Category: Feature
-

တိဘက်-နီပေါ ရေကြီးမှုမှာ ကျောင်းသား ၉၀၀ လောက်ကို အT-က်ဘေးက ကယ်တင်ခဲ့တဲ့ ကျောင်းအုပ်ကြီး
တိဘက်-နီပေါ ရေကြီးမှုအတွင်း ကျောင်းအုပ်ကြီးရဲ့ ဆုံးဖြတ်ချက်ကြောင့် နီပေါကျောင်းသား ၉၀၀ လောက် လွတ်မြောက်ခဲ့ နီပေါနိုင်ငံက ကျောင်းအုပ်ကြီး တစ်ဦးရဲ့ ဆုံးဖြတ်ချက် တစ်ခုဟာ ကျောင်းသူကျောင်းသား ၉၀၀ လောက်ဟာ လူသတ် တောင်ကျရေတွေရဲ့ အန္တရာယ်ဆိုးကြီးကနေ ကပ်ပြီး လွတ်မြောက်ခဲ့ကြပါတယ်။ ဩဂုတ် ၂၆ ရက်နေ့တုန်းက ဟိမဝန္တာ တောင်တန်းတွေနဲ့ ဆက်စပ်တည်ရှိတဲ့ ရေခဲမြစ်တစ်ခု ကျိုးပျက်တဲ့ သက်ရောက်မှုကြောင့် ဘိုတေးကောရှီ မြစ်ရဲ့ ရေလမ်းကြောင်း ပိတ်ဆို့ပြီး တရုတ်ပိုင် တိဘက်ကုန်းမြင့်ဒေသနဲ့ နီပေါ နိုင်ငံ နယ်စပ်မှာ ရုတ်တရက် တောင်ကျရေတွေ အလုံးအရင်း စီးဆင်းခဲ့ပါတယ်။ ညိုညစ်နေတဲ့ ရေထုကြီးနဲ့အတူ ရွာလုံးကျွတ် မျောပါ ပျောက်ဆုံးမှုတွေ ဖြစ်ခဲ့သလို လူနေဧရိယာတွေ အများအပြားဟာလည်း ရွှံ့ထုကြီးတွေ ဖုံးလွှမ်းကုန်ပါတယ်။ ဩဂုတ် ၃၀…
-

US မှာနေပေမယ့် စစ်တပ်ကပေးကျွေးတာလား ပြည်သူကပေးကျွေးတာလား မသဲကွဲသူ
အချို့က အမေရိကန်နိုင်ငံသားလည်းဖြစ်နေပြီ အတွေးအခေါ်ကနုံချာ တုန်း။ မြန်မာ စစ်တပ်က ပေးတဲ့ရိက္ခာလစာစားခဲ့ရလို့စစ်တပ်ကိုပဲ သစ္စာ ရှိရမတဲ့။ စစ်တပ်ကပေးတဲ့ရိက္ခာလစာ ကိုစားနေတယ် ဆိုကတည်းကအတွေးအခေါ်ကမှားနေပြီ။ စစ်တပ်ရဲ့ ကာကွယ်ရေး ဘတ်ဂျက်က နိုင်ငံတော်ဘဏ္ဍာငွေကလာတာ၊ နိုင်ငံ့ဘဏ္ဍာဆိုတာ ပြည်သူလူထုဆီကလာတာ။ စစ်တပ်ဆိုတာ ပြည်သူလူထုကကျွေးတဲ့ထမင်း နဲ့ဟင်းကိုစားနေတာပါ။ ပြည်သူ့ ရိက္ခာလစာ ကိုစားနေတာပါ။ ခုထက်ထိ စစ်ဗိုလ်ချုပ်တွေက သူတို့အိပ်ကပ်ထဲက စိုက်ကျွေးမွေးတာလို့ထင်နေတဲ့ငဒူ တွေက အများကြီး။ US နိုင်ငံရောက်ပြီးနိုင်ငံသားဖြစ်ပြီးတာ တောင် ဘောမ ချင်နေတဲ့ သူတွေကိုတော့ တကယ် အံ့သြရွံရှာမိပါတယ်။ သရဝဏ် (ပြည်) ဆရာတင်ညွန့်ရေးတဲ့ ဝတ္ထုတိုလေး သတိရမိတယ်၊ ကျောင်းထိုင်ဆရာတော်ကြီးက ကျောင်းမှာလာခိုနေတဲ့ခွေးတွေကို အစာမှန်မှန်ကျွေးဖို့ ကပ္ပိယကြီးကိုမိန့်ထားတယ်၊ ခွေးတွေက အစာချကျွေးတဲ့ ကပ္ပိယကြီးကိုပဲ ကျေးဇူးရှင်ထင်နေကြတယ်၊ ဆရာတော်ကြီးကျေးဇူး မသိတတ်ကြတဲ့အပြင် ရန်မူကြတဲ့အကြောင်းပါ။
-

စင်္ကာပူမှာ အိမ်အကူလုပ်ရင်း ဆုံးပါးသွားရတဲ့ ဂန့်ဂေါသူလေး
စင်္ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေသည့် ဂန့်ဂေါမြို့နယ်မှ အမျိုးသမီးတစ်ဦး သေဆုံး မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ အမှတ် (၂) စည်ပင်သာယာရပ်ကွက်မှ စင်္ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးသည် ၎င်းအလုပ်လုပ်ကိုင်နေသည့် နေအိမ်တွင် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ သေဆုံးသူမှာ အသက် ၂၀ ကျော်အရွယ် မအေးသန္တာထွေးဖြစ်ကြောင်း သိရသည်။ မအေးသန္တာထွေးသည် ဩဂုတ်လ ၂၉ ရက် ညပိုင်းတွင် ၎င်းအလုပ်လုပ်ကိုင်နေသည့် နေအိမ်၌ သေဆုံးခဲ့ကြောင်း သိရပြီး သေဆုံးရသည့် အကြောင်းရင်းကို လက်ရှိအချိန်အထိ တရားဝင်အတည်ပြုနိုင်ခြင်း မသိရှိရသေးပေ။ သို့သော် ယင်းဖြစ်စဥ်ကို လိုက်လံစုံစမ်းနေသူတချို့ကတော့ လုပ်ကြံခံရမှု(သို့မဟုတ်)မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုနေကြပါသည်။ အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ စင်္ကာပူနိုင်ငံရှိ သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း စင်္ကာပူနိုင်ငံရောက် မြန်မာအိမ်အကူအလုပ်သမားများထံမှ သိရသည်။ မအေးသန္တာထွေးသည်…
-
KPay နှင့် ကျားဖြန့်ဂယက်
KPay နှင့် ကျားဖြန့်ဂယက် ကျားဖြန့်တွေ အများဆုံးအသုံးပြုကြတာက KPay ပါ။ ဆိုတော့ KPay ရဲ့ ဟာကွက်ကို ကျားဖြန့်တွေ ဘယ်လိုအသုံးချသွားသလဲဆွေးနွေးကြည့်ရအောင်။ ဒီအကြောင်းမပြောခင် အရင်ဆုံး KPay ရဲ့ သဘောသဘာဝကို သိဖို့လိုတယ်။ KPay မှာ အကြမ်းအားဖြင့် အနီကောင့်နဲ့ အပြာကောင့်ဆိုပြီး နှစ်မျိုးရှိတယ်။ (၁) KPay အနီအကြောင်း KPay အနီမှာ အများပြည်သူကို သုံးစွဲခွင့်ပြုထားတဲ့ အကောင့်အမျိုးအစား သုံးမျိုးရှိတယ်။ တကယ်က သုံးမျိုးမကဘူး။ အသုံးအများဆုံးကိုပြောတာ။ (၁.၁) Agent Account Agent ရဲ့ လုပ်နိုင်စွမ်းက သူများကို အပြာကောင့်ဖွင့်ပေးနိုင်တယ်။ Red App SM လို့ခေါ်တဲ့ အသေးစား လုပ်ငန်းသုံးအနီကောင့် ပြန်ဖွင့်ပေးနိုင်စွမ်းရှိတယ်။ ငွေထုတ်ပေးနိုင်စွမ်းလည်းရှိတယ်။ Edit… Employee…
-

မန္တလေး ၂၂ လမ်းက အောင်ဇမ္ဗူပွဲ ဒုတိယညမှာ ရေသန့်ဗူးနဲ့ ပစ်ပေါက်ခံရမှု
မန္တလေး ၂၂ လမ်းက အောင်ဇမ္ဗူပွဲ ဒုတိယညမှာ ရေသန့်ဗူးနဲ့ ပစ်ပေါက်ခံရမှု ရေသန့်ဗူးနဲ့ ပစ်ပေါက်ခံရမှု ဝေဖန်မှုမြင့်တက် မန္တလေးမြို့ ၂၂ လမ်းရှိ အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့ရဲ့ ဒုတိယည ဖျော်ဖြေပွဲအတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တစ်ခု လူမှုကွန်ရက်ပေါ်မှာ လူပြောများနေပါတယ်။ ပျံ့နှံ့လာတဲ့ မှတ်တမ်းတွေအရ ပွဲကြည့်ပရိသတ်ဘက်ကနေ ဇာတ်သဘင်အဖွဲ့ဘက်ကို 🫙ရေသန့်ဗူးနဲ့ ပစ်ပေါက်ခဲ့တယ် ဆိုတဲ့အကြောင်းအရာ ထွက်ပေါ်လာပြီး ပွဲကြည့်သူတွေနဲ့ အွန်လိုင်းအသုံးပြုသူတွေကြား အမြင်အမျိုးမျိုး ထွက်ပေါ်နေပါတယ်။ တချို့ကတော့ မကြိုက်တဲ့အရာရှိရင် ပွဲမသွားကြည့်ဘဲ ရှောင်နိုင်တယ် ဆိုပြီး ဝေဖန်ပြောဆိုနေကြပါတယ်။ အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘာကြောင့် ရေသန့်ဗူးနဲ့ ပစ်ပေါက်ခဲ့တာလဲဆိုတဲ့ အကြောင်းရင်းအပါအဝင် အသေးစိတ်အချက်အလက်တွေကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ မှတ်တမ်းကို အခြေခံဖော်ပြခြင်းသာဖြစ်ပြီး ဖြစ်စဉ်အပြည့်အစုံကို သက်ဆိုင်သူများထံမှ ထပ်မံအတည်ပြုရန်…