Category: Article
-

မုန်းတီးခွဲခြားမှုတွေကြား ရုန်းကန်ရှင်သန်နေကြတဲ့သက်တံရောင် LGBT တွေ
“ဥပဒေမဲ့နေတဲ့ကာလမှာ စစ်တပ်ရဲ့ယုတ်မာမှု၊ ဖိနှိပ်မှုတွေကို သာမာန်လူတွေထက် LGBT ပိုခံစားရတယ်။ ဒါ့ ကြောင့် လိင်စိတ်တိမ်းညွတ်မှုအပေါ်အခြေခံတဲ့ကြောက်ရွံ့မုန်းတီးမှုတွေကို တော်လှန်ရေးနဲ့အတူ တိုက်ထုတ် သွားမယ်။”လို့ လိင်စိတ်ခံယူမူကွဲပြားသူ(LGBT)တွေက ထောက်ပြပြောဆိုနေကြပါတယ်။ ဒါကတော့ LGBT တစ်ဦးဖြစ်တဲ့နဝရတ်အောင်အောင်ရဲ့မိတ်ကပ်နဲ့ ဆံပင်အလှပြင်ဆိုင်ထဲကိုစစ်သားနဲ့ ရဲတွေ အကြောင်းအရင်းမရှိဘဲ ဝင်လာပြီး ဆိုင်ရှိ LGBT လေးဦးကို သေကောင်ပေါင်းလဲထိုးကြိတ်ရိုက်နှက်ခဲ့တဲ့အပြင် နှုတ်နဲ့လိင်ပိုင်းဆိုင်ရာစော်ကားတာတွေ ပြုလုပ်ခဲ့တာကြောင့်ဖြစ်ပါတယ်။ အခုလိုရိုက်နှက်သွားပြီး တစ်လအကြာ ၂၀၂၁ ခုနှစ် မေလ ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲလောက်မှာ နဝရတ်အောင် အောင်ကို ဆန္ဒပြသပိတ်မှာပါဝင်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်တပ်က ဖမ်းဆီးသွားခဲ့ပါတယ်။ ဖမ်းဆီးရာမှာလည်း ရဲနဲ့ စစ်သားတွေဟာ နဝရတ်အောင်အောင်နေအိမ်ကို အင်အားအလုံးအရင်းနဲ့ရောက်လာပြီး သူ့ကို ဝိုင်းဝန်း ထိုးကြိတ်ကြတဲ့အပြင် နားထင်ကို သေနတ်နဲ့ ထောက်ကာ အကြမ်းဖက်ဖမ်းဆီးသွားခဲ့တာဖြစ်ပါ တယ်။…
-

မြန်မာစကားပြန်ကို ရေနွေးပူလောင်းသည့် တရုတ်များ အခြားမြန်မာ ၁ ဦးကိုလည်း နှိပ်စက်ခဲ့သည့် စွပ်စွဲချက်ထွက်လာ
ထိုင်းရောက် မြန်မာအလုပ်သမား ကိုသားသားကို ဂေါက်တံဖြင့်ရိုက်နှက်၊ ရေနွေးပူဖြင့်လောင်း၍ နှိပ်စက်ခဲ့သည့် တရုတ်ပွဲစားများက ၎င်းတို့လုပ်ငန်းခွင်တွင် အလုပ်လုပ်သည့် အခြားမြန်မာလုပ်သားတစ်ဦးကိုလည်း အုပ်စုဖွဲ့ထိုးကြိတ်ပြီး သေနတ်ပြခြိမ်းခြောက်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အလုပ်သမား ကိုရှမ်းလေးက ပြောသည်။ တရုတ်နိုင်ငံသား တဟန်(ခေါ်) ရှင်းရန်နှင့် တရုတ်နိုင်ငံသားခြောက်ဦးက ၎င်းတို့အလုပ်သွင်းပေးထားသည့် မြန်မာအလုပ်သမားများကို ခေါ်ထုတ်သည်ဟုစွပ်စွဲချက်ဖြင့် တရုတ်စကားပြန်အဖြစ် လုပ်ကိုင်နေသည့် ကိုသားသားကို ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်တွင် ထိုင်းနိုင်ငံ လရောင်ခရိုင် Amata City ဧရိယာအတွင်းရှိ ဟော့ပေါ့ဆိုင်၌ ညှဉ်းပန်းနှိပ်စက်ခဲ့ခြင်းဖြစ်သည်။ ထို့နည်းတူစွာ တဟန်(ခေါ်) ရှင်းရန်၏ အခြားအလုပ်ဆိုက်တစ်ခုတွင် အလုပ်သမားခေါင်းဆောင်အဖြစ် အလုပ်လုပ်နေရာမှ လုပ်ခလစာ ပုံမှန်မရ၍ အလုပ်ထွက်ခဲ့သည့် အသက် ၃၆ နှစ်အရွယ် ကိုရှမ်းလေးကို အလားတူစွပ်စွဲချက်ဖြင့် အုပ်စုဖွဲ့ထိုးကြိတ်ပြီး သေနတ်ပြခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။…
-

လျှို့ဝှက်လိုဏ်ခေါင်းနှင့် တရားမဝင်လုပ်သားများ – အမှောင်ခေတ်ကို ပြန်သတိရစေသည့် တရုတ်မိုင်းတွင်း ဘေးအန္တရာယ်
တရုတ်ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်း၏ အချက်အချာဖြစ်သော ရှန်းရှီပြည်နယ်တွင် “တခြားလုပ်ကိုင်စရာမရှိတော့မှသာ ကျောက်မီးသွေးတွင်းထဲ ဆင်းပါ” ဟူသော ဆိုရိုးစကားတခု ရှေးယခင်ကတည်းက ရှိခဲ့ဖူးသည်။ ဆယ်စုနှစ်များစွာတိုင်အောင် ယင်းတွင်းနက်ကြီးများထဲက ဘဝများသည် ကြေကွဲစရာဖြစ်ရပ်များနှင့် ဒွန်တွဲနေခဲ့သည်။ ယင်းကြေကွဲစရာများက အမြဲတမ်းဖြစ်လာခြင်းကြောင့် အခြားဆိုရိုးစကားများကိုပင် ဖြစ်တည်လာစေခဲ့သည်။ ကျောက်မီးသွေးတွင်းလုပ်သားများသည် ဓာတ်ငွေ့ပေါက်ကွဲမှု၊ ရေကြီးမှုနှင့် တွင်းပြိုမှုများကြောင့် သေဆုံးနိုင်သည့် မြေအောက်လိုဏ်ခေါင်းများထဲသို့ ဆင်းသွားကြသည့်အခါ “ငွေရဖို့ အသက်နဲ့လဲနေကြရသူများ” (သို့မဟုတ်) “မနက်ဖြန်အတွက် အသက်နဲ့လောင်းကြေးထပ်နေရသူများ” ဟူ၍ တင်စားပြောဆိုခဲ့ကြသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်တခုအတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကြောင့် ယင်းလုပ်ငန်း၏ သေမင်းတမန်ဂုဏ်သတင်းသည် တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပြီး၊ ထိုဆိုးရွားလှသော နေ့ရက်များသည် တရုတ်အတွက် အတိတ်မှာ ကျန်ရစ်ခဲ့ပြီဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် မေလ ၂၂ ရက်က ရှန်းရှီပြည်နယ်ရှိ လျှိုရှန်းယွီကျောက်မီးသွေးတွင်းတွင် ပေါက်ကွဲမှုဖြစ်ပွားကာ လူပေါင်း…
-

ရန်ကုန်မြို့ကြီး ကံကောင်းခဲ့သည်
ရန်ကုန်မြို့ကြီး ကံကောင်းခဲ့သည် 🌍 တရုတ်နဲ့ မြန်မာနိုင်ငံမှာ Magnificent 5.2 အဆင့်တူ မြေငလျင် ၁၂ နာရီသာခြားကာ လှုပ်ခတ်ခဲ့ပေမယ့် အကျိုးသက်ရောက်မှုဘာ့ ကြောင့်အရမ်းကွာသွားရတာလဲ? ယမန်နေ့ညက တရုတ်နိုင်ငံ တောင်ပိုင်းမှာ Magnitude 5.2 အဆင့် အားအသင့်အတင့်မြေငလျင်လှုပ်ခတ်ခဲ့ပြီး အိမ်တချို့ပြိုကျကာ လူ ၂ ဦးသေဆုံးခဲ့ရပါတယ်။ ဒီမနက်မှာတော့ မြန်မာနိုင်ငံမြို့ တော်ရန်ကုန်မြို့ကြီးအနီးမှာ အလားတူ Magnitude 5.2 တူညီတဲ့ မြေငလျင် လှုပ်ခဲ့ပါတယ်။ ဒါပေမယ့် သိသိသာသာခံစားကြရတာကလွဲပြီး ထိခိုက်ပျက်စီးမှုမရှိသလောက်ပါ။ 0 Casualties ဖြစ်ပါသည်။ အဆိုပါမြေငလျင်တွေလှုပ်ခတ်ပြီးနောက်မှာ “Magnitude တူရင် အင်အားတူရမယ် မဟုတ်လား?” ဆိုသည့် မေးခွန်းများလည်းရှိလာပြီး တကယ်တော့မြေငလျင်တစ်ခုရဲ့ ဖျက်စီးနိုင်မှုအင်အားဟာ Magnitude တစ်ခုတည်းနဲ့ တိုင်းတာပြီးမဆုံးဖြတ်နိုင်ပါဘူး။ အောက်ပါအချက်အလက်များက မြေငလျင်ရဲ့ဖျက်ဆီးနိုင်မှုအဓိကသော့ချက်အဖြစ် ရှိနေတာပါ။…
-

ခိုင်နှင်းဝေ ပရဟိတအဖွဲ့အား ဖမ်းဆီးပြီး ပြန်ပေးငွေတောင်းရာမှအစပြု၍ ပုဂံနှင့်ပုပ္ပါးအခြေစိုက် လက်နက်ကိုင်အဖွဲ့များအား စစ်ဆင်ရေးဖြင့် ရှင်းလင်းပေးရန် တောင်းဆိုမှုများ ကျယ်ပြန့်လာ News
ခိုင်နှင်းဝေ ပရဟိတအဖွဲ့အား ဖမ်းဆီးပြီး ပြန်ပေးငွေတောင်းရာမှအစပြု၍ ပုဂံနှင့်ပုပ္ပါးအခြေစိုက် လက်နက်ကိုင်အဖွဲ့များအား စစ်ဆင်ရေးဖြင့် ရှင်းလင်းပေးရန် တောင်းဆိုမှုများ ကျယ်ပြန့်လာ ခိုင်နှင်းဝေ ပရဟိတအဖွဲ့အား ဖမ်းဆီးပြီး ပြန်ပေးငွေတောင်းရာမှအစပြု၍ ပုဂံနှင့်ပုပ္ပါးအခြေစိုက် လက်နက်ကိုင်အဖွဲ့များအား စစ်ဆင်ရေးဖြင့် ရှင်းလင်းပေးရန် တောင်းဆိုမှုများ ကျယ်ပြန့်လာကြောင်း သိရသည်။ ခိုင်နှင်းဝေ ဦးဆောင်သော ပရဟိတအဖွဲ့သည့် မေ ၁၃ ရက် နံနက်ပိုင်းက ပုပ္ပားတောင်ကလပ်ပွဲတွင် ပွဲပေးပူဇော်မှုများ ပြုလုပ်ပြီးနောက် ပုပ္ပားမှ ပုဂံသို့ Alphard ကားနှစ်စီးဖြင့် ဗျတ္တပန်းဆက်လမ်းအတိုင်း ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းနေ့ ညနေပိုင်းအထိ အဆိုပါ ကားနှစ်စီးမှာ ပုဂံသို့ ဆိုက်ရောက်လာခြင်းမရှိဘဲ ဖုန်းများအားလုံး အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။ ထွက်ပေါ်နေသည့် သတင်းများအရ ခိုင်နှင်းဝေ ဦးဆောင်သော ပရဟိတအဖွဲ့သည် ပုပ္ပားမှ ပုဂံသို့ ထွက်ခွာလာစဉ်…