Category: Article


  • တရုတ်၏ နောက်ဆုံး ရန်စမှုနှင့် ‘မလွဲမသွေ တိုက်ခိုက်ရမည့် စစ်ပွဲများ’

    ရက်သတ္တပတ် နှစ်ပတ်မပြည့်မီ ဖြစ်ပွားခဲ့သည့် မတူညီသည့် ဖြစ်ရပ်နှစ်ခုက တရုတ်၏ ရန်လိုသော ပုံရိပ်ကို ဖော်ပြနေသည်။ အိန္ဒိယနှင့် ဂျပန်ကို တရုတ်က ခြိမ်းခြောက်ပြီး ရန်လိုကြောင်း ဖော်ပြခဲ့သည်။ နိုဝင်ဘာလ ၁၀ ရက်တွင် တရုတ်သံတမန်တဦးက ပြင်းထန်သော စကားလုံးများသုံး၍ X တွင် ပို့စ်တခု တင်ပြီး ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအီချီအပေါ် တိုက်ခိုက်ခဲ့သည်။ ယင်းပို့စ်ကို နောက်ပိုင်းတွင် ဖျက်ပစ်ခဲ့သည်။ ထိုပို့စ်သည် နိုဝင်ဘာလ ၇ ရက်က ဂျပန်ဝန်ကြီးချုပ်၏ တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ပါက ဂျပန်က စစ်ရေးအရ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင် နိုင်ကြောင်း သတိပေးသည့် ပြောကြားချက်အပေါ် တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ နှစ်နိုင်ငံသံတမန်ရေးစစ်ပွဲ ဖြစ်ပွားခဲ့သည်။ ဂျပန်က ထိုင်ဝမ်နှင့် ကီလိုမီတာ ၁၀၀…

  • စစ်တပ်နှင့် ကိုးကန့်တပ် အုပ်ချုပ်မှုကြားက လားရှိုးမြို့

    တရုတ်နိုင်ငံအကူအညီဖြင့် လားရှိုးမြို့ကို ကျည်မဖောက်ဘဲ ပြန်ရယူခဲ့သော စစ်ကော်မရှင်တပ်က ရမခ စစ်ဌာနချုပ် မပိတ်မိစေရန် လားရှိုးမြို့အဝင်အထွက်ဖြစ်သော လားရှိုး-သီပေါ၊ လားရှိုး-မိုင်းရယ်လမ်းများမှ ကိုးကန့်တပ်များ ဆုတ်ပေးရန် တောင်းဆိုနေသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အား စစ်ကော်မရှင်က ပြန်လွှဲယူပြီး ရှစ်လနီးပါးကြာမြင့်ပြီးနောက် ဆေးရုံနှင့် ကျောင်းများ ပြန်ဖွင့်နေပြီဖြစ်သော်လည်း မြို့ဝင်ပေါက်၊ ထွက်ပေါက်လမ်းများနှင့် လျှပ်စစ်မီး ဖြန့်ဖြူးရေးတို့ကို ကိုးကန့်တပ် (MNDAA) က ဆက်လက်ထိန်းချုပ်ထားသည်။ မန္တလေး- မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိသည့် လားရှိုးမြို့သည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အကြီးဆုံးမြို့ဖြစ်ပြီး စီးပွားရေးအရ အရေးပါသည်။ တရုတ်နယ်စပ်နှင့် မိုင်တစ်ရာကျော်သာဝေးသည့် လားရှိုးမြို့သည် ဒုတိယကမ္ဘာစစ်ကာလတွင် တရုတ်၊ ဂျပန်နှင့် မဟာမိတ်တပ်များ စစ်စခန်းချရာမြို့အဖြစ် ထင်ရှားခဲ့သည်။ ၁၉၇၀ နောက်ပိုင်း တရုတ်နယ်စပ်မှ အင်အားပြန်လည်ကြီးထွားလာသည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)…

  • သက်ကြီးရွယ်အိုတွေကို ပစ်မှတ်ထားလာတဲ့ ဖိုးတွမ်တီးများ

    လူငယ်က အိမ်ထဲဝင်လာပြီးတော့ စာရွက်စာတမ်းတွေနဲ့အဘရဲ့အသက်တို့နာမည်တို့ရေးမှတ်တယ်။ သူ့အဖွဲ့တွေက ဘေးအိမ်မှာ ကန်တော့နေပြီး အဘကိုလည်း ကန်တော့တော့မှာမို့ နေရာပြင်ထားဖို့ ပြောတယ်။ အဘလည်း နေရာလေးကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ခုံတွေပစ္စည်းတွေ ဟိုရွှေ့သည်ရွှေ့လုပ်တယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတစ်နိုင်ငံလုံးမှာ လုံခြုံမှုတွေ ကင်းမဲ့ခဲ့တာ အများအသိပါ။ ပြည်သူတွေဟာ အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရနဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ နေထိုင်နေကြရပါတယ်။ ဒီတခါမှာတော့ သက်ကြီးရွယ်အိုတွေကို ပစ်မှတ်ထားပြီး နေအိမ်ထဲအထိ ဝင်ရောက်လိမ်လည်သွားတဲ့ ဖြစ်စဥ်တွေကို ပြောပြပေးမှာပါ။ အဲဒီဖြစ်စဥ်တွေကတော့ စစ်ကောင်စီတပ်တွေ အများအပြားရှိပြီး တပ်မြို့တော်လို့ တင်စားကြတဲ့ မိတ္ထီလာမြို့ပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ နိုဝင်ဘာ ၂၆ ရက်၊ မနက် ၁၀ နာရီခွဲလောက်က မိတ္တီလာမြို့၊ ကျီတော်ကုန်းရပ်ကွက်နယ်မြေ(၄)က အသက် ၇၅ နှစ်အရွယ် အငြိမ်းစားဝန်ထမ်း အဘတစ်ယောက်ရဲ့ နေအိမ်ကို ရုပ်ရည်သန့်သန့်နဲ့ လူငယ်အမျိုးသားတစ်ယောက် ဝင်လာခဲ့တယ်။ “…

  • အမေရိကန် ၏ Burma Team စစ်ဆင်ရေး စပြီ

    Burma Team ဟု ဆိုကာ အသစ် ဖွဲ့စည်း လာ‌ သောမြန်မာ ရှိ ငွေလိမ်ဂိုဏ်း တိုက်ဖျက်ရေး အဖွဲ့ Scam Center Strike Force (SCFF) သည် မြန်မာနိုင်ငံ အတွင်း ရှိ အဆိုပါ အဖွဲ့များ၏ လုပ်ငန်းများကို အခြား ဌာနများ နှင့် ပူးပေါင်း၍ စတင် အရေးယူ ဆောင်ရွက်နေပြီဟု အမေရိကန် တရားရေး ဝန်ကြီးဌာန မှ ထုတ်ဖေါ် ပြောဆိုလိုက်ပြီ ဖြစ်သည်။ မြန်မာ နိုင်ငံ အတွင်းရှိ ငွေလိမ်ဂိုဏ်းများကို တိုက်ဖျက်ရန် အက်ဖ်ဘီအိုင် အေးဂျင့်များ ထိုင်းနိုင်ငံ သို့ စတင် ရောက်ရှိလာနေပြီ ဖြစ်သည်ဟု ဝါရှင်တန်ရှိ ကိုလံဘီယာ ခရိုင် ရှေ့နေရုံးမှ ကြေညာချက်…

  • မိုးမိတ်မြို့အပေါ် စစ်အုပ်စု ဘယ်လောက်အထိ ရက်စက်ခဲ့လဲ

    ■ မိုးမိတ်မြို့အပေါ် စစ်အုပ်စု ဘယ်လောက်အထိ ရက်စက်ခဲ့လဲ တောင်တန်းတွေပတ်လည်ဝိုင်းလို့ မှိုင်းညို့ နေတဲ့ မိုးမိတ်မြို့ငယ်လေးမှာ စစ်အုပ်စုရဲ့ တပ်သားတွေ ကျူးလွန်ခဲ့တဲ့ အင်မတန်တုန်လှုပ်စရာ အဖြစ်ဆိုးတွေက အခုထိ ပဲ့တင်ထပ်ပြီး ညည်းတွား နေတုန်းပါ။ ဒါပေမယ့် မကြာခင်မှာပဲ ဒီမြို့လေးကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်ဖို့ ကံကြမ္မာက ဖန်လာပါပြီ။ လွန်ခဲ့တဲ့ (၂) နှစ်က မိုးမိတ် မြို့သိမ်းတိုက်ပွဲမှာ ဆုတ်ခွာပြေးရတော့မယ့် စစ်အုပ်စုရဲ့ တပ်မ (၉၉) ကျားဘီလူးစစ်ကြောင်းဟာ မိုးမိတ်ဒေသခံတွေကို ရက်စက်စွာ သတ်ဖြတ်ပြခဲ့ပြီး တစ်မြို့လုံးကို ကြောက်စိတ် တွေ ဖုံးလွှမ်းသွားစေခဲ့ပါတယ်။ ဒီရက်စက်တဲ့ အဖြစ်အပျက်တွေနဲ့ ကျခဲ့တဲ့ သွေးမျက်ရည်တွေကို မြို့လေးဆီက ဘယ်တော့မှ ဖျက်ပစ်လို့ ရမှာမဟုတ်ပါဘူး။ ➤ အချိန်ကာလ၊ လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်၊…