အေအိုင်ကို သုံးဖူးပါသလား ပြီးခဲ့တဲ့ ၆ လ အတွင်းမှာ ChatGPT လိုchatbot တွေနဲ့ Midjourney လို ပုံဖော်တဲ့ ဟာတွေ တော်တော်လေးကို ကျော်ကြားလာခဲ့ပါတယ်။ ဒါပေမယ့် စက်ရဲ့ သင်ယူမှု သို့မဟုတ် အေအိုင်ခေါ် ဉာဏ်ရည်တုဟာ ပေါ်နေတာ အနည်းငယ်ကြာပြီ ဖြစ်ပါတယ်။ အေအိုင် ဟာ တကယ်တမ်းမှာ chatbot တွေထက်ပိုပြီး လူတွေရဲ့ နေ့စဉ်ဘဝတွေမှာတောင် ပါဝင်ပတ်သက်ပြီး ဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။ ဒါတွေကို ရိုးရှင်းစွာ သိနားလည်ဖို့ ရှင်းပြပေးထားပါတယ်။ အေအိုင် က ဘယ်လို သင်ယူနိုင်သလဲ စက်ရဲ့ သင်ယူနိုင်မှု မှာ အခရာကျတာက training လို့ခေါ်ကြတဲ့ စက်ကို လေ့ကျင့်ပေးမှုပဲ ဖြစ်ပါတယ်။ ကွန်ပျူတာ ပရိုဂရမ်တခုကို အချက်အလက် ဒေတာများစွာ၊…
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီမှာ အာဏာပိုင်က အလိုရှိလျှင် ဘယ်အရာမှ နောက်မတွန့်သူ၊ ဒီမိုကရေစီရေးလှုပ်ရှားသူများအပေါ် ကောက်ကျစ်သည့် နည်းပေါင်းစုံသုံးလျက် အသက်ရန်ရှာရန် ဝန်မလေးသူဟု အမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်သည်။ ဦးခင်ရီ ရဲချုပ်တာဝန်ထမ်းဆောင်ခဲ့စဉ်က ဖြစ်ပွားခဲ့သည့် ၂၀၀၃ ဒီပဲယင်းအရေးအခင်း၊ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းများတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို ရိုက်နှက် သတ်ဖြတ်ရာတွင် အရပ်ဝတ် လက်ပတ်နီ၊ စွမ်းအားရှင် လက်မရွံ့တပ်သားများကို သုံးခဲ့သည်။ စွမ်းအားရှင်များကို လေ့ကျင့်သင်ကြားပေးသည့်အပြင် လက်နက်ပါ တပ်ဆင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းသူ Tomas Ojea Quintana ကို ဦးခင်ရီက ဝန်ခံ ပြောဆိုထားကြောင်း ၂၀၀၉ ခုနှစ်က ပေါက်ကြားလာသည့် အမေရိကန်သံရုံး၏ ဖုန်းခေါ်ဆိုမှု မှတ်တမ်းတစ်ခုတွင် တွေ့ရသည်။ NLD အစိုးရလက်ထက် ၂၀၁၅-၂၀၂၁ (ဇန်နဝါရီ)…
ရဟန်းတစ်ပါးကို ပစ်သတ်ကြောင်း စစ်တပ်ဝန်ခံလိုက်ရသည့် ကံသုံးဆင့်ဆရာတော် မိန့်ကြားချက်
မင်းအောင်လှိုင်မိသားစုရဲ့ ကိုယ်ပိုင် လေယာဉ်အတွက် လေယာဉ်ထိန်းသိမ်းပေးနေတဲ့ 24 Hours ကုမ္ပဏီပိုင်ရှင် ခရိုနီ အောင်အောင်ဇော် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူနဲ့ သူ့မိသားစု စီးနင်းနေတဲ့ လေယာဉ်ကို ငှားရမ်းအသုံးပြုနေရာကနေ အပြတ် ဝယ်ယူလိုက်ပါတယ်။ ဒီနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ မင်းအောင်လှိုင်က အမေရိကန်နိုင်ငံ၊ AVIATION CAPITAL GROUP ထံမှ ငှားရမ်းထားတဲ့ Airbus အမျိုးအစား A319-115 (MSN 5193) လေယာဉ် XY-ALK အမေရိကန်ဒေါ်လာ သန်း ၆၀ နီးပါးနဲ့ ဝယ်ယူလိုက်တာလည်းဖြစ်ပါတယ်။ အဲဒီလေယာဉ် ဝယ်ယူမှုမှာ အဓိက အမည်ခံပေးတာ၊ လေယာဉ်ကို နိုင်ငံတကာလေပိုင်နက်မှာ အရပ်ဘက် လေယာဉ်အဖြစ် ပျံသန်းခွင့်ရှိအောင် လုပ်ဆောင်ပေးတာ၊ လေယာဉ်ကို ထိန်းသိမ်းပေးနေသူ တစ်ဦးရှိပါတယ်။…