Category: Movies
-

People We Meet on Vacation
People We Meet on Vacation (2026) “နှစ်ပေါင်းများစွာ သူငယ်ချင်းအဖြစ် စည်းမကျော်ဘဲ ခင်လာခဲ့ပြီးမှ တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားရင် ဘာဆက်တွေဖြစ်မလဲ?” Best-selling ဝတ္ထုစာအုပ်ကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ “People We Meet on Vacation” ဟာ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ Poppy နဲ့ Alex ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်းပါ။ Poppy က လွတ်လပ်ပေါ့ပါးပြီး ခရီးသွားရတာ ဝါသနာပါသူဖြစ်ပြီး Alex ကတော့ တည်ငြိမ်ပြီး စာအုပ်တွေကြားမှာပဲ ပျော်မွေ့သူပါ။ သူတို့နှစ်ယောက်မှာ ထူးခြားတဲ့ အစဉ်အလာတစ်ခုရှိပါတယ်။ အဲဒါကတော့ နှစ်စဉ် နွေရာသီတိုင်းမှာ အတူတူ ခရီး ထွက်ကြတာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က ခရီးစဉ်တစ်ခုမှာ ဖြစ်ခဲ့တဲ့ အမှားတစ်ခုကြောင့် သူတို့နှစ်ယောက်ဟာ…
-

Dollhouse
Dollhouse (2025) မိသားစုဝင်တစ်ယောက်လို ချစ်ပေးခဲ့တဲ့ အရုပ်တစ်ရုပ်က ဘယ်လို အန္တရာယ်တွေ ယူဆောင်လာမလဲ? ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ တုန်လှုပ်ခြောက်ခြားဖို အရမ်းကောင်းတဲ့ ဂျပန်အရုပ်သရဲကား ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဆူဇူကီ ရိုရှီ နဲ့ သူမရဲ့ခင်ပွန်း တာဒါဟီကို တိုဟာ ၅ နှစ်အရွယ် သမီးလေး “မေ” ကို ဆုံးရှုးလိုက်ရပြီးနောက် ကြီးမားတဲ့ဝမ်းနည်းမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာ ရိုရှီတစ်ယောက် ဈေးဟောင်းတစ်ခုကနေ သမီးလေး မေနဲ့ တစ်ပုံစံတည်းတူတဲ့ အရုပ် တစ်ရုပ်ကို တွေ့ရှိခဲ့ပြီး သမီးလေးလိုပဲ ဂရုစိုက်ခဲ့ရာကနေ စိတ်ပိုင်းဆိုင်ရာ ပြန်လည်အားကောင်းလာခဲ့ပါတယ်။ ဒါပေမယ့် ရိုရှီနဲ့ တာဒါဟီကိုတို သမီးလေး မိုင် ကို ထပ်မံရရှိချိန်မှာတော့ အဲဒီအရုပ်အပေါ် အာရုံစိုက်မှုတွေ လျော့နည်းသွားခဲ့ပါတယ်။ မိုင်လေး အသက်…
-

Elaichi Ek Prem Katha
Elaichi Ek Prem Katha (2026) စိတ်၏စေရာ အိမ်ထောင်သည်တွေကြည့်သင့်တဲ့ အချစ်ဒရာမာဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်။ ဆာမီးရ်နဲ့ ဗန်ဒါနာ ဆိုတဲ့အိမ်ထောင်သည်အတွဲလေးတစ်တွဲရှိပါတယ်။ ယောကျာ်းဖြစ်သူ ဆာမီးရ်က အချိန်ပြည့်အလုပ်များနေတတ်တဲ့သူတစ်ယောက်ဖြစ်ပြီး မိန်းမဖြစ်သူအပေါ် ဂရုစိုက်အချိန်ပေးတာမျိုးက သိပ်မရှိသလောက်ပါပဲ။ မိန်းမဖြစ်သူ ဗန်ဒါနာက ရိုးရိုးအေးအေးနေတတ်သူဖြစ်ပြီး ယောကျာ်းနဲ့ ယောင်းမဖြစ်သူကို ချက်ပြုတ်ကျွေးမွေးရင်းတစ်နေ့တာကိုကုန်ဆုံးနေတတ်သူပါ။ ဒီလိုနဲ့သူမရဲ့ငယ်သူငယ်ချင်းခပ်ဟော့ဟော့နေတတ်တဲ့ ရူဘီးနားနဲ့ စကားပြောဖြစ်ရင်း ရူဘီးနားကသူတက်နေတဲ့ သရုပ်ဆောင်သင်တန်းအကြောင်းပြောပြပါတယ်။ တစ်နေ့ ရူဘီးနားက သူ့ရဲ့ သင်တန်းဆရာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် အာဒစ်ထ်ယာနဲ့ မိတ်ဆက်ပေးပါတော့တယ်။ အေးအေးဆေးဆေး နေတတ်တဲ့ ဗန်ဒါနာ၊ ယောကျာ်းဆီက ဂရုစိုက်မှုအကြင်နာ တွေလိုအပ်နေတဲ့ ဗန်ဒါနာတစ်ယောက် အာဒစ်ထ်ယာရဲ့ မာယာရေယာဉ်ကြောမှာ ဘယ်လိုတွေမျောပါသွားမလဲ။ နောက်ဆုံး ယောကျာ်းဖြစ်သူ သိသွားမှာလား ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ အိမ်ထောင်သည်တွေရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းအရာတွေကိုထင်သာမြင်သာအောင်ရိုက်ပြထားတဲ့ အချစ်ဒရာမာ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ sex…
-

Gunman
Gunman (2025) Cris Tapia Marchiori ရိုက်ကူးပြီး ၂၀၂၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အာဂျင်တီးနား ရုပ်ရှင် “Gatillero” ဟာ အာဂျင်တီးနားနိုင်ငံ၊ Buenos Aires မြို့ပြင်က မူးယစ်ဆေးဝါးဂိုဏ်းတွေရှိတဲ့ Isla Maciel ရပ်ကွက်မှာ တစ်ညတာလုံး အချိန်ယူပြီး ရိုက်ကူးထားတဲ့ အက်ရှင်-သည်းထိတ်ရင်ဖို ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အထူးခြားဆုံး အချက်ကတော့ အစအဆုံး အဆက်မပြတ် One-shot ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ ဇာတ်လိုက်ဖြစ်တဲ့ El Galgo (သရုပ်ဆောင် – Sergio Podeley) က ထောင်ကနေ မကြာသေးမီကမှ ပြန်လွတ်လာတဲ့ လူဆိုးဟောင်း တစ်ယောက်ပါ။ သူဟာ အရင်သူဌေးဖြစ်ခဲ့တဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင် La Madrina ရဲ့ မျက်နှာသာကို ပြန်ရဖို့အတွက်…
-

Legasi: Bomba the Movie
Legasi: Bomba the Movie (2025) Legasi: Bomba The Movie ဟာမလေးရှားနိုင်ငံရဲ့မီးသတ်နှင့်ကယ်ဆယ်ရေးဦးစီးဌာန (Bomba) မှသူရဲကောင်းတွေရဲ့စွန့်လွှတ်စွန့်စားမှုနဲ့သူရဲကောင်းစိတ်ဓာတ်ကိုဂုဏ်ပြုထားတဲ့ အက်ရှင်ဒရာမာဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ အမီရ်နဲ့သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းလည်းဖြစ် အထက်လူကြီးလည်းဖြစ်တဲ့ အက်ဒီတို့အပေါ်အခြေခံထားပါတယ်။ အက်ဒီတစ်ယောက်ရာထူးတိုးနဲ့သူတို့စခန်းကနေပြောင်းရတော့မယ့်ဆဲဆဲ၊ သူ့နေရာကို အမီရ်ဆက်ခံလုဆဲဆဲမှာပဲကြေကွဲစရာလုပ်ငန်းခွင်မတော်တဆမှုတစ်ခုနဲ့ ကွယ်လွန်ခဲ့ရပါတယ်။ အဲ့ဒီမှာတော့ အမီရ်တစ်ယောက် သူလက်ရှိရောက်နေတဲ့နေရာ၊ လုပ်နေရတဲ့ အလုပ်တွေဟာ သူတကယ်လိုချင်တာဟုတ်ရဲ့လား? ပတ်ဝန်းကျင်ရဲ့မျှော်လင့်ချက်တွေ တိုက်တွန်းမှုတွေကို အလေးထားခဲ့တာကြောင့်လားအစရှိတဲ့ဒွိဟတွေနဲ့လုံးပန်းဖို့ဖြစ်လာပါတော့တယ်။ အဲ့ဒီအချိန်မှာပဲ မြို့တော်ရဲ့အမြင့်ဆုံးမိုးမျှော်တိုက်ကြီးဖြစ်တဲ့ TEXVIN 118 မျှော်စင်ဟာ အကြမ်းဖက်သမားတွေတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်လာခဲ့ချိန်မှာတော့ အဲ့ဒီက အရေးကြီးကယ်ဆယ်ရေးမစ်ရှင်ကို သူကိုယ်တိုင်ဦးဆောင်ရတော့မှာပါ။ တကယ့်ဖြစ်ရပ်မှန်တွေကိုအခြေခံထားပြီး မလေးရှားမီးသတ်ဝန်ထမ်းတွေရဲ့သတ္တိ စိတ်ဓာတ်နဲ့ စွန့်လွှတ်စွန့်စားမှု၊ စွမ်းဆောင်ရည်တွေကို မြင်တွေ့မှာပါ။ နိုင်ငံတော်ကားပီပီ ဘတ်ဂျက်ကိုကောင်းကောင်းသုံး၊ ခမ်းခမ်းနားနားရိုက်ကူးထားတာဖြစ်တဲ့အတွက် ဇာတ်ကားကောင်းတစ်ကားအဖြစ်ရှုစားရမယ့် ကားဖြစ်ပါတယ်။