Category: Feature
-

အဖေကို အမြန်သင်္ဂြိုလ်ပြီး ရှေ့တန်းထွက်ခဲ့တဲ့ ယင်းမာပင်ခရိုင်အမှတ်၆တပ်ရင်း ဆေးမှူး (ရုပ်/သံ)
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ဇီးဖြူကုန်းပျူစခန်းကို တိုက်ခိုက်ဖို့အတွက် အဖေဖြစ်သူကို အမြန်မီးသင်္ဂြိုလ်ပြီး ရှေ့ထွက်ခဲ့တဲ့ ယင်းမာပင်ခရိုင်အမှတ် ၆ တပ်ရင်း ဆေးမှူးက ၎င်းရဲ့အဖြစ်အပျက်ကို ကျည်ငါးသောင်းကမ်ပိန်းဖြစ်တဲ့ အနောက်ဖက်လွင်ပြင်သို့ကမ်ပိန်းမှာ ပြီးခဲ့ရက်ပိုင်းက အခုလို ပြောကြားခဲ့ပါတယ်။ ၎င်းကိုယ်တိုင် ခြေတစ်ဖက်မသန်တော့ပေမဲ့ လက်ရှိတော်လှန်ရေးကို နားတော့မယ်လို့ စိတ်ကူးတိုင်း ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မျက်နှာကို မြင်ယောင်တဲ့အတွက် အသက်ရှင်နေသ၍ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်သွားမယ်လို့ ၄င်းကပြောဆိုခဲ့ပါတယ်။ Video-အနောက်မြောက်လွင်ပြင်သို့
-

စစ်ကောင်စီကျင်းပသည့် သီတင်းကျွတ်လပြည့်ည လူသတ်ပွဲတော်
သီတင်းကျွတ်လပြည်နေ့ဖြစ်သော်လည်း အလုပ်မအားလပ်ဘဲ ဖုန်းတစ်လုံးနဲ့ ကိုမြကြီးတစ်ယောက် ပျာယာခတ်နေသည်။ စစ်ကောင်စီ၏ဝေဟင်လှုပ်ရှားမှုများ၊ မြေပြင်လှုပ်ရှားမှုများကို စောင့်ကြည့်ကာ ဒေသခံလူထုအန္တရာယ်ကင်းဖို့တစ်ထောင့် တစ်နေရာမှာပါဝင်ပြီး ကိုမြကြီး တစ်ယောက်အလုပ်ရှုပ်နေခြင်းဖြစ်သည်။ ကိုမြကြီးတို့ဒေသခံအဖွဲ့သည် ၎င်းတို့နေထိုင်သည့်ဒေသအတွင်း စစ်ကောင်စီ၏ဝေဟင်လှုပ်ရှားမှုများ၊ မြေပြင်စစ်ရေးလှုပ်ရှားမှု များကို နေ့ဒဓူဝ စောင့်ကြည့်နေသူများဖြစ်သည်။ အောက်တိုဘာလ ၆ ရက်နေ့ သီတင်းကျွတ်လပြည့်ည ၇ နာရီဝန်းကျင်တွင် ဒေသခံလူထုအန္တရာယ်ကင်းဖို့စစ်ကောင်စီ၏ ဝေဟင် လှုပ်ရှားမှုများကို စောင့်ကြည့်နေချိန် ကိုမြကြီးတစ်ယောက် မထင်မှတ်ပဲ ကျယ်ကျယ်လောင်လောင်ပေါက်ကွဲသံနှစ်ချက်ကို ဆက်တိုက်ဆိုသလို ကြားလိုက်ရသည်။ ပေါက်ကွဲသံသည် ကိုမြကြီးရှိနေသည့်နေရာနှင့် တစ်မိုင်ခွဲလောက်အကွာကနေထွက်ပေါ်လာခြင်းဖြစ်ပြီး အသံကြားလိုက်ရသည် နှင့် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားသည်ကို ကိုမြကြီးတစ်ယောက်သိလိုက်သည်။ “ကျနော့အနေနဲ့ဒီလောက်ထိဆိုးဆိုးရွားရွားဖြစ်သွားလိမ့်မယ်လို့တော့လုံးဝမထင်ထားခဲ့ဘူး။ အခုမနက်ဘဲ နယ်မြေရှင်းလင်း ရေးလုပ်ရင်း ကလေးလေးရဲ့ လက်တစ်ဖက်ကိုခြုံထဲမှာရှာလို့တွေ့တာ“ဟုဆိုကာ အားတင်းပြီးပြောပြနေဟန်တူသည့် ကိုမြကြီးဆီက ငိုသံတစ်ချက်တစ်ချက်ကြားရသည်။ ဗုဒ္ဓဘာသာသက်ဝင် ယုံကြည်သူများအတွက် နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်သည့် အောက်တိုဘာလ ၆…
-

စာသင်နေတဲ့ သားတစ်ယောက် သေဆုံးခဲ့ရတဲ့ မိခင်မုဆိုးမတစ်ယောက်ရဲ့ ရင်ဖွင့်သံ (ရုပ်/သံအင်တာဗျူး)
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်၊ ညဉ့်သန်ခေါင်ယံ ၁ နာရီကျော်အချိန်မှာ ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာက ပညာပန်းခင်းနဲ့ အမြင်သစ်ကိုယ်ပိုင်အထက်တန်း (ဘော်ဒါ)ကျောင်းနှစ်ကျောင်းကို အကြမ်းဖက်စစ်တပ်က ပေါင် ၅ဝဝ ဗုံးနှစ်လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ အဲလိုဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကျောင်းသူ၊ ကျောင်းသား ၂ဝ ကျော်သေဆုံးပြီး ၂ဝ ကျော်ဒဏ်ရာရသွားခဲ့ပါတယ်။ စာအံသံတွေ ဆိတ်သုဉ်းကာ ကျောင်းသူ/ကျောင်းသားတွေ သေဆုံးခဲ့ရတဲ့ အဲဒီဖြစ်ရပ်ဆိုးကြီးကို အကြမ်းဖက်စစ်တပ်ကတော့ ဒီကျောင်းတွေဟာ အာရက္ခတပ်တော်(AA)ရဲ့ စစ်သင်တန်းကျောင်းဖြစ်တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ သေဆုံး၊ ဒဏ်ရာရသွားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့မိဘတွေက ဒီကျောင်းတွေဟာ အကြမ်းဖက်စစ်တပ်က စွပ်စွဲသလိုမျိုး AA ရဲ့စစ်သင်တန်းကျောင်းမဟုတ်ဘဲ သူတို့သားသမီးလေးတွေ ပညာတတ်စေဖို့ မရှိမဲ့ရှိမဲ့နဲ့ ရှာဖွေစုဆောင်းပြီး ပညာသင်ပေးထားရတဲ့ တကယ့်စာသင်ကျောင်းတွေသာဖြစ်တယ်လို့ နိရဉ္စရာကို အခိုင်အမာပြောဆိုကြပါတယ်။ ဒါကြောင့် စာသင်နေတဲ့ အပြစ်မဲ့…
-
မယ်စကြဝဠာဂျပန်ပြိုင်ပွဲ၌ အသက်အကြီးဆုံး ပြိုင်ပွဲဝင်ဖြစ်သည့် အသက် ၆၆ နှစ်ရှိ ဂျပန်အမျိုးသမီးကြီး
The Asahi Shimbun ဝင်းလက်တောက်ပသော ပန်းရောင်ဝတ်စုံဖြင့် သွယ်လျသော ခန္ဓာကိုယ်အချိုးအစားကို ပြရင်း အသက် ၆၆ နှစ်ရှိ ဂျပန်အမျိုးသမီးကြီးတဦးသည် သာမန်အားဖြင့် သူ့အသက်၏ သုံးပုံတပုံခန့်ရှိ ပြိုင်ပွဲဝင်များအတွက်သာ ဖြစ်သော မယ်ပြိုင်ပွဲတခု၌ ၁၆ စင်တီမီတာ ဒေါက်မြင့်ဖိနပ်စီးပြီး ယုံကြည်မှုအပြည့်ဖြင့် ဟန်ပါပါ လျှောက်ပြသည်။ ပရိသတ်အာရုံအောက်၌ သူလျှောက်ပြမှုက တမိနစ်သာသာမျှသာ ကြာသည် ဆိုသော်ငြား “ကျွန်မက ကြယ်တပွင့်ပါ။ ဒါက ကျွန်မရဲ့ အခိုက်အတန့်ပါပဲ” ဟု ဂျန်ကို ဆာကာအိ က ပြောသည်။ မယ်စကြဝဠာ ဂျပန် (Miss Universe Japan) ပြိုင်ပွဲ ဝင်ပြိုင်ခွင့်ရသည့် အသက်အကြီးဆုံး ပြိုင်ပွဲဝင် ဖြစ်သည့် ဆာကာအိ ကို လက်ခုပ်ဩဘာသံများ တခဲနက် ပေးကြသည်။ သူသည်…
-

အမျိုးသား ပြည့်တန်ဆာများနဲ့ သူတို့ဘဝ၊ သူတို့ အခက်အခဲများ
ရန်ကုန်မြို့ရဲ့ တခုသော မြို့နယ်ထဲက ရထားလမ်းနဲ့ အပြိုင်ဖြစ်နေတဲ့ ကွန်ကရစ်လမ်းလေးဘေးမှာ ကိုတိုးတိုး တယောက်တည်း မတ်တတ်ရပ်နေတယ်။ အချိန်ကလည်း ညနေစောင်း မှောင်ရီဝိုးတဝါး ဖြစ်နေပြီ။ ဒီလမ်းထဲမှာ ဈေးသည် တချို့ကလည်း ဈေးသိမ်းပြီးလို့ လူတွေလည်း ပြတ်စပြုနေပြီ။ ကိုတိုးတိုး ဝတ်စားထားတာက ဂျင်းဘောင်းဘီ အတို၊ တီရှပ်အကျႌ လက်တို ဖြစ်နေပေမယ့်၊ သူ့ဟန်ပန်၊ သူ့အမူအရာ တွေက မိန်းကလေးတဦးလို သွားလာ၊ လှုပ်ရှားနေတာကို တွေ့ရတယ်။ ခဏ အကြာမှာ သူ့အနားကို ယောက်ျားလေး ၂ ဦး ကပ်လာပြီး စကားတွေ တီးတိုးပြောကြတယ်။ ပြီးတော့ အဲဒီထဲက ကောင်လေးတယောက်က ပိုက်ဆံ ထုတ်ပေးတာကို မြင်ရတယ်။ အဲဒီနောက်တော့ ပိုက်ဆံပေးတဲ့ ကောင်လေးက ထွက်သွားပြီး ကိုတိုးတိုးနဲ့ ကျန်ခဲ့တဲ့ ကောင်လေး…