Category: Article


  • ဗင်နီဇွဲလားသမ္မတနှင့်ဇနီးကို ဖမ်းဆီးသွားသော Delta Force အကြောင်း

    ဗင်နီဇွဲလားသမ္မတနှင့်ဇနီးကို ဖမ်းဆီးသွားသော Delta Force အကြောင်း သိကောင်းစရာ ဗင်နီဇွဲလားနိုင်ငံတွင် အမေရိကန်က စစ်ဆင်ရေးကြီးတခု ဆောင်ရွက်ခဲ့ပြီး ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို နှင့် ၎င်း၏ဇနီးဖြစ်သူ ဆီလီယာ ဖလောရက်စ် တို့ကို ဖမ်းဆီးကာနိုင်ငံပြင်ပသို့ လေယာဉ်ဖြင့် ခေါ်ဆောင်သွားပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုပြောကြားခဲ့သည်။ စစ်ဆင်ရေးအတွင်း ဗင်နီဇွဲလားမြို့တော် ကာရာကပ်စ် နှင့် အခြားဒေသများတွင် ပေါက်ကွဲသံများ ကြားခဲ့ရပြီး အမေရိကန်တပ်ဖွဲ့ဝင်များက အခရာကျသောပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း ညွှန်ပြနေသည်။ အဆိုပါမစ်ရှင်ကို အမေရိကန်စစ်တပ်၏ ထိပ်တန်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ဖြစ်သော Delta Force က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း CBS News က ဖော်ပြခဲ့သည်။ Delta Force ဆိုသည်မှာ အဘယ်နည်း ၁၉၇၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြောက်ကာရိုလိုင်းနားပြည်နယ်…

  • ဂျပန်လှိုဏ်ဂူမှာ ပျောက်ဆုံးသွားတဲ့ အမျိုးသမီးစနိုက်ပါ ရဲဘော်

    ဗန်းမောက်-အင်းတော်လမ်းပိုင်းမှာရှိတဲ့ အင်းတော်မြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုမှာ နွေနွေကိုဆိုတဲ့ အမျိုးသမီးငယ်တစ်ဦး ၂၀၂၃၊ ဇန်နဝါရီ ၂၉ ရက်က ဖမ်းဆီးခံခဲ့ရပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။ အခုဆိုရင် သူ ပျောက်ဆုံးနေတာ ၃ နှစ် ပြည့်တော့မှာပါ။ နွေနွေကို ကို အင်းတော်ရဲစခန်းဆီ စတင်ဖမ်းဆီးသွားခဲ့ပြီး အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်သားတွေက ဂျပန်လှိုဏ်ဂူလို့ခေါ်တဲ့ စစ်တပ်ကုန်းကို ခေါ်ထုတ်သွားခဲ့တာပါ။ အဲဒီအချိန်ကစပြီး သူရဲ့သတင်းက လုံးဝစုံစမ်းလို့ မရတော့ဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ နွေနွေကို တစ်ယောက် သူငယ်ချင်းဖြစ်သူရဲ့ မင်္ဂလာဆောင်မှာ ပြင်ဆင်ပေးဖို့ လိုအပ်တဲ့ ပစ္စည်းတွေကိုဝယ်ရန် အင်းတော်မြို့ကိုထွက်လာချိန် ဒလန်သတင်းပေးတာကြောင့် ဖမ်းဆီးခံခဲ့ရတာပါ။ မိသားစုဝင်တွေကလည်း အွန်လိုင်းသတင်းတွေကတစ်ဆင့် နွေနွေကို တစ်ယောက် ဖမ်းဆီးခံလိုက်ရပြီဆိုတာ နေ့ချင်းသိခဲ့ကြပါတယ်။ “ရွာက ဒလန်ကြောင့် မိတာပါ၊ ဟိုတိုင်းဆို မမိဘူး၊ သိတာကတော့ အလှပြင်ဆရာမ…

  • တရုတ်ကြီးကြပ်သည့် နယ်မြေခွဲဝေရေးအစီအစဉ်ကို လက်မခံဟု NUG ထပ်မံသတိပေး

    မိုးကုတ်နှင့် မိုးမိတ်မြို့များသို့ ဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်ကို တိုက်ခိုက်မည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူက ယမန်နေ့( ဒီဇင်ဘာလ ၁၁ ရက်) တွင် ပြောကြားလိုက်သည်။ ယမန်နေ့က ထုတ်ပြန်သော ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (၂၀/၂၀၂၅) တွင် ဦးနေဘုန်းလတ်က ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။ ထိုပြောဆိုချက်သည် တရုတ်အစိုးရ ကြီးကြပ်သည့် နယ်မြေခွဲဝေရေးအစီအစဉ်ကို လက်ခံမည်မဟုတ်ကြောင်း သီတင်းတစ်ပတ်အတွင်း NUG ၏ ဒုတိယမြောက် လူသိရှင်ကြား ပြောဆိုမှုဖြစ်လာသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်နေ့က NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက အလားတူကြေညာချက်မျိုး ထုတ်ပြန်ထားသည်။ မန္တလေးတိုင်းထဲမှ မိုးကုတ်မြို့နှင့် ထိုမြို့နှင့်ကပ်လျက်ရှိနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မိုးမိတ်မြို့များကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က NUG…

  • မုံရွာက တကိုယ်တော်ကျားဖြန့် သိန်း ၇၀၀၀ ကျော် ဘယ်လိုလိမ်သွားသလဲ

    မုံရွာမြို့ဟာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတစ်ခုပါ။ တိုက်ပွဲတွေပတ်လည်ဝိုင်းနေတဲ့မုံရွာမြို့ဟာ စစ်ကောင်စီရဲ့အမျိုးစုံ ဖိနှိပ်မှုတွေကြားမှာ မနည်းရှင်သန်အောင် ရပ်တည်နေရတယ်။ နေ့စဥ်ပေါ်တာဆွဲတာတွေရှိတယ်။ အကြမ်းဖက် ဖမ်းဆီး ငွေညှစ်တာတွေရှိတယ်။ ဓါးပြတိုက် လုယက် ပြန်ပေးဆွဲတာတွေရှိတယ်။ အဲဒီလိုအခြေအနေကြားမှာပဲ မုံရွာမြို့က စီးပွားရေးသမား လုပ်ငန်းရှင် ၂၀ ကျော် ငွေအလိမ်ခံလိုက်ရပါတယ်။ ဆုံးရှုံးသွားတဲ့ပမာဏက ကျပ်သိန်းခုနှစ်ထောင်ကျော်ပါတဲ့။ သိန်းခုနှစ်ထောင်ကျော်ဆိုလို့ အဖွဲ့လိုက်များ လာလိမ်သွားတာလားထင်ကြမယ်။ မဟုတ်ပါဘူး။ အသက် ၂၅ ဝန်းကျင် အမျိုးသမီးငယ်တစ်ယောက်တည်းကပဲ လိမ်လည်သွားခဲ့တာပါ။ သူလိမ်သွားတာ ငွေကြေးတစ်ခုတည်းတင်မဟုတ်ပါဘူး။ အလိမ်ခံရတဲ့သူတွေရဲ့ ဂုဏ်သိက္ခာတွေကိုပါ ချနင်းသွားခဲ့တာပါ။ လိမ်လည်ခံရတဲ့သူတွေထဲကတစ်ယောက်ကတော့ ကိုအောင်(အမည်လွှဲ)ပါ။ကိုအောင်က လက်ရှိ ထိုင်းနိုင်ငံမှာ နေထိုင်ပါတယ်။ ကိုအောင်မုံရွာမှာ နေစဥ်ကရင်းနှီးတဲ့အမျိုးသမီးတစ်ယောက်ရှိပါတယ်။ အဲဒီအမျိုးသမီးက လူသိလည်းများတယ်။ ဆိုရှယ်လည်းကျတယ်။ ကိုအောင့်ကို တရက်မှာ အဲဒီအမျိုးသမီးက မက်ဆင်ဂျာကနေ ပြောလာတယ်။ လုပ်ငန်းလေးတစ်ခုလုပ်ဖို့ရှိလို့ ငွေထည့်မလားပေါ့။…

  • မြန်မာ-ထိုင်းနယ်စပ် ကျားဖြန့်လုပ်ငန်း အမေရိကန် နှိမ်နင်းမည်ကို စစ်တပ်စိုးရိမ်နေ

    မင်းအောင်လှိုင်က ကျားဖြန့်လုပ်ငန်းခွင်တချို့နှင့် သက်သေအထောက်အထားများ ဖျက်ဆီးနေချိန်တွင် KNU က ဖမ်းမိသည့် သက်သေပစ္စည်းများ မပျောက်ပျက်စေရန် ဂရုစိုက်လုပ်ကိုင်နေသည်။ KK Park ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အပြီးရှင်းလင်းဆောင်ရွက်သွားမည်ဟု ဟစ်ကြွေး လျက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ကျားဖြန့်သက်သေအထောက်အထားများကို အစဖျောက် ဖျက်ဆီးနေချိန်၊ ထိုနေရာနှင့် မဝေးလှသော မင်းလက်ပံကျေးရွာရှိ Shunda Park ဟု အမည်ရသော ကျားဖြန့်လုပ်ငန်းခွင်ကို ကရင် အမျိုးသားအစည်းအရုံး (KNU) က ဝင်ရောက်စီးနင်းပြီး၊ လုပ်ငန်းသက်သေ အထောက်အထား အမြောက်အများကို အိမ်နီးချင်းထိုင်းနိုင်ငံ အာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ နိုဝင်ဘာလ ၂၁ ရက်နေ့က ထိုသို့ ဝင်ရောက်စီးနင်းချိန် တရုတ်နိုင်ငံသား အများစု နှင့် နိုင်ငံစုံမှ နိုင်ငံခြားသားရာထောင်ချီကို ထိုဝန်းအတွင်းရှိ အဆောက်အအုံ ၂၀ ခန့်တွင်…