကြီးစာရွက်စာတမ်းတို့ အရေးပေါ်ဆေးဝါးတို့ ပြင်ဘို့လိုတာတွေပြင်ထားရမယ်။ ကိုယ်ကအိမ်ထောင်ဦးစီးဆိုရင် – မိသားစုတွေနဲ့ ဘယ်နေရာမှာ ဘယ်လိုပြန်ဆုံကြမယ်ဆိုတဲ့ စုရပ်သတ်မှတ်ပေးထားရမယ်။ ကိုယ်တည်နေရာကို ကယ်ဆယ်ရေးအဖွဲ့တွေ ရှာတွေ့နိုင် အောင် ဝီစီလေးတွေ ဝယ်ထားဆောင်ထားရမယ်။ အဲ့ သည်လောက်တော့…
-

Happy Water သောက်ရင်း မူးယစ်သားကောင်ဘဝ ရောက်သွားသူများ
ဒီနေ့ခေတ် လူငယ်တွေကြားထဲမှာ “Happy Water” ဆိုတဲ့ နာမည်လေးက ချစ်စရာလေးနော်။ နားထောင်လိုက်တာနဲ့ ပျော်ရွှင်ခြင်းတွေ ယူဆောင်လာပေးမယ့် အရာတစ်ခုလိုပဲ။ ကျွန်တော်လည်း ဒီနာမည်ကို ကြားမိတော့ စိတ်ထဲမှာ မေးခွန်းတစ်ခု ပေါ်လာတယ်။ ဒီ ‘Happy Water’ ဆိုတာ တကယ်ပဲ ပျော်ရွှင်ခြင်းကို ပေးရဲ့လား။ ဒါမှမဟုတ် ပျော်ရွှင်မှုဆိုတဲ့ ခေါင်းစဉ်အောက်က ခဏတာ ထင်ယောင်ထင်မှားဖြစ်မှုနဲ့ ဘဝတစ်ခုလုံးကို လဲလှယ်ခိုင်းနေတဲ့ ကုန်သည်ရဲ့ လှည့်ကွက်တစ်ခုလား။ ဒီမေးခွန်းရဲ့အဖြေကို နားလည်ဖို့၊ အဲ့ဒီ ‘ပျော်စေတဲ့အရည်’ ထဲမှာ တကယ်တမ်း ဘာတွေပါနေလဲဆိုတာကို ကျွန်တော်တို့ အရင်ကြည့်ဖို့လိုတယ်။ ကျွန်တော် လေ့လာကြည့်မိသလောက် ဒါဟာ ဆေးတစ်မျိုးတည်းမဟုတ်ဘူး။ လူ့ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို ချောက်ကျားလန်ကျားဖြစ်အောင် တမင်ရောစပ်ထားတဲ့ ကြောက်စရာကောင်းတဲ့ ဓာတုဗေဒ ကော့တေးလ်တစ်ခွက်ပဲ။ သူ့ထဲမှာ စိတ်ကို…
-

ဆယ်ကျော်သက်ကောင်လေးကို ချစ်သူမိန်းကလေးက မြဝတီကျားဖြန့်သို့ ရောင်းချ
တရုတ်နိုင်ငံက အသက် ၁၉ နှစ်အရွယ် ကောင်လေးတဦးဟာ ၁၇ နှစ်အရွယ် ချစ်သူ မိန်းကလေးရဲ့ လှည့်ဖျားခံရပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကျားဖြန့်လုပ်ငန်းတခုဆီ လူကုန်ကူးခံခဲ့ရတဲ့အကြောင်း The Standard (HK) News သတင်းမှာ ဩဂုတ် ၁၈ ရက်က ဖော်ပြပါတယ်။ သူ့ရဲ့ မျိုးရိုးနာမည်ကိုတော့ ဟူအန်လို့ ဖော်ပြပြီး သူ့ကို ချစ်သူမိန်းကလေးရှိုက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက မြန်မာပြည်ကို ဖျားယောင်းခေါ်ဆောင်သွားခံခဲ့ရတာလို့ ဆိုပါတယ်။ ဟူအန်ရဲ့ အစ်မဖြစ်သူရဲ့ ပြောကြားချက်အရ သူတို့ ၂ ယောက်ဟာ ပြီးခဲ့တဲ့ နှစ်တုန်းက ဘိလိယက်ခန်းမတခုမှာ ဆုံခဲ့ကြတာဖြစ်ပြီး မိန်းကလေးဖြစ်သူဟာ တန်ဖိုးကြီး ဇိမ်ခံအမှတ်တံဆိပ်အသုံး အဆောင်တွေနဲ့ သူ့ကိုယ်သူ ချမ်းသာကြွယ်ဝတဲ့ အမွေဆက်ခံသူအဖြစ် ဟန်ဆောင်ခဲ့ တယ်လို့…