Category: Article
-

ကုက္ကိုစုရွာ၏ ယုတ်မာခဲ့မှုများနှင့် ပေါက်ကိုယ်တော်ရဲ့ ပေါက်ကွဲခန်း
မကွေးတိုင်း၊ ပေါက်မြို့နယ်၏ အသက်သွေးကြောဟု တင်စားထားကြပြီး ပေါက်ကိုယ်တော် (ခေါ်) အာရိယာဝံသ၏ အားအထားရဆုံးသော အမာခံ ကုက္ကိုစုပျူစောထီးကျေးရွာသည် ဇွန်လ ၄ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ အပြတ်တိုက်ခိုက်မှုကို ခံလိုက်ရပြီးနောက် လုံးဝပြိုလဲပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ဤဖြစ်စဉ်သည် စစ်ကော်မရှင်နှင့် ပျူစောထီးအုပ်စုများအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်သလို၊ တစ်ဖက်တွင်လည်း ၎င်းတို့ကျူးလွန်ခဲ့သည့် စက်ဆုပ်ရွံရှာဖွေရာ ယုတ်မာမှုများကြောင့် ကာလ ရှည်ကြာ စိတ္တဇနာနာကျင်ကျင် ခံစားခဲ့ရသော ပတ်ဝန်းကျင်ကျေးရွာသားများအတွက်မူ တရားမျှတမှု ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။ ကုက္ကိုစုရွာနှင့် လှည်းလမ်းလေးတစ်ခုသာ ခြားနေသော မကျီးစင်ရွာသည် မောင်နှမ ဆွေမျိုးသားချင်း တော်စပ်သူများ နေထိုင်ကြပြီး သွေးမကွဲအပ်သည့် ရွာနှစ်ရွာ ဖြစ်သည်။ သို့သော်လည်း စစ်အာဏာသိမ်းမှုနောက်ပိုင်း ကုက္ကိုစုရွာသည် စစ်ကော်မရှင်၏ လက်နက်တပ်ဆင်ပေးမှုကို ရယူကာ ပျူစောထီးရွာအဖြစ် ပြောင်းလဲသွားချိန်မှစ၍ ထိုသံယောဇဉ်များ…
-

နတ်ရေကန်ထဲက အစားကြူးစစ်ဘီလူး
“ဇာတ်တူသားချင်းအစားခံရတာ”လို့စစ်သုံ့ပန်းတဦးရဲ့ ပြောစကားကို ကြားချိန်မှာ မယုံကြည်နိုင်လောက်အောင် အထိတ်တလန့်ဖြစ်သွားရတယ်လို့ နတ်ရေကန်ဗျူဟာကို အာရက္ခတပ်တော်(AA)နဲ့အတူတိုက်ခိုက်နေတဲ့ တော်လှန်ရေးရဲဘော်တဦးကပြောပါတယ်။ ရှေ့တန်းစစ်မြေပြင်မှာ အာဏာသိမ်းစစ်တပ်ကတပ်ဖွဲ့ဝင်အချင်းချင်းသတ်ဖြတ်တဲ့ဖြစ်ရပ်တွေ ကြားဖူးပေမယ့် ရည်ရွယ်ချက်ရှိရှိနဲ့ အစုလိုက်အပြုံလိုက်ဗုံးကြဲသတ်ဖြတ်ပစ်ကြတဲ့ ဖြစ်စဉ်ကို စစ်သုံ့ပန်းတဦးက ရင်ဖွင့်လာတာဖြစ်ပါတယ်။ “လူ ၃၀၀ လောက်ရှိတဲ့ရှေ့တန်းနေရာကိုစစ်တပ်က ဒရုန်းနဲ့ ပြန်ကြဲတာ။ စစ်တပ်ကချတဲ့ ဒရုန်းကြောင့် စစ်သားတွေပဲ သေကြတာ။ ဒါကြီး ပြောလာချိန် ကျတော်ကိုယ်တိုင်တောင် နားမလည်ဘူး” နတ်ရေကန်ဗျူဟာကိုသိမ်းယူတဲ့တိုက်ပွဲမှာ ဖမ်းမိထားတဲ့စစ်သုံ့ပန်းတွေနဲ့ အခုရက်ပိုင်း အေးအေးလူလူစကားဖောင်ဖွဲ့ခဲ့တဲ့ တော်လှန်ရေးရဲဘော်က ပြောပြတာပါ။ ဒီဖြစ်ရပ်တွေက ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် စက်တင်ဘာလကဖြစ်ပွားခဲ့တာဆိုပေမယ့် စစ်မြေပြင်ကအနိဋ္ဌာရုံတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ သုံ့ပန်းတွေဟာ စိတ်ဒဏ်ရာရရှိနေတဲ့ ကြားကနေ စစ်မြေပြင်ကတရားမဲ့မှုတွေကို ရင်ဖွင့်ပြောပြဖို့ စိတ်အားထက်သန်လာကြတယ်လို့ တော်လှန်ရေးရဲဘော်ကဆိုပါတယ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်ကနတ်ရေကန်ဗျူဟာကုန်းစစ်မြေပြင်ဟာ AAနဲ့ ပူးပေါင်းတပ်တွေ လပေါင်းများစွာကြာအောင်ထိုးစစ်ဆင်နေတဲ့ စစ်တပ်ရဲ့အမာခံစခန်းကြီးဖြစ်သလို ၊အဲဒီနေရာဟာ…
-

မုန်းတီးခွဲခြားမှုတွေကြား ရုန်းကန်ရှင်သန်နေကြတဲ့သက်တံရောင် LGBT တွေ
“ဥပဒေမဲ့နေတဲ့ကာလမှာ စစ်တပ်ရဲ့ယုတ်မာမှု၊ ဖိနှိပ်မှုတွေကို သာမာန်လူတွေထက် LGBT ပိုခံစားရတယ်။ ဒါ့ ကြောင့် လိင်စိတ်တိမ်းညွတ်မှုအပေါ်အခြေခံတဲ့ကြောက်ရွံ့မုန်းတီးမှုတွေကို တော်လှန်ရေးနဲ့အတူ တိုက်ထုတ် သွားမယ်။”လို့ လိင်စိတ်ခံယူမူကွဲပြားသူ(LGBT)တွေက ထောက်ပြပြောဆိုနေကြပါတယ်။ ဒါကတော့ LGBT တစ်ဦးဖြစ်တဲ့နဝရတ်အောင်အောင်ရဲ့မိတ်ကပ်နဲ့ ဆံပင်အလှပြင်ဆိုင်ထဲကိုစစ်သားနဲ့ ရဲတွေ အကြောင်းအရင်းမရှိဘဲ ဝင်လာပြီး ဆိုင်ရှိ LGBT လေးဦးကို သေကောင်ပေါင်းလဲထိုးကြိတ်ရိုက်နှက်ခဲ့တဲ့အပြင် နှုတ်နဲ့လိင်ပိုင်းဆိုင်ရာစော်ကားတာတွေ ပြုလုပ်ခဲ့တာကြောင့်ဖြစ်ပါတယ်။ အခုလိုရိုက်နှက်သွားပြီး တစ်လအကြာ ၂၀၂၁ ခုနှစ် မေလ ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲလောက်မှာ နဝရတ်အောင် အောင်ကို ဆန္ဒပြသပိတ်မှာပါဝင်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်တပ်က ဖမ်းဆီးသွားခဲ့ပါတယ်။ ဖမ်းဆီးရာမှာလည်း ရဲနဲ့ စစ်သားတွေဟာ နဝရတ်အောင်အောင်နေအိမ်ကို အင်အားအလုံးအရင်းနဲ့ရောက်လာပြီး သူ့ကို ဝိုင်းဝန်း ထိုးကြိတ်ကြတဲ့အပြင် နားထင်ကို သေနတ်နဲ့ ထောက်ကာ အကြမ်းဖက်ဖမ်းဆီးသွားခဲ့တာဖြစ်ပါ တယ်။…
-

မြန်မာစကားပြန်ကို ရေနွေးပူလောင်းသည့် တရုတ်များ အခြားမြန်မာ ၁ ဦးကိုလည်း နှိပ်စက်ခဲ့သည့် စွပ်စွဲချက်ထွက်လာ
ထိုင်းရောက် မြန်မာအလုပ်သမား ကိုသားသားကို ဂေါက်တံဖြင့်ရိုက်နှက်၊ ရေနွေးပူဖြင့်လောင်း၍ နှိပ်စက်ခဲ့သည့် တရုတ်ပွဲစားများက ၎င်းတို့လုပ်ငန်းခွင်တွင် အလုပ်လုပ်သည့် အခြားမြန်မာလုပ်သားတစ်ဦးကိုလည်း အုပ်စုဖွဲ့ထိုးကြိတ်ပြီး သေနတ်ပြခြိမ်းခြောက်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အလုပ်သမား ကိုရှမ်းလေးက ပြောသည်။ တရုတ်နိုင်ငံသား တဟန်(ခေါ်) ရှင်းရန်နှင့် တရုတ်နိုင်ငံသားခြောက်ဦးက ၎င်းတို့အလုပ်သွင်းပေးထားသည့် မြန်မာအလုပ်သမားများကို ခေါ်ထုတ်သည်ဟုစွပ်စွဲချက်ဖြင့် တရုတ်စကားပြန်အဖြစ် လုပ်ကိုင်နေသည့် ကိုသားသားကို ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်တွင် ထိုင်းနိုင်ငံ လရောင်ခရိုင် Amata City ဧရိယာအတွင်းရှိ ဟော့ပေါ့ဆိုင်၌ ညှဉ်းပန်းနှိပ်စက်ခဲ့ခြင်းဖြစ်သည်။ ထို့နည်းတူစွာ တဟန်(ခေါ်) ရှင်းရန်၏ အခြားအလုပ်ဆိုက်တစ်ခုတွင် အလုပ်သမားခေါင်းဆောင်အဖြစ် အလုပ်လုပ်နေရာမှ လုပ်ခလစာ ပုံမှန်မရ၍ အလုပ်ထွက်ခဲ့သည့် အသက် ၃၆ နှစ်အရွယ် ကိုရှမ်းလေးကို အလားတူစွပ်စွဲချက်ဖြင့် အုပ်စုဖွဲ့ထိုးကြိတ်ပြီး သေနတ်ပြခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။…
-

လျှို့ဝှက်လိုဏ်ခေါင်းနှင့် တရားမဝင်လုပ်သားများ – အမှောင်ခေတ်ကို ပြန်သတိရစေသည့် တရုတ်မိုင်းတွင်း ဘေးအန္တရာယ်
တရုတ်ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်း၏ အချက်အချာဖြစ်သော ရှန်းရှီပြည်နယ်တွင် “တခြားလုပ်ကိုင်စရာမရှိတော့မှသာ ကျောက်မီးသွေးတွင်းထဲ ဆင်းပါ” ဟူသော ဆိုရိုးစကားတခု ရှေးယခင်ကတည်းက ရှိခဲ့ဖူးသည်။ ဆယ်စုနှစ်များစွာတိုင်အောင် ယင်းတွင်းနက်ကြီးများထဲက ဘဝများသည် ကြေကွဲစရာဖြစ်ရပ်များနှင့် ဒွန်တွဲနေခဲ့သည်။ ယင်းကြေကွဲစရာများက အမြဲတမ်းဖြစ်လာခြင်းကြောင့် အခြားဆိုရိုးစကားများကိုပင် ဖြစ်တည်လာစေခဲ့သည်။ ကျောက်မီးသွေးတွင်းလုပ်သားများသည် ဓာတ်ငွေ့ပေါက်ကွဲမှု၊ ရေကြီးမှုနှင့် တွင်းပြိုမှုများကြောင့် သေဆုံးနိုင်သည့် မြေအောက်လိုဏ်ခေါင်းများထဲသို့ ဆင်းသွားကြသည့်အခါ “ငွေရဖို့ အသက်နဲ့လဲနေကြရသူများ” (သို့မဟုတ်) “မနက်ဖြန်အတွက် အသက်နဲ့လောင်းကြေးထပ်နေရသူများ” ဟူ၍ တင်စားပြောဆိုခဲ့ကြသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်တခုအတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကြောင့် ယင်းလုပ်ငန်း၏ သေမင်းတမန်ဂုဏ်သတင်းသည် တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပြီး၊ ထိုဆိုးရွားလှသော နေ့ရက်များသည် တရုတ်အတွက် အတိတ်မှာ ကျန်ရစ်ခဲ့ပြီဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် မေလ ၂၂ ရက်က ရှန်းရှီပြည်နယ်ရှိ လျှိုရှန်းယွီကျောက်မီးသွေးတွင်းတွင် ပေါက်ကွဲမှုဖြစ်ပွားကာ လူပေါင်း…