Category: Movies

  • Ginger Snaps Back: The Beginning

    Ginger Snaps Back: The Beginning

    Ginger Snaps Back: The Beginning (2004) Ginger Snaps Back: The Beginning ဟာနာမည်ကျော်သမန်းဝံပုလွေရုပ်ရှင်စီးရီးစ်ဖြစ်တဲ့ Ginger Snaps ရဲ့နောက်ဆုံးကားဖြစ်ပြီး ဇာတ်လမ်းကတော့ prequel ဖြစ်သွားပါတယ်။ ဂျင်ဂျာနဲ့ဘရစ်ဂျစ်တို့ညီအစ်မကို ဒီဇာတ်ကားမှာတော့ ၁၉ ရာစုကနေဒါရဲ့သားမွေးကုန်သွယ်ရေးခေတ်မှာ တွေ့မြင်ရမှာပါ။ ဂျင်ဂျာနဲ့ဘရစ်ဂျစ်တို့ဟာ လူသူမနီးတဲ့တောအုပ်ထဲမှာလှည့်လည်သွားလာရင်း ဘရစ်ဂျစ်တစ်ယောက် ဝက်ဝံထောင်ချောက်ကိုနင်းမိခဲ့ပါတယ်။ အဲ့ဒီမှာ အင်ဒီးယန်းလူငယ်တစ်ယောက်က သူတို့ကိုကယ်တင်ပေးခဲ့ပြီး အနားမှာရှိတဲ့ ခံတပ်တစ်ခုအတွင်းကိုရောက်ရှိသွားရာကနေ အတွင်းမှာရှိနေတဲ့ လူတွေရဲ့စိတ်ဝမ်းကွဲမှု သံသယတွေ၊ အပြင်ကနေ ဝင်လာဖို့လှည့်ပတ်ချောင်းမြောင်းနေတဲ့ သမန်းဝံပုလွေတွေ၊ အထဲမှာရှိနေနှင့်ပြီးသား အသွင်မပြောင်းသေးတဲ့ သူတွေနဲ့ရင်ဆိုင်ရပုံတွေကိုသဲထိတ်ရင်ဖိုကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။

  • The Great Shamsuddin Family

    The Great Shamsuddin Family

    The Great Shamsuddin Family (2025) “တလွဲမိသားစု” အမေရိကန်က တက္ကသိုလ်တစ်ခုမှာ အလုပ်လျှောက်ဖို့ သတ်မှတ်ချိန် ၁၂ နာရီအတွင်းမှာ အသည်းအသန် ကြိုးစားနေရတဲ့ ဘာနီ။ ဒတ်လိုင်းကြောင့် အချိန်မရှိပါဘူးဆိုကာမှ ငွေသားနှစ်ဆယ့်ငါးသိန်းနဲ့ မဖွင့်တဲ့ဘဏ်မှာ ငွေအရေးတကြီးသွင်းဖို့ ရောက်ချလာတဲ့ ညီမဖြစ်သူကြောင့် တပူပေါ်နှစ်ပူဆင့်ရ။ ဘဏ်မှာ အရေးတကြီးငွေသွင်းရမှာက အမေဖြစ်သူအကောင့်ကနေ ချက်လက်မှတ်အတုလုပ် ထုတ်ထားမိပြီး ဘုရားတောင်ဝတ်မပြုတဲ့အမေက မက္ကာမြို့ကြီးဆီ ညီမတတွေ ဘုရားဖူးခရီးစဉ်ထွက်မှာမို့ အကောင့်ကနေ ငွေထုတ်ဖို့ ဘဏ်သွားတဲ့အခါ သိသွားမစိုးလို့တဲ့။ ဘဏ်မှာငွေသွင်းဖို့ ညီမတတွေအပူတပြင်းကြိုးစားနေချိန် အမေနဲ့အဒေါ်ဖြစ်သူကလည်း အခန်းဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာပါရော။ ဒေလီမြို့ကြီးမှာရှိတဲ့ ဘာနီရဲ့ တိုက်ခန်းလေးဆီကနေ မိသားစုအရှုပ်တော်ပုံအမျိုးမျိုးကို ဟာသနှောလို့ ခံစားကြည့်ရှုကြရမှာပါ။

  • Cardcaptor Sakura: The Movie

    Cardcaptor Sakura: The Movie

    Cardcaptor Sakura: The Movie (1999) ၄ တန်းအရွယ် Sakura Kinomoto ဆိုတဲ့ကောင်မလေးဟာ “The Clow” ဆိုတဲ့ လျှို့ဝှက်ထူးဆန်းတဲ့စာအုပ်ကို ရှာတွေ့ပြီး မရည်ရွယ်ပဲ ကဒ်တွေကို မြို့အနှံ့ ပြန့်ကျဲစေခဲ့ပါတယ်။ အဲဒါဟာ မှော်ဆရာ Clow Reed ဖန်တီးထားတဲ့ Clow Cards တွေဖြစ်ပြီး တစ်ကဒ်ချင်းစီမှာ သူ့အစွမ်းနဲ့သူ ရှိကြပါတယ်။ အဲဒါပြန့်ကျဲစေတဲ့အတွက် အန္တရာယ်များတာကြောင့် Sakura ဟာ Cardcaptor ဆိုတဲ့ဂုဏ်ဘွဲ့နဲ့အတူ မှော်အစွမ်းတွေရလာပြီး Kero ဆိုတဲ့ကောင်လေးနဲ့အတူ ဒါတွေကို ပြန်ရှာဖို့ ဖြစ်လာတဲ့ဇာတ်လမ်းလေးပါ။ ဒီဇာတ်ကားလေးထဲမှာတော့ အဲဒီလိုမျိုး ရှာဖွေရင်း သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာနေနေတဲ့ Sakura တစ်ယောက် ဆောင်းပိတ်ရက်အရောက်မှာ ထူးဆန်းတဲ့ကံစမ်းမဲပေါက်ပြီး ဟောင်ကောင်ကို လည်ပတ်ဖို့ ဖြစ်လာပါတော့တယ်။ တစ်ချိန်တည်းမှာလည်း…

  • Aaromaley

    Aaromaley

    Aaromaley (2025) “အောင်သွယ်တော်ဖူးစာ” အာဂျစ်က အချစ်ဆိုတာ ရုပ်ရှင်တွေထဲကလို မိုးရေထဲမှာ ကခုန်ကြတာမျိုး ပန်းခင်းတဲ့လမ်းမှာ လျှောက်ရတာမျိုးလို့ ယုံကြည်ထားတဲ့ စိတ်ကူးယဉ်အချစ်သမားတစ်ယောက်။ အန်ဂျလီကတော့ အချစ်ဆိုတာကို စိတ်ခံစားမှုနဲ့မဟုတ်ဘဲ ယုတ္တိဗေဒကျကျသုံးသပ်ပြီး ရှောင်ကြဉ်တဲ့အပြင် အချစ်ဆိုတာကိုပါ မုန်းတီးနေတဲ့သူ။ ဖြစ်ချင်တော့ သူတို့နှစ်ယောက်ရဲ့အလုပ်အကိုင်က အောင်သွယ်တော်အေဂျင်စီတစ်ခုမှာ။ ဆိုတော့ တစောင်းစေးနဲ့မျက်ချေးဆိုသလို အတော်လေးကို အဆင်မပြေကြသူတွေပေါ့။ ဒီလို ဆန့်ကျင်ဘက်စိတ်ခံယူမှုတွေနဲ့ နှစ်ယောက်ကြားမှာ ဘယ်လိုလှပတဲ့ ဆက်နွယ်မှုလေး ဖြစ်ပေါ်လာမလဲဆိုတာကတော့ ဒီတမီလ်Rom-Comရုပ်ရှင်လေးမှာ ခံစားကြည့်ရှုကြပါဦး။

  • Senior

    Senior

    Senior (2015) ဝိညာဉ်တွေကို အနံ့ခံပြီး အဆက်အသွယ်ပြုလုပ်လိုရတဲ့ မွန့်ဆိုတဲ့ ကောင်မလေးတစ်ယောက် သူမက ဖန်နဝတီတိုက်က conventကျောင်းတစ်ခုက ကျောင်းသူဖြစ်ပါတယ်။ တရက်မှာ သူမကို ဝိညာဉ်တစ်ကောင်က လူသတ်မှုတခု စုံစမ်းပေးဖို့အကူအညီတောင်းနေတဲ့သံကို ကြားခဲ့ရတယ်။ ထိုဝိညာဉ်က သူဘယ်လိုသေခဲ့လဲတောင် မမှတ်မိဘဲ သူအသက်ရှိစဉ်က စုံစမ်းလို့ မပြီးပြတ်သေးတဲ့အမှုတခုအတွက် စိတ်ချလက်ချ မကျွတ်လွတ်နိုင်သေးသူပါ။ ဒါဆို သူတိုစုံစမ်းမဲ့လူသတ်မှုက ဘာအမှုလဲ… လူသတ်သမားကိုရှာနေတဲ့ သူတိုနှစ်ဦး အဆုံးထိရောက်သွားနိုင်မလား… နှစ်ပေါင်း ၅၃နှစ်ကြာခဲ့ပြီဖြစ်တဲ့ ဖန်နဝတီတိုက်ထဲက လူသတ်မှုတွေကို ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။