Category: Article
-
အမျိုးသမီးတစ်ဦး ရောက်ခဲ့ရသည့် စစ်ကြောရေးငရဲခန်း ၃၆ နာရီ
မြန်မာပြည်အထက်ပိုင်း မြို့ကြီးတစ်မြို့တွင် နေထိုင်သူ မဝင်းဝင်းသည် မိသားစုနှင့်အတူ သာမန်ဘဝနေ့ရက်များကို ကျော်ဖြတ်နေရာမှ စစ်တပ်အာဏာသိမ်းလိုက်ချိန်တွင် အပြောင်းအလဲများကို ဆက်တိုက်ကြုံလာရသည်။ အများနည်းတူ သူသည်လည်း ခံပြင်းဒေါသထွက်မှုကြောင့် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်ရင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရရာ မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက် အမည်ဆိုးခဲ့ပြီး ရက်စက်ယုတ်မာမှုများဖြင့် ကျော်ကြားသည့် စစ်ထောက်လှမ်းရေးအဖွဲ့၏ စစ်ကြောရေးတွင် စစ်သားများက အဓမ္မပြုကျင့်ရန် ကြိုးပမ်းသည်အထိ ကြုံတွေ့ခဲ့ရသည်။ လူမှုရေးနှင့် ပရဟိတလုပ်ငန်းများတွင် လုပ်ကိုင်တတ်သည့် မဝင်းဝင်းသည် အာဏာသိမ်းမှုဆန့်ကျင်သည့်ဒေသတွင်း ဆန္ဒပြပွဲခေါင်းဆောင်ဖြစ်လာရာ စစ်ကောင်စီတပ် လက်ကိုင်တုတ်များက ပစ်မှတ်ထားလာကြသည်။ “ကျွန်မလို ၄၊ ၅၊ ၆ ယောက်လောက်ကို ဖမ်းမယ်၊ ဖမ်းမယ်ဆိုတော့ ရှောင်လိုက်၊ အိမ်ပြန်လာလိုက်ပေါ့” ဟု မဝင်းဝင်းက အကြီးအကျယ်ဖမ်းဆီးမှုများ အစပြုသည့်ကာလ အခြေအနေကို ပြောပြသည်။ အာဏာသိမ်းခါစ ကနဦး ၃ လတွင် စစ်ကောင်စီဆန့်ကျင်မှု…
-

မြစ်အထက်ပိုင်း၏ ရေဗုံးကြီး ဖြစ်လာနေသည့် တရုတ် ဧရာမဆည်ကြီး
ကမ္ဘာ့အကြီးဆုံး ဆည်ကြီးသည် ပထဝီနိုင်ငံရေးအရ အန္တရာယ်အများဆုံးနှင့် ငလျင်ဘေးဒဏ် အခံရဆုံး ဒေသများထဲမှ တခုတွင် ပေါ်ထွက်လာနေပြီဖြစ်သည်။ တရုတ်သည် အိန္ဒိယနယ်စပ်အနီး စစ်အင်အား အမြားအပြားဖြင့် တပ်စွဲထားသည့်နေရာနှင့် ကီလိုမီတာ အနည်းငယ်အကွာ၊ ကမ္ဘာ့အမြင့်ဆုံး တိဗက်ဒေသရှိ ဗြဟ္မပုတ္တရမြစ်ခေါ် ယာလုံဆန်ပိုမြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်းကြီးတခုကို တည်ဆောက်လျက်ရှိသည်။ အဆိုပါ ဧရာမဆည်ကြီးသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်း၌ လက်ရှိ ကမ္ဘာ့အကြီးဆုံးဖြစ်သော တရုတ်နိုင်ငံ၏ Three Gorges Dam ထက်ပင် သာလွန်ကြီးမားမည်ဖြစ်သည်။ ယင်းဆည်၏ ရေလှောင်ကန်သည် ရေထုထည် အမြောက်အမြားကို ထိန်းသိမ်းထားမည်ဖြစ်ရာ အိန္ဒိယ အရှေ့မြောက်ပိုင်းနှင့် ပင်လယ်ရေမျက်နှာပြင်ထက် အနည်းငယ်မျှသာ မြင့်သော မြစ်ဝကျွန်းပေါ်ဒေသ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ပြည်သူသန်းပေါင်းများစွာ၏ အထက်ဘက်တွင် တည်ရှိနေမည်ဖြစ်သည်။ ယခုအခါ ပြင်ပဝေဖန်သူများထက် တရုတ် သိပ္ပံပညာရှင်များ ကိုယ်တိုင်က…
-
KPay နှင့် ကျားဖြန့်ဂယက်
KPay နှင့် ကျားဖြန့်ဂယက် ကျားဖြန့်တွေ အများဆုံးအသုံးပြုကြတာက KPay ပါ။ ဆိုတော့ KPay ရဲ့ ဟာကွက်ကို ကျားဖြန့်တွေ ဘယ်လိုအသုံးချသွားသလဲဆွေးနွေးကြည့်ရအောင်။ ဒီအကြောင်းမပြောခင် အရင်ဆုံး KPay ရဲ့ သဘောသဘာဝကို သိဖို့လိုတယ်။ KPay မှာ အကြမ်းအားဖြင့် အနီကောင့်နဲ့ အပြာကောင့်ဆိုပြီး နှစ်မျိုးရှိတယ်။ (၁) KPay အနီအကြောင်း KPay အနီမှာ အများပြည်သူကို သုံးစွဲခွင့်ပြုထားတဲ့ အကောင့်အမျိုးအစား သုံးမျိုးရှိတယ်။ တကယ်က သုံးမျိုးမကဘူး။ အသုံးအများဆုံးကိုပြောတာ။ (၁.၁) Agent Account Agent ရဲ့ လုပ်နိုင်စွမ်းက သူများကို အပြာကောင့်ဖွင့်ပေးနိုင်တယ်။ Red App SM လို့ခေါ်တဲ့ အသေးစား လုပ်ငန်းသုံးအနီကောင့် ပြန်ဖွင့်ပေးနိုင်စွမ်းရှိတယ်။ ငွေထုတ်ပေးနိုင်စွမ်းလည်းရှိတယ်။ Edit… Employee…
-

ရေက ခါးထိ ရောက်နေပြီ၊ အပေါ်ကလည်း လေယာဉ်သံ ကြားလိုက်ရတော့ ဗိုက်ထဲက ကလေးကို မ,ပြီး ဘယ်ဘက်ကို ပြေးရမှန်းကို မသိတော့ဘူး
လုပ်ကြပါဦး၊ ကျမကလေးလေး ခေါ်မရတော့ဘူး အေးစက်စက်လေမိုးဒဏ်ကို မိုးကာစတဲအောက်မှာ အကာအကွယ် ယူရင်း အိပ်မောကျနေတဲ့ ရေဘေးဒုက္ခသည် တွေဟာ ရက်သားကလေးငယ်ကို ပွေ့ဖက်ပြီး အထိတ်တလန့် အော်ဟစ်လိုက်တဲ့ မမျိုးမျိုးရဲ့ အသံကြောင့် လန့်နိုး လာကြတယ်။ “လုပ်ကြပါဦး၊ ကျမကလေးလေး ခေါ်မရတော့ဘူး” သူတို့အားလုံးဟာ ၇ရက်သားလေးဆီ ရောက်လာပြီး ကိုယ်လေး နွေးလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဝိုင်းပွတ်ပေး၊ ပွေ့ချီပေး ကြလို့ အသံအဲ့အဲ့ ထွက်လာပေမဲ့ ခန္ဓာကိုယ်အပူချိန် တက်လာအောင်တော့ မလုပ်ပေးနိုင်ခဲ့ကြပါဘူး။ မိုးဒဏ်လေဒဏ်အအေးဒဏ်ခံခဲ့ရလို့ အေးစက်တောင့်တင်းပြီး အသက်မဲ့သွားတဲ့ မွေးကင်းစ သားကလေးကို ပွေ့ဖက်ပြီး ဘယ်နှယ်ကြိမ် အော်ဟစ်မိမှန်းတောင် မမှတ်မိဘူးလို့ မမျိုးမျိုးက အဲဒီညက အခြေအနေကို ပြန်ပြောင်းပြောပြပါတယ်။ လွန်ခဲ့တဲ့ ၂ပတ်ကျော်၊ ဩဂုတ် ၇ရက်ည၊ မိုးသည်းထန်စွာရွာနေတဲ့အချိန်မှာ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊…
-
ကိုယ်ထမင်းကိုယ်စား၊ ကိုယ့်အလုပ်ကိုယ်လုပ်ခြင်းနှင့် နိုင်ငံရေး၏ ရိုက်ခတ်မှု
ကိုယ်ထမင်းကိုယ်စား၊ ကိုယ့်အလုပ်ကိုယ်လုပ်ခြင်းနှင့် နိုင်ငံရေး၏ ရိုက်ခတ်မှု “ကိုယ်ထမင်း ကိုယ်စား၊ ကိုယ့်အလုပ်ကိုယ်လုပ်၊ နိုင်ငံရေး ကိုယ်နဲ့မဆိုင်ဘူး” ဟူသော စကားသည် အေးချမ်းစွာ ရှင်သန်လိုသည့် လူတဦးချင်းစီ၏ အခြေခံဆန္ဒတခုအဖြစ် ရိုးရှင်းစွာ ယူဆနိုင်သော်လည်း၊ လက်တွေ့လူမှုဘဝ၏ သဘောတရားအရ လုံးဝလွဲမှားနေသော အယူအဆတခု ဖြစ်သည်။ လူသားဟူသည် လူမှုအသိုက်အဝန်းအတွင်း အပြန်အလှန် မှီခိုနေထိုင်ရသော သတ္တဝါဖြစ်ပြီး နိုင်ငံရေးဟူသည် ထိုလူ့အဖွဲ့အစည်း၏ အုပ်ချုပ်မှု၊ မူဝါဒနှင့် အခွင့်အလမ်းများကို ဆုံးဖြတ်ပေးသည့် အဓိက မောင်းနှင်အား ဖြစ်သောကြောင့် မည်သူမျှ နိုင်ငံရေးနှင့် လွတ်ကင်း၍ မရနိုင်ပါ။ ယနေ့ မြန်မာနိုင်ငံ၏ မြေပြင်အခြေအနေကို လေ့လာကြည့်ပါက နိုင်ငံရေးနှင့် လူထု၏ နေ့စဉ်ဘဝ မည်မျှ ဆက်စပ်နေသည်ကို ပေါ်လွင်စွာ တွေ့မြင်နိုင်ပါသည်။ “ကိုယ်ထမင်း ကိုယ်စား” ရန်အတွက် ဆန်၊…