ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ၅ နှစ်ကျော် ရပ်နားခဲ့သည့် ဇာတ်သဘင် ဖျော်ဖြေရေးတို့ ယခုအခါ ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးအချို့တွင် ပွဲလမ်းသဘင်များ ခြိမ့်ခြိမ့်သဲ ကျင်းပကာ ပြန်လည် အသက်ဝင်လာသည်ကို တွေ့ရ၏။ မြန်မာနိုင်ငံ သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဇာတ်မင်းသား ဖိုးချစ်ကိုယ်တိုင် “ပြန်လည်နိုးထ သဘင်ည” ဆိုကာ ရွေးကောက်ပွဲ ဒုတိယပိုင်းပြုလုပ်သည့် ဇန်နဝါရီ ၁၁ ရက်က မန္တလေးအမျိုးသား ကဇာတ်ရုံဝင်းအတွင်း ယာယီ ဇာတ်ရုံဆောက်ပြီး ကပြ ဖျော်ဖြေခဲ့ခြင်း ဖြစ်သည်။ ဇာတ်မင်းသား ဖိုးချစ်က စစ်အာဏာသိမ်းမှုအစောပိုင်း လူထုဆန္ဒပြပွဲများ၌ ပါဝင်ခဲ့သလို သဘင်အစည်းအရုံး ဥက္ကဋ္ဌ အဖြစ်မှ နုတ်ထွက်ခဲ့သော်လည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းတွင် စစ်တပ်၏ဖမ်းဆီးထိန်းသိမ်းခံရပြီး ပြန်လည် လွတ်မြောက်ချိန် သဘင်အစည်းအရုံး ဥက္ကဋ္ဌတာဝန်…
“ရော့ . . . အဲဒီမှာ ပေါက်ပြားတွေကို ကိုင်၊ နင်တို့ သေတွင်းကို နင်တို့ တူးကြ” ဗိုလ်နဂါးက အမိန့်ပေးလိုက်သည်နှင့် ပေါက်ပြား၊ ပေါက်တူးများက အသက် ၁၆ နှစ်သာ ရှိသေးသော သမီးငယ် မဝါဝါ (အမည်လွှဲ)ကို ရင်ခွင်တွင်းထည့်ပွေ့ထားသည့် မိခင်ရှေ့သို့ အရှိန်နှင့် ပြုတ်ကျလာသည်။ BNRA လက်နက်တိုက် ပေါက်ကွဲမှုတွင် သံသယရှိသဖြင့် စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်မှာ ဗိုလ်နဂါးက ပုလဲမြို့နယ်()ရွာမှ အသက် ၁၇ နှစ်အရွယ် မဇာဇာ(အမည်လွှဲ)၊ အသက် ၁၆ နှစ်အရွယ် မဝါဝါ(အမည်လွှဲ) အပါအဝင် မိသားစုဝင် ၆ ဦးကို ပွိုင့်ကုန်းစခန်း၌ ဖမ်းဆီးချုပ်နှောင်ထားခြင်း ဖြစ်သည်။ ရက် ၂၀ ခန့်…
မြသွဲ့သွဲ့ခိုင် သို့မဟုတ် နွေဦးတော်လှန်ရေးရဲ့ ပထမဦးဆုံးသူရဲကောင်း အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန့်ကျင်ခဲ့ကြသူတွေထဲမှာတဦးဖြစ်တဲ့ အသက် ၂၀ အရွယ် ဒသမတန်းကျောင်းသူ မမြသွဲ့သွဲ့ခိုင်ကိုစစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဒီကနေ့ဆိုရင် ၅ နှစ်ပြည့်မြောက်ပြီဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက် စစ်တပ်က အာဏာသိမ်းအပြီး အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုကို အကြမ်းဖက်ဖြိုခွင်းရာမှာပထမဦးဆုံးကျဆုံးခဲ့တဲ့သူလည်းဖြစ်ပါတယ်။ စစ်တပ်က မဲစာရင်းအကြောင်းပြပြီးအာဏာသိမ်းတာကိုတနိုင်ငံလုံးက ငြိမ်းချမ်းစွာဆန့်ကျင်ကြတဲ့အထဲမှာ အစိုးရရုံးအဖွဲ့နဲ့ စစ်တပ်ဌာနချုပ်တည်ရှိတဲ့ နေပြည်တော်ဟာလည်း ကျန်ရစ်မနေခဲ့ပါဘူး။ စစ်အာဏာသိမ်းအပြီး ဖေဖော်ဝါရီလ ၈ ရက်မှာတော့ နေပြည်တော်က အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန့်ကျင်တဲ့သူတွေဟာ နေပြည်တော်က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရှိတဲ့ သပြေဝိုင်းအဝိုင်းကို ပိတ်ဆို့ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ အဲဒီဗိုလ်ချုပ်ကြေးရုပ်ရှိတဲ့သပြေကုန်းအဝိုင်းကိုဖြတ်ပြီး ရုံးတက်ကြမယ့် နိုင်ငံဝန်ထမ်းတွေကို ရုံးမတက်ပဲ အာဏာဖီဆန်ကြဖို့တောင်းဆိုခဲ့ကြတာပါ။ ဖေဖော်ဝါရီလ ၉ ရက်မှာတော့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ရေကားတွေနဲ့ ထိုးပြီးရာဘာကျဉ်တွေနဲ့…
နီပါးဗိုင်းရပ်သည် ဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့သည့် မလေးရှားနိုင်ငံရှိ ရွာအမည်ကို အစွဲပြု၍ အမည်ပေးထားခြင်းဖြစ်ပြီး လင်းဆွဲများမှတဆင့် အဓိက ကူးစက်တတ်သော ရောဂါတခု ဖြစ်သည်။ ယင်းဗိုင်းရပ်စ်မှာ သေဆုံးနိုင်ခြေ မြင့်မားသော်လည်း ကူးစက်ပျံ့နှံ့နိုင်စွမ်းမှာ ယနေ့အထိ အကန့်အသတ်ရှိသည်ဟု သိပ္ပံပညာရှင်များက ယူဆထားကြသည်။ ၂၀၂၆ ခုနှစ် အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အမျိုးသမီးတဦး သေဆုံးမှုနှင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ကူးစက်မှုအချို့ကို အတည်ပြုမှုများအပြီး ရောဂါပိုမိုပျံ့နှံ့လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာကာ ကမ္ဘာ့ကပ်ရောဂါ ခြိမ်းခြောက်မှုအဖြစ်ပင် ရှုမြင်လာကြသည်။ ထိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့က ၎င်းတို့၏ နယ်စပ်ဂိတ်များတွင် စစ်ဆေးမှုများကို ချက်ချင်း တိုးမြှင့်ဆောင် ရွက်ခဲ့ကြသည်။ ၂၀၂၆ ခုနှစ် အစောပိုင်းမှစ၍ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်တွင် ကူးစက်မှုများ ဖြစ်ပွားခဲ့ သော် လည်း…
ဒီဇင်ဘာ ၊ ဇန်န၀ါရီ ၂လအတွင်းမှာ ကျွန်တော်တို့ သတိထား/စောင့်ကြည့်ခဲ့ပြီးပြီ .. သေချာပြီမို့လို့ ပြောပါမယ် .. တလရဘက်ကသူများ Groupတွေမှာ အလကားပေးနေတဲ့ VPN Key တွေကို မသုံးပါနဲ့ .. (ကျွန်တော် ပြင်းပြင်းထန်ထန် လုံး၀ သတိပေးပါတယ်..) Mizzima သတင်းဌာနကလဲ ပြောလာပြီ .. Photon VPN လို ကုမ္ပဏီကြီးကလဲ ပြောလာပြီဆိုတော့ ကျွန်တော် သေချာပြောပါတော့မယ် .. စကစဟာ Firewall တင်မကပဲ VPN အတုတွေပါ လုပ်ဆောင်နေ ပါတယ် .. အွန်လိုင်းပေါ်မှာ VPN ရောင်းနေတဲ့သူတွေဟာ စကစ အလိုကျ လုပ်နေသူတွေ ပါတယ် .. သူတို့ဆီက ထုတ်ပေးလိုက်တဲ့ VPN Config (Key)…