Category: Weather
-

ထိုင်းနိုင်ငံတစ်ဝန်း နွေရာသီမုန်တိုင်း ဝင်ရောက်မည်
🚨 သတိပေးချက် – ထိုင်းနိုင်ငံတစ်ဝန်း နွေရာသီမုန်တိုင်း ဝင်ရောက်မည် 🚨 ဒီနေ့ (ဧပြီလ ၂၄ ရက်) ကစပြီး ထိုင်းနိုင်ငံတစ်ဝန်းက ခရိုင်ပေါင်း (၄၈) ခုမှာ နွေရာသီမုန်တိုင်း (Summer Storm) ကျရောက်နိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။ တစ်နိုင်ငံလုံးနီးပါး ပါဝင်နေတဲ့အတွက် သတိထားကြဖို့ အထူးနှိုးဆော်ချင်ပါတယ်။ 🔥 လက်ရှိ မြို့ကြီးတွေရဲ့ အခြေအနေ #ချင်းမိုင် (Chiang Mai): လေထုညစ်ညမ်းမှု (PM 2.5) အရမ်းမြင့်တက်နေဆဲပါ။ အပြင်ထွက်ရင် Mask တပ်ဖို့ မမေ့ပါနဲ့။ #အီဆန် (Northeast): အရှေ့မြောက်ပိုင်းဒေသ တချို့နေရာတွေမှာ မိုးရွာသွန်းနိုင်ခြေ ၄၀% လောက် ရှိနေပါတယ်။ #ဘန်ကောက် (Bangkok): အပူချိန် အလွန်ပြင်းထန်နေပြီး မိုးရွာနိုင်ခြေကတော့ ၁၀%…
-

အထူးသတိထားပါ ဒီနေ့စပါပြီနော်
တောင်တရုတ်ပင်လယ်အတွင်း အရှေ့မြောက်မုတ်သုံလေ အားလျော့နည်းသွားပြီးနောက် မတ်လ (၁၆) ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံတစ်ဝန်းတွင် နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာတော့မည်ဖြစ်ကြောင်း မိုးလေဝသစောင့်ကြည့်သူများ၏ ခန့်မှန်းချက်အရ သိရသည်။ အထူးသဖြင့် ရန်ကုန်၊ ပဲခူး၊ နေပြည်တော်၊ မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့တွင် လာမည့် မတ်လ (၂၀) ရက်နေ့နောက်ပိုင်း၌ နေ့အပူချိန်များမှာ ၃၉ ဒီဂရီစင်တီဂရိတ် နှင့်အထက်သို့ ရောက်ရှိလာနိုင်ကြောင်း နိုင်ငံတကာမိုးလေဝသစောင့်ကြည့်သူ ဆရာဝင်းနိုင်က သတိပေးထားသည်။ ယခုကဲ့သို့ အပူချိန်မြင့်တက်လာမှုနှင့်အတူ ခရမ်းလွန်ရောင်ခြည် (UV) အညွှန်းကိန်းများပါ မြင့်တက်လာနိုင်သဖြင့် အောက်ပါကျန်းမာရေးဆိုင်ရာ အချက်များကို အထူးဂရုပြုကြရန် လိုအပ်ပါသည် – ရေဓာတ်လျော့နည်းခြင်းနှင့် အပူလျှပ်ခြင်း (Heatstroke) တို့ကို သတိထားရန်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် အပူလွန်ကဲခြင်းကို ဂရုစိုက်ရန်။ နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှုကို…
-

ရန်ကုန်၊ မန္တလေး နေပြည်တော် အထူးသတိပေးပြီ
နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်အပါအဝင် ဒေသများတွင် နေ့အပူချိန်များစတင်မြင့်တက်တော့မည်ဖြစ်ကာ ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို သတိပြုရန်လို တောင်တရုတ်ပင်လယ်အတွင်း အရှေ့မြောက်မုတ်သုံလေအားလျော့နည်းသွားပြီးနောက် မနက်ဖြန် မတ် ၁၆ ရက်မှစတင်ကာ မြန်မာနိုင်ငံတွင် နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာတော့မည်ဖြစ်ကြောင်း သိရသည်။ အထူးအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် လာမည့် မတ်လ ၂၀ ရက်နောက်ပိုင်း နေ့အပူချိန်များ ၃၉ ဒီဂရီစင်တီဂရိတ်နှင့်အထက်သို့ ရောက်လာနိုင်ကြောင်း နိုင်ငံတကာမိုးလေဝသစောင့်ကြည့်သူ ဆရာဝင်းနိုင်က ယနေ့ မတ်၁၅ ရက် ညနေပိုင်းတွင် လူမှုကွန်ရက်မှတဆင့် ရေးသားထားသည်။ ထိုသို့ နေ့အပူချိန်များမြင့်တက်လာပြီးနောက် ရေဓါတ်လျော့နည်းခြင်း၊ အပူလွန်ကဲခြင်း၊ အသက်ရှုလမ်းကြောင်းပြဿနာ၊ ခရမ်းလွန်ရောင်ခြည် မြင့်တက်ခြင်းတို့ကို သတိထားကြရမည်ဖြစ်သည်။ မိုးရွာသွန်းနိုင်မှု ခန့်မှန်းချက်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်ကချင်ပြည်နယ်တို့တွင် မတ် ၂၂ ရက်အတွင်း မိုးအသင့်အတင့်မှ…
-

မဟာရန်ကုန် အနီရောင်အဆင့်
ရန်ကုန်မြို့ လေထုညစ်ညမ်းမှု အနီရောင်အဆင့်ရောက် လေထုအရည်အသွေးတိုင်းတာချက်ကိုဖော်ပြနေတဲ့ IQAir ရဲ့ တိုက်ရိုက်တိုင်းတာ ထုတ်ပြန်ချက်အရ ဒီနေ့ ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ အနီရောင်အဆင့်ကို ရောက်နေပါတယ်။ မြို့လယ်က ဒဂုံမြို့နယ်မှာ AQI ၁၉၂ အထိရှိပြီး လေထုညစ်ညမ်းမှုအမြင့်ဆုံးမြို့နယ်ဖြစ်နေတာပါ။ ရန်ကုန်မြို့မှာ မနက်ခင်းကတည်းက နေမမြင်ရဘဲ ပတ်ဝန်းကျင်မှာ အုံ့ဆိုင်းနေတယ်လို့ မြို့ခံအချို့က ပြောပါတယ်။ “ဒလဘက် ကမ်းဘက် လှမ်းကြည့်လိုက်ရင်လည်း မြူတွေကျနေတဲ့ပုံစံပဲ။ မြို့ဘက်က တိုက်တွေဘက်လည်း အဲဒီအတိုင်းပဲ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ကမ္ဘာ့မြို့ကြီးတွေနဲ့ယှဥ်ရင်လည်း ရန်ကုန်လေထုညစ်ညမ်းမှုဟာ အဆင့် ၄ ရောက်နေတာပါ။ “နှာခေါင်းယား တာမျိုးတော့မဖြစ်ဘူး။ လေထုညစ်ညမ်းမှန်းတောင် သေချာမသိဘူး” လို့ ရန်ကုန်မြို့နေ လူငယ်တစ်ဦးကပြောပါတယ်။ လေထုညစ်ညမ်းမှုကြောင့် ရေတိုမှာ အဆုတ်စွမ်းဆောင်ရည်ကျဆင်းတာ၊ အသက်ရှူလမ်းကြောင်းကူးစက်ရောဂါတွေနဲ့ ရင်ကျပ်တာတွေ…
-
ရန်ကုန် လေထု ဘာကြောင့် ဒီလောက်ထိ ညစ်ညမ်းလာရတာလဲ (ရုပ်/သံ)
ရန်ကုန်မြို့ လေထုညစ်ညမ်းမှုဟာ ဒီသတင်းပတ်အတွင်း တကမ္ဘာလုံးမှာ အဆင့် ၄ နေရာကို ရောက်ရှိနေတယ်လို့ လေထုအရည်အသွေးစောင့်ကြည့်တိုင်းတာရေး မှတ်တမ်းအဖွဲ့ (IQ Air) ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာတော့ မြန်မာနိုင်ငံရဲ့ လေထု ညစ်ညမ်းမှု အဆင့်ဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ အဆင့် ၂၅ ကို ပြန်လည်လျော့ကျလာခဲ့ပေမယ့် သန့်ရှင်းလေထုအဆင့်ကို ပြန်မရောက်သေးဘဲ အဝါရောင်အဆင့်မှာပဲ ဆက်ရှိနေဆဲဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုဟာ အခုနှစ်တွေထဲမှာ တဖြည်းဖြည်းပိုဆိုးလာပြီး မြို့ပြပြဿနာတခုဖြစ်လာနေပါတယ်။ ကျန်းမာရေးအတွက်လည်း စိုးရိမ်ရတဲ့အဆင့်ကို မကြာခဏ ရောက်တတ်တဲ့အခြေအနေ ဖြစ်နေပါတယ်။ လေထု ညစ်ညမ်းမှုတွေ ဘာကြောင့်ဖြစ်ရတာပါလဲ။ နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးပြဿနာ ဘာတွေဖြစ်လာနိုင်သလဲဆိုတာနဲ့ ကာကွယ်ရမယ့် နည်းလမ်းတွေကို သိနိုင်ဖို့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်နေတဲ့ ဒေါက်တာသူရက အခုလိုရှင်းပြထားပါတယ်။