Category: Article
-

အီရန်စစ်ပွဲဒဏ်ကြောင့် တရုတ်စီးပွားရေးတွင် အက်ကြောင်းများ စတင်ပေါ်ပေါက်
အီရန်တွင်ဖြစ်ပွားနေသော စစ်ပွဲကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့စျေးနှုန်းများ မြင့်တက်လာခြင်းသည် တရုတ်စီးပွားရေးအပေါ် စတင်ဖိစီးလာနေပြီဖြစ်ကာ ယင်းအခြေအနေကြောင့် ယခင်ကတည်းက အားနည်းနေသည့် ပြည်တွင်းစားသုံးမှုမှာ ပိုမိုနှေးကွေးသွားစေရုံသာမက အရေးပါသော ပို့ကုန်ကဏ္ဍများကိုလည်း ထိခိုက်စေလျက်ရှိသည်။ မတ်လအတွင်းက ကားအရောင်းအဝယ် ကျဆင်းခဲ့ပြီးနောက် ဧပြီလတွင် ပိုမိုထိုးဆင်းသွားခဲ့သည်။ အိမ်ထောင်စုအသီးသီးက အသုံးစရိတ်ကို သတိထားချွေတာလာကြသဖြင့် စားသောက်ဆိုင်နှင့် ဟိုတယ်များတွင် လာရောက်သူ ကျဲပါးသွားသည်။ ပြီးခဲ့သည့်အပတ်က တရုတ်နိုင်ငံတောင်ပိုင်းတွင် ပလတ်စတစ်ကုန်ကြမ်းစျေးနှုန်း မြင့်တက်လာမှုနှင့် အမေရိကန်၏ အခွန်စည်းကြပ်မှုဒဏ်များကြောင့် အရုပ်စက်ရုံတရုံ ပြိုလဲသွားခဲ့ပြီးနောက် အလုပ်သမားထောင်ပေါင်းများစွာက လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။ တရုတ်နိုင်ငံအနေဖြင့် မဟာဗျူဟာမြောက် ရေနံအရန် အမြောက်အမြားရှိနေပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသော်လည်း ယခုကဲ့သို့ စီးပွားရေးအရ ဖိစီးမှုလက္ခဏာများ ပေါ်ထွက်လာခြင်းက ကမ္ဘာ့စီးပွားရေးကို ရိုက်ခတ်နေသည့် အင်အားစုများ၏ဒဏ်ကို မလွှဲမရှောင်သာ ခံစားနေရကြောင်း မီးမောင်းထိုးပြနေသည်။…
-

မန္တလေးမြို့က ယူနီဖောင်းဝတ် ပြန်ပေးသမားများ
မန္တလေးမြို့၊ပုသိမ်ကြီးမြို့၊ ရန်ကင်းတောင် ခြေအနီးမှာ ဆိုင်ကယ်စီးလူငယ်တဦးကို လူအုပ်စုတစ်စုက ဧပြီလ ၁၂ ရက်နေ့(သင်္ကြန်အကြိုမတိုင်ခင်တရက်) မှာဆိုင်ကယ်ရော၊လူပါကားပေါ်ဆွဲတင်ခဲ့ကြပါတယ်။ အဲဒီလူငယ်ဟာ Wifi နဲ့တွဲသုံးတဲ့စက် တွေကို ဖြန့်ဖြူး ရောင်းချ နေသူဖြစ်ပြီး တခါတရံကိုယ်တိုင်ပစ္စည်းပို့ ဆောင် ပေး နေတာဖြစ်တယ်လို့ လူငယ်ကိုသိသူကပြောပါတယ်။ အဲဒီနေ့ကလည်း ပစ္စည်းသွားပို့ရင်း အခုလိုဆွဲတင်ခံရတာဖြစ်ပြီး အနီးမှာရှိတဲ့အမျိုးသားကြီးတဦးက မြင်လိုက်တာမို့ လုယက်သူတွေကြားက ပြန်လုရာမှာ ဆိုင်ကယ်တော့ပြန်မရဘဲ လူငယ် တော့ပြန်လွတ်လာတယ်လို့ လူငယ်ရဲ့ဦးလေးတော်စပ်သူက ဖေ့ဘုတ်မှာ ရေးခဲ့ပါတယ်။ ဆိုင်ကယ်ရော လူငယ်ကိုပါ ကားပေါ်ဆွဲတင် လုယက်သူတွေဟာစစ်တပ်မွေးထားတဲ့ ပျူစောထီးတွေ နဲ့ စစ်အုပ်စုလက်အောက်ခံ ယူနီဖောင်းဝတ်လက်နက်ကိုင်အဖွဲ့တွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ လူငယ်ရဲ့ဖြစ်စဥ်ကို ရေးတဲ့ပို့စ်ရဲ့အောက်ကမှတ်ချက်တွေမှာလည်း အလားတူဖြစ်ရပ်တွေကြုံခဲ့ရသူတွေ၊ မိသားစုဝင်တွေကဝင်ရောက် မှတ်ချက်ပြုရေးသားထားတာကို တွေ့ရပါတယ်။ ဒါဟာ စစ်တပ်လက်အောက်ခံ မြို့ကြီးတွေမှာတင် မကပဲ နယ်ဘက်ကမြို့အသေးတွေ ၊ကျေးရွာတွေ…
-

“မဲ”ကိစ္စကို ခုတုံးလုပ်ပြီး ပလ္လင်သိမ်းတဲ့ပွဲ
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDအစိုးရကို မဲခိုးတယ်လို့ တဖွဖွ စွပ်စွဲခဲ့သူက စစ်အာဏာ သိမ်းပြီး ၅ နှစ်ကျော်အကြာ အရှက်ဂုဏ်သိက္ခာမဲ့စွာဖြင့် သမ္မတပလ္လင် ခိုးယူပြီ အကြမ်းဖက်စစ်တပ်ကနေ အငြိမ်းစားယူလိုက်တဲ့ မင်းအောင်လှိုင်က အခုဆိုရင်ကြံ့ဖွတ် ပြည်သူ့လွှတ်တော်က ရွေးချယ်လိုက်တဲ့ ဒုတိယသမ္မတ ဖြစ်လာပါပြီ။ သိပ်မကြာခင်မှာ ဒုတိယသမ္မတကနေ သူအမြဲတမ်း တပ်မက်ခဲ့တဲ့ တခဲ့တဲ့ “သမ္မတ” ဆိုတဲ့ ပလ္လင်ဆီကို တရားဝင် တက်လှမ်းတော့မှာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ အခုအချိန်အထိ မင်းအောင်လှိုင် ပါးစပ်က အမြဲပြောခဲ့ပြီး မြန်မာပြည်သူတွေ နားခါးအောင် ကြားခဲ့ရတဲ့ စကားတစ်ခွန်းရှိပါတယ်။ အဲဒါကတော့ “မဲစာရင်း မှားယွင်းမှုတွေနဲ့ မဲမသမာမှုတွေကြောင့် အာဏာကို ခေတ္တထိန်းသိမ်းရခြင်းဖြစ်တယ်” ဆိုတဲ့ ဆင်ခြေပါပဲ။ ဒါပေမဲ့ ဒီကနေ့မှာတော့ အဲဒီဆင်ခြေရဲ့ နောက်ကွယ်က…
-

မိန်းမတွေ ဘုန်းကံနည်းလို့ ငလျင်လှုပ်သတဲ့
မြန်မာပြည်အထက်ပိုင်းမှာ လွန်ခဲ့တဲ့ ၁နှစ်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ အဆင့်ရှိတဲ့ စစ်ကိုင်းဗဟိုပြုငလျင်ကြောင့် လူဦးရေ ၁၇ သန်းကျော် ထိခိုက်ခဲ့ပြီး၊ ဒီအထဲမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ် ၈.၈ သန်း ပါဝင်တယ်လို့ UN Women က ထုတ်ပြန်ခဲ့ပါတယ်။ အလားတူပဲ အာဏာသိမ်းစစ်အစိုးရကလည်း သေဆုံးသူ ၃,၇၅၉ ဦးနဲ့ ဒဏ်ရာရသူ ၅,၀၀၀ ကျော်ခဲ့တယ်လို့ ထုတ်ပြန် ကြေငြာခဲ့ပါတယ်။ မြန်မာ့သမိုင်းမှာ ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုအများဆုံးစာရင်ဝင်ခဲ့တဲ့ ငလျင်ဒဏ်သင့် ကိန်းဂဏန်းတွေနဲ့ ထုတ်ပြန်ချက်တွေရဲ့ နောက်ကွယ်မှာ အမျိုးသမီးတချို့ရဲ့ နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာတွေဟာ ၁နှစ်တင်းတင်းပြည့်လာတဲ့ တိုင်အောင် မပျောက်မပျက်ဘဲ ရှိနေဆဲဖြစ်ပါတယ်။ ငလျင်ကြောင့် ထိခိုက်သေဆုံးသူ၊ ဒဏ်ရာရရှိသူစာရင်းတွေထဲမှာ မပါဝင်ခဲ့ပေမယ့် အသက်သာရှိနေပြီး စိတ်ဝိဉာဏ် မရှိတော့သလို စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန်…
-

လယ်ကွင်းများထဲ ရွှေတူးဖော်တဲ့ ညီနောင်တပ်ဖွဲ့များ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ) က ပြောသည်။ လက်ရှိ ရွှေတူးဖော်သည့်နေရာမှာ မိုင်းငေါ့မြို့နယ် ကွန်ကောက်ရွာနှင့် မန်ပင့်ရွာကြားရှိ လယ်မြေများဖြစ်ပြီး ထိုသို့ တူးဖော်မှုကြောင့် လယ်ယာမြေများ ပျက်စီးနေကြောင်း နန်းခမ်းက ဆိုသည်။ “သူတို့မြေစာပုံကြီးက လွိုင်ဆမ်ဆစ်တောင်နဲ့ တော်တော်တူတယ်။ ချောင်းဘေးတစ်လျှောက် လယ်ကွက်တွေ မမြင်ရတော့ဘူး။ ကျမတို့လယ်တွေလည်း ပါပါတယ်။ ကျမတို့ မိုင်းငေါ့ကတော့ ရှေ့ဆက်ပြီး ဘယ်လိုခံစားရဦးမလဲ မသိတော့ပါဘူး” ဟု နန်းခမ်းက ပြောသည်။…