Category: Feature

  • လယ်ကွင်းများထဲ ရွှေတူးဖော်တဲ့ ညီနောင်တပ်ဖွဲ့များ

    လယ်ကွင်းများထဲ ရွှေတူးဖော်တဲ့ ညီနောင်တပ်ဖွဲ့များ

    သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ) က ပြောသည်။ လက်ရှိ ရွှေတူးဖော်သည့်နေရာမှာ မိုင်းငေါ့မြို့နယ် ကွန်ကောက်ရွာနှင့် မန်ပင့်ရွာကြားရှိ လယ်မြေများဖြစ်ပြီး ထိုသို့ တူးဖော်မှုကြောင့် လယ်ယာမြေများ ပျက်စီးနေကြောင်း နန်းခမ်းက ဆိုသည်။ “သူတို့မြေစာပုံကြီးက လွိုင်ဆမ်ဆစ်တောင်နဲ့ တော်တော်တူတယ်။ ချောင်းဘေးတစ်လျှောက် လယ်ကွက်တွေ မမြင်ရတော့ဘူး။ ကျမတို့လယ်တွေလည်း ပါပါတယ်။ ကျမတို့ မိုင်းငေါ့ကတော့ ရှေ့ဆက်ပြီး ဘယ်လိုခံစားရဦးမလဲ မသိတော့ပါဘူး” ဟု နန်းခမ်းက ပြောသည်။…

  • မြန်မာရဟန်းတော်များ “ဘွဲ့ဝတ်စုံ”ကို ဂုဏ်ယူစွာ ဝတ်ဆင်နေ​ကြခြင်း

    မြန်မာရဟန်းတော်များ “ဘွဲ့ဝတ်စုံ”ကို ဂုဏ်ယူစွာ ဝတ်ဆင်နေ​ကြခြင်း

    မြန်မာရဟန်းတော်များ “ဘွဲ့ဝတ်စုံ”ကို ဂုဏ်ယူစွာ ဝတ်ဆင်နေ​ကြခြင်းအပေါ် အထူးသတိပြု ဆင်ခြင့်သင့်ပါတယ် 😔🙏 ​ယနေ့ခေတ် မြန်မာရဟန်းတော်များအကြား ဘွဲ့နှင်းသဘင် အခမ်းအနားများတွင် “ဘွဲ့ဝတ်စုံ” ဝတ်ဆင်ခြင်းသည် မြတ်ဗုဒ္ဓ၏ အဆုံးအမဖြစ်သော “အရဟတ္တဓဇ သင်္ကန်းတော်” ထက်ပင် ဂုဏ်ထူးဝိသေသ ပိုနေသယောင် ဖြစ်လာနေခြင်းအပေါ် အထူးသတိပြု ဆင်ခြင်သင့်သည်ဟု ယူဆမိပါသည်။ ​၁။ သာသနာ့အောင်လံ နှင့် လောကီအဆောင်အယောင် သင်္ကန်းတော်သည် ကိလေသာကို ပယ်သတ်ပြီးသား ရဟန္တာအရှင်မြတ်တို့၏ အောင်လံတံခွန် (အရဟတ္တဓဇ) ဖြစ်သည်။ ကာ.မ.ဂု.ဏ်ကို စွန့်ခွာခြင်း၏ ပြယုဒ်ဖြစ်သည်။ သို့သော် ဘွဲ့ဝတ်စုံသည် အနောက်တိုင်း ပညာရေးစနစ်မှ ဆင်းသက်လာသော “ပညာတတ်မြောက်မှု” ပြယုဒ် အဆောင်အယောင်မျှသာ ဖြစ်သည်။ ​၂။ အနှစ်သာရ နှင့် အသွင်သဏ္ဌာန် ဗုဒ္ဓသာသနာသည် တိတ္ထိယများနှင့် မတူအောင် အနှစ်သာရဖြင့်…

  • အောင်ပွဲက ၆ ရက်၊ ခံစစ်က ၆ လ

    အောင်ပွဲက ၆ ရက်၊ ခံစစ်က ၆ လ

    အောင်ပွဲက ၆ ရက်၊ ခံစစ်က ၆ လ “မြို့ကိုသိမ်းတာ ၆ ရက်ပဲ ကြာတယ်၊ ဒါပေမယ့် မြို့ကို သိမ်းပြီးနောက်မှာ ကျွန်တော်တို့က မြို့ကို ရကတည်းက ခံစစ်၊ ခံစစ်နဲ့ အခုဆိုရင် စဝင်တဲ့နေရာအထိ ပေးလိုက်ရပြီ။ ခံစစ်ဆိုတဲ့ အမိန့်အောက်မှာ ကျွန်တော်တို့ရဲ့ ပေးဆပ်မှုတွေနဲ့…” ဒါကတော့ စစ်ကိုင်းတိုင်း-ကချင်ပြည် နယ်စပ်က ဗန်းမောက်မြို့သိမ်းပြီးနောက် ယခုအခါမှာ မြို့ပြန်လည်ဆုံးရှုံးသွားတဲ့အပေါ် မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ရှေ့တန်းရဲဘော်တစ်ဦးရဲ့ စကားသံ ဖြစ်ပါတယ်။ ထိုရဲဘော်ရဲ့ စကားသံတွေနဲ့ မျက်ဝန်းထဲမှာတော့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလထဲက နေ့ရက်တွေကို ပြန်လည်ဂုဏ်ယူဝင့်ကြွားတဲ့ အရိပ်အယောင်တွေတော့ ရှိနေဆဲ ဖြစ်ပါတယ်။ ဗန်းမောက်မြို့ကို စစ်ဒေသ-၁ လက်အောက်ခံ တပ်ရင်းတွေနဲ့ ဗန်းမောက်မြို့နယ် ပကဖတပ်တွေက စက်တင်ဘာ…

  • တော်လှန်ရေးခရီးလမ်းမှ အာဇာနည် အိုးသူကြီး မာမီရွှေမန်း (ခ) မစန္ဒာ

    တော်လှန်ရေးခရီးလမ်းမှ အာဇာနည် အိုးသူကြီး မာမီရွှေမန်း (ခ) မစန္ဒာ

    ရဲဘော်တိုင်းက “မာမီ” ဟု ချစ်ခင်လေးစားစွာ ခေါ်ဝေါ်ကြသော မာမီရွှေမန်း(ခ)မစန္ဒာသည် ၂၀၂၆ ခုနှစ် မတ်လ ၂၃ ရက်နေ့ ညပိုင်းက ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။ ၎င်းသည် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်း လက်နက်ကိုင်တော်လှန်ရေးအစပိုင်းကာလများမှစ၍ ယနေ့အချိန်အထိ ရှေ့တန်းစစ်မျက်နှာပြင်မှ ရဲဘော်များအတွက် အရေးပါဆုံးသော အာဟာရချက်ပြုတ်မှုတာဝန်ကို မညည်းမညူ ထမ်းဆောင်ခဲ့သူဖြစ်သည်။ မာမီရွှေမန်းသည် ၂၀၂၁ ခုနှစ် မေလခန့်က လေးကေ့ကော်ဒေသတွင် ဖွင့်လှစ်ခဲ့သော ကနဦး PDF စစ်သင်တန်းများမှစ၍ တော်လှန်ရေးထဲသို့ ဝင်ရောက်လာသူဖြစ်သည်။ ယင်းအချိန်တွင် အသက် ၄၅ ဝန်းကျင် အရွယ်ရှိပြီဖြစ်သော်လည်း ခင်ပွန်းဖြစ်သူ ဦးလတ်နှင့်အတူ လူငယ်များနှင့်တန်းတူ စစ်သင်တန်းကို ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့သည်။ သင်တန်းဆင်းပြီးချိန်မှစ၍ တော်လှန်ရေးသက်တမ်း လေးနှစ်ကျော်ကာလပတ်လုံး Cobra စစ်ကြောင်း၏ စားဖိုဆောင်တွင် တာဝန်ယူကာ…

  • ရွှေလင်ဗန်း Mengyue စက်ရုံ လုပ်ငန်းခွင်နှင့် အသက်ပေးခဲ့ရသည့် အလုပ်သမားတို့ဘဝများ

    ရွှေလင်ဗန်း Mengyue စက်ရုံ လုပ်ငန်းခွင်နှင့် အသက်ပေးခဲ့ရသည့် အလုပ်သမားတို့ဘဝများ

    လှိုင်သာယာမြိုနယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ထဲက Mengyue Garment ဆိုတဲ့ အထည်ချုပ်စက်ရုံ က အပြင်ပန်း ကြည့်ရင် အလုပ်အကိုင်အခွင့်အလမ်းလို ထင်ရပေမဲ့ လုပ်ငန်းခွင်က အလုပ်သမားတွေဟာ ငရဲခန်းလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီစက်ရုံက တရုတ်နိုင်ငံသားပိုင် အလုပ်သမား ၇၀၀ ကျော်က Sinsay တံဆိပ် အထည်တွေကို ချုပ်လုပ်ပေး နေရတာပါ။ ဒီလုပ်ငန်းခွင်မှာ အဆိုးရွားဆုံးကတော့ အိမ်သာသွားတာကိုတောင် ကတ်နဲ့သွားခိုင်းပြီး ကန့်သတ်ထားတာပါ။ ယောက်ျားလေး အလုပ်သမား ၂၂၀ ကျော်အတွက် အိမ်သာကတ်က မလုံလောက်တဲ့အပြင်၊ အိမ်သာရှေ့မှာ လုံခြုံရေးတွေ ထားပြီး တစ်မိနစ်ထက်ပိုကြာရင် အထဲကနေ အတင်းဆွဲထုတ်တဲ့အထိ လူမဆန်စွာ လုပ်ဆောင် ပါတယ်။ ဒီအိမ်သာအခက်အခဲကြောင့်ပဲ ၂၀၂၃ ခုနှစ်ထဲမှာ အမျိုးသမီးအလုပ်သမားတစ်ယောက် အိမ်သာထဲပြုတ်ကျပြီး ဆေးရုံတက်ခဲ့ရကာ ၈ ရက်အကြာမှာ သေဆုံးသွားခဲ့ရတဲ့အထိ…