မင်းအောင်လှိုင်၏ ရုရှား အား ကပ်ဖါးယပ်ဖါး ဆက်ဆံခဲ့မှု စင်္ကာပူ သတင်းစာ ဖွင့်ချ
(က) ရေနွေးကြမ်းဝိုင်းမှာ အဘလုံးတုံးက စစ်သားဘဝ အတွေ့အကြုံများကို မျှဝေနေပါ၏။ စစ်ပြန် တပ်ကြပ်ကြီး အဘလုံးတုံး၏ ဇာတ်လမ်းများမှာ သည်းထိပ်ရင်ဖို အကြောင်းအရာတွေပါသလို ရယ်ရွှင်ဖွယ်ရာတွေလည်း ပါပါ၏။ စိမ်းသရဖူစိမ်း အဘစိမ်းမောင်က “မင်းလည်း အတော့်ကို အတွေ့အကြုံတွေ များခဲ့တာကိုး ” ဟု ပြောလေရာ အဘလုံးတုံးက ပြုံးနေပါလေ၏။
ကိုဖြိုး(အမည်လွှဲ)သည် ဘုရင့်နောင်တံတားအဆင်းရှိ လှိုင်သာယာOceanဈေးဝယ်စင်တာတွင် မိမိအလုပ်လျှောက်ထားသော အလုပ်၏ မန်နေဂျာနှင့်တွေ့ရန် စောင့်နေလေသည်။ ဗိုလ်ချုပ်မှတ်တိုင်အနားရှိ Oceanဈေးဝယ်စင်တာတွင် သူရောက်ရှိနေပြီဖြစ်ကြောင်းကို မန်နေဂျာဆိုသူ၏ ဖုန်းနံပါတ်သို့ စာပို့၍အကြောင်းကြားလိုက်ရာ ချက်ခြင်းပင် “အိုးရှင်းရှေ့ရှိ ထွက်ပေါက်အနားရှိ ရပ်ထားသော အာရာဖတ်ကားအမည်းပေါ်သို့ တက်လာခဲ့ရန်” စာပြန်လေသည်။ အလုပ်အကိုင်ရှားပါးမှု့နှင့် စစ်မှု့ထမ်းဥပဒေကြောင့် ဘေးကျပ်နံကျပ်ဖြစ်နေသူ ကိုဖြိုးအနေဖြင့် အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးဂရုတွင် ချိတ်ဆက်မိသော ထိုအလုပ်ကို များစွာမသင်္ကာသော်လည်း ဝမ်းရေးအတွက် ဝင်ငွေရသည့်အလုပ်အကိုင်တစ်ခုရရှိရန် အရေးကြီးနေသောကြောင့် ဆက်သွယ်ပြီး အင်တာဗျူးရန် လာရောက်ခဲ့ခြင်းဖြစ်လေသည်။ “ကျွန်တော်က ပထမတော့ ကျားဖျန့်လုပ်တဲ့ အလုပ်ထင်နေတာ၊ ကျားဖြန့်လည်း မဆိုးပါဘူးပေါ့၊ သူက တစ်လကို ဆယ့်ငါးသိန်းအောက်ထစ်ရမယ်ပြောတာကိုး၊ ထပ်ပြီးတော့ ကြိုးစားရင် ကြိုးစားသလောက် Bonusလည်းရမယ်တဲ့။ ဒါနဲ့ ကျွန်တော်လည်း စမ်းကြည့်တာ မမှားဘူးဆိုပြီးတော့ လာခဲ့လိုက်တာ” ဟု ပြောသည်။ ထို့နောက်…
စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်အကြာတွင် အညာဒေသ၌ စိုးမိုးထိန်းချုပ်နယ်မြေများ ရရှိလာပြီဖြစ်သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပ သုံးလုံးယန္တရားအောက်နေ ပြည်သူတို့မှာ အာဏာသိမ်း အစောပိုင်း ကာလများကဲ့သို့ အသက်အန္တရာယ် မလုံခြုံမှုနှင့် မတရားမှုတို့ကို ထပ်မံကြုံနေရသည်။ ပသုံးလုံးဆိုသည်မှာ NUG က အရေးပေါ်ကြားကာလ အုပ်ချုပ်ရေး အစီအမံဖြင့် ဒေသအုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ၂၀၂၁ ဇူလိုင်တွင် ပြဋ္ဌာန်းဖွဲ့စည်းခဲ့သော ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)တို့ကို အတိုကောက် ခေါ်ခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအရ ပကဖသည် NUG ကာကွယ်ရေးဝန်ကြီးဌာန အောက်တွင်ရှိပြီး ပအဖနှင့် ပလဖသည် ပြည်ထဲရေးဝန်ကြီးဌာနအောက်၌ ရှိသည်။ “ကျမယောက်ျားဟာ ရက်ရက်စက်စက်ကိုမှ အသတ်ခံရတာပါရှင်” ဟု လွန်ခဲ့သော နှစ်နှစ်ခွဲကျော်က ခင်ပွန်း ကိုရန်လင်းထွန်းအပါအဝင်…
“ပွကြီးရှေ့တည့်တည့် (စစ်သား)နှစ်ကောင်ဘွားကနည်းပေါ်လာတော့ ပွကြီးကမေးလိုက်တယ်။ ဟျောင့်တွေ မင်းတို့ဘယ်တပ်စိပ်ကလဲဆိုတော့ တစ်ယောက်ကဖြေတယ် စစ်နိုင်တပ်စိပ်က တဲ့။ ပွကြီးက သိလိုက်ပီ ဒါ ငါတို့လူမဟုတ်ဘူးဆိုတာပေါ့” ဗန်းမော် မြိုသိမ်းတိုက်ပွဲမှာ စစ်တပ်ရဲ့အမှတ် (၂၃၆ )ခြေလျင်တပ်ရင်း (ခလရ ၂၃၆) သိမ်း တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ နဲ့ စစ်သားတွေ ထွေးလုံးရစ်ပတ်အသည်းအသန်တိုက်ခိုက်ချိန်မှာ အသက်ရှုမှားလောက်တဲ့ အခိုက် အတန့်တစ်ခုပါ။ ကချင်ဒေသက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF )တပ်ဖွဲ့ဝင်တစ်ဖြစ်ပြီး အသက် ၃၁ နှစ်အရွယ် တောင့်တင်းကြံ့ခိုင်တဲ့ ခန္ဒာကိုယ်ရှိတဲ့သူ့ကိုသူငယ်ချင်းတွေကရဲဘော်ပွကြီးလို့ချစ်စနိုးခေါ်ကြပါတယ်။ ဗန်းမော်မြို့မှာစစ်တပ်ရဲ့ အဓိက တပ်ရင်းဌာနချုပ်ဖြစ်တဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁)ရဲ့ ရှေ့မှာ ကာကင်းစခန်းကြီးလို့လည်းခေါ်နိုင်တဲ့ ခလရ (၂၃၆)တပ်ရင်းသိမ်းတိုက်ပွဲကို စစ်ကူအနေနဲ့လိုက်လာတာပါ။ ခလရ၂၃၆ နဲ့ အမတ…