Myanmar Net ၏ ရန်ကုန်အခြေစိုက် Frontiir ကုမ္ပဏီသည် စစ်တပ်က အင်တာနက်သုံးစွဲသူတို့ကို စောင့်ကြည့်နိုင်ရန် တရုတ်နည်းပညာသုံးပြီး ကူညီပေးနေသည်။ မြန်မာနိုင်ငံရှိ အင်တာနက်ဝန်ဆောင်မှုပေးသည့် Frontiir ကုမ္ပဏီသည် အင်တာနက်သုံးစွဲသူတို့၏ လုပ်ဆောင်မှုများကို ထောက်လှမ်း စောင့်ကြည့်ရန်အတွက် အလွန်အဆင့်မြင့်သည့် တရုတ်နည်းပညာကို သုံးစွဲနေသည်ဟု ယူဆရသော အချက်အလက်များရှိနေသည်။ Frontiir သည် Myanmar Net အမှတ် တံဆိပ်ဖြင့် သန်းပေါင်းများစွာသော ပြည်သူများအား အင်တာနက်ဝန်ဆောင်မှု ပေးနေသည့် ကုမ္ပဏီ ဖြစ်သည်။ ထိုကုမ္ပဏီသည် အွန်လိုင်းမှ ခြေရာခံနိုင်သော၊ ဝက်ဘ်ဆိုက်များကို ပိတ်ဆို့နိုင်သော၊ VPN အသုံးပြုမှု တားဆီးနိုင်သော စက်ပစ္စည်းများကို သုံးစွဲနေကြောင်း Myanmar Now သတင်းဌာနနှင့် ဗြိတိန်အခြေစိုက် Finance Uncovered သတင်းဌာနတို့၏ လပေါင်းများစွာ စုံစမ်းဖော်ထုတ်မှုအတွင်း…
တိုက်ခန်းထဲမှာ မီးစက်နှိုးထားပြီး လေအေးပေးစက်ဖွင့် အိပ်ကြလို့ ရန်ကုန်မြို့မှာ မိသားစုလိုက်သေဆုံးခဲ့ကြတဲ့ နာရေးဖြစ်စဥ် နှစ်ခု ၂၀၂၅ ခုနှစ် ဧပြီနဲ့ မေလထဲမှာ ဆက်တိုက်ဆိုသလိုဖြစ်ခဲ့ပါတယ်။ ပြတ်တောက်ချိန်များပြီး လာချိန်မမှန်တဲ့ လျှပ်စစ်မီးနဲ့ မြင့်တက်နေတဲ့ အပူဒဏ်တွေကိုအန်တုဖို့ မီးစက်တွေကို သုံးစွဲနေကြရပါတယ်။ အဲဒီ မီးစက်ကနေ ထွက်လာတဲ့ ဓာတ်ငွေ့တွေဟာ ရန်ကုန်မြို့က ကျဥ်းမြောင်းတဲ့ အလုံပိတ်တိုက်ခန်းတွေမှာ နေထိုင်ရသူတွေအတွက် သေဆုံးစေတဲ့အထိ ဖြစ်စေခဲ့တာပါ။ ဒါကို ကျန်းမာရေးဆိုင်ရာနားလည်တတ်ကျွမ်းသူတွေက ကာဗွန်မိုနောက်ဆိုဒ် (Carbon Monoxide-CO) အဆိပ်သင့်တာလို့ ကောက်ချက်ချထားကြပါတယ်။ CO ကို အသံတိတ်လူသတ်သမားလို့ ညွှန်းဆိုပြီး ဒါကို သတိထားဖို့ ကျန်းမာရေးဆိုင်ရာအသိပညာပေးတာတွေရှိလာပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကျန်းမာရေးဝန်ကြီးဌာန အပါအဝင် ကျန်းမာရေး အသိပညာပေး စာမျက်နှာတွေကလည်း ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်တာနဲ့ပတ်သက်လို့ ဖြန့်ဝေလာကြပါတယ်။ ဘာ့ကြောင့် အသံတိတ်လူသတ်သမားလို့…
ပေ ၁၀၀၀ အထက်မြင့်သည့် ကရင့်တောင်တန်းများမှ ဆိုင်ကယ်ဖြင့် ဆင်းလာသည့်နောက် မြေပြန့်ကို ရောက်သည်။ ပဲခင်းများကြား ဖောက်ထားသော လယ်ကန်သင်းလမ်းပေါ်မှာ ဖုန်မှုန့် တထောင်းထောင်းကြားက သွားရခြင်းဖြစ်သည်။ ခရီးထွက်လာစဉ်က သွားရမည့်နေရာသည် စစ်တောင်းမြစ်ကို ကျော်လွန်မည်မဟုတ်ဟု ထင်ခဲ့သော်လည်း စစ်တောင်းမြစ် အနောက်ဘက်ကမ်းအထိ ကူးသွားရသည်။ စစ်တောင်းမြစ်အနောက်ဘက်ကမ်းကို ကူးမိသောအခါ ၃ နှစ်ကျော်ခွဲခဲ့ရသည့် ကိုယ့်ရဲ့ဇာတိဒေသ ပဲခူးတိုင်းကို ခြေချနိုင်ပြီဆိုသည့် အတွေးဝင်လာခဲ့သည်။ ၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက် ပဲခူးမြို့က အာဏာသိမ်းမှုဆန့်ကျင်သူများ၏ မဂ္ဂတစ်ခံတပ်ကျပြီးနောက် ဇာတိဒေသဖြစ်သည့် ပဲခူးတိုင်းအရှေ့ပိုင်း မြို့တစ်မြို့မှ ကျွန်တော်ထွက်လာခဲ့စဉ်က ပဲခူးတိုင်းကို မည်သည့် အခါတွင်မှ ပြန်ရောက်မည်နည်းဟု တွေးမိခဲ့သည်။ အခုတော့ ဇာတိမြို့မဟုတ်သော်လည်း ဇာတိမြို့အကြုံးဝင်သည့် တိုင်းကို ပြန်ရောက်နိုင်ပါပြီ။ “ဒါ ဟာ အိမ်ပြန်မယ့်လမ်းပဲ…
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲပြီးကတည်းက အင်းတော်ကို ဘယ်နေ့ သိမ်းပိုက်ရရှိနိုင်မလဲ စောင့်ကြည့်နေခဲ့မိသည်။ သို့သော် သတင်းထိန်းချုပ်မှု အားကောင်းသဖြင့် တိုက်ပွဲအခြေအနေကို တစွန်းတစမျှသာ ကြားခဲ့ရသည်။ အသေးစိတ် သိရှိနိုင်ခဲ့ခြင်း မရှိပေ။ သတင်းပေါက်ကြားမှုကြောင့် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေး တိုက်ခိုက်မှု အပါအဝင် အခြား စစ်နည်းဗျူဟာ ပြောင်းလဲ၍ စစ်ကစားမှုများ မပြုလုပ်နိုင်စေရန် ရည်ရွယ်သည့်သဘော ဖြစ်မည်ထင်၏။ စစ်ကိုင်းတိုင်း အထက်ပိုင်း ပင်လည်ဘူးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဦးဆောင်သည့် တပ်များက သိမ်းပိုက်ပြီးနောက် အနီးပတ်ဝန်းကျင်က မြို့များ ထပ်မံ လက်လွှတ်ရမည်ကို စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များ စိုးရိမ်ခဲ့ကြသည်။ ထို့ကြောင့် ပင်လည်ဘူးကို လက်လွှတ်ရပြီး ရက်ပိုင်းအကြာတွင် ဒုစစ်ခေါင်းဆောင် စိုးဝင်း ကိုယ်တိုင် ဝန်းသိုသို့ သွားခဲ့သည်။ ဝန်းသိုသည် ပင်လည်ဘူးနှင့် အင်းတော် အကြားတွင်ရှိပြီး…