📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Category: Movies

  • Rajini Gang

    Rajini Gang

    Rajini Gang (2025) “မေ့တတ်သူကြီးများ” ဖွတ်မေ့ပုဒတ်မေ့ဆိုတာမျိုး အချိန်ခဏလေးအတွင်းမေ့မေ့သွားတတ်ကြတဲ့ ရာဂျနီနဲ့ အပေါင်းအပါတစ်သိုက်ရဲ့ တလွဲအခွီတွေနဲ့ရိုက်ကူးတင်ဆက်ထားတဲ့ တမီလ်ဟာသရုပ်ရှင်။ ဇာတ်လမ်းအစမှာတော့ မေ့တတ်တဲ့ရာဂျနီက ရွာလူကြီးသမီးကို ခိုးပြေးလာပြီး ကားကြုံလိုက်စီးလာခဲ့ပါတယ်။ သူတို့စုံတွဲလမ်းကြုံစီးတဲ့ကားက ဝန်ကြီးကားဖြစ်နေပြီး မောင်းလာတဲ့လူက သူ့ဘာသာခိုးလို့ခိုးမှန်းတောင်မမှတ်မိတော့ဘဲ ခိုးလာခဲ့တဲ့ကားဖြစ်နေပါရော။ လမ်းမှာ နောက်ထပ်ကားတားလို့ တင်လာမိသူကလည်း သူခိုးတစ်ယောက်ဖြစ်နေပြီး ခွေးတစ်ကောင်ပါပါလာတဲ့အခါ…။ မင်္ဂလာဆောင်ဖို့လုပ်တဲ့အချိန် သူခိုးဆီက မင်္ဂလာဆွဲကြိုးကိုမှ သတို့သမီးကို ဆင်မြန်းပေးမိချိန်ဆွဲကြိုးမှာ လက်စားချေချင်တဲ့ မကောင်းဆိုးဝါးပူးဝိညာဉ်တစ်ကောင် ပူးကပ်နေတဲ့အခါမှာတော့…။

  • Strike of Love

    Strike of Love

    Strike of Love (2025) Romance ဇာတ်ကားကောင်းလေးတွေကို ကြိုက်နှစ်သက်တဲ့ပရိသတ်တွေအတွက် အချစ်၊ အလုပ်နဲ့ မိသားစုအမွေအနှစ်ကြား ဗျာများရမယ့် Strike of Love ဇာတ်ကားသစ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ အိမ်ခြံမြေအကျိုးဆောင်လောကမှာ အောင်မြင်ဖို့ကြိုးစားနေတဲ့ မန်ဒီ။ သူ့မှာ တွမ်ဆိုတဲ့ ရည်းစားတစ်ယောက်ရှိပြီး တွမ်ဟာ အောင်မြင်မှုအတွက်ဆိုရင် ခံစားချက်တွေကို ဘေးဖယ်ထားပြီး ဦးနှောက်နဲ့ပဲစဉ်းစားတတ်တဲ့ အိမ်ခြံမြေ ဂုရုတစ်ယောက်ဖြစ်ပါတယ်။ မန်ဒီရဲ့ဘဝအချိုးအကွေ့ကတော့ သူ့အဘိုးနဲ့အဘွားက အငြိမ်းစားယူပြီး ဖလော်ရီဒါကို ပြောင်းရွှေ့တော့မယ့်အချိန်မှာ သူတို့ပိုင်ဆိုင်တဲ့ လာရီနဲ့လူစီရဲ့လာဘ်ရွှင်ဘိုးလင်းကွင်းကြီးကို မန်ဒီဆီ လွှဲပြောင်းပေးလိုက်တဲ့အချိန်မှာ စတင်ပါတယ်။ တွမ်ကတော့ ဒီဘိုးလင်းကွင်းဟာ ခေတ်မမီတော့တဲ့အတွက် ချက်ချင်းရောင်းထုတ်ပြီး အမြတ်ထုတ်ဖို့ မန်ဒီ့ကို တိုက်တွန်းပါတယ်။ ဒီလိုနဲ့ မန်ဒီဟာ အိမ်တစ်အိမ်ပြရင်း တွေ့ခဲ့တဲ့ကြောင်ပေါက်လေးတစ်ကောင်ကိုကယ်တင်ရင်းနဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်ဂျက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဂျက်ကတော့ တွမ်နဲ့မတူဘဲ မန်ဒီ့ကို ကိုယ့်နှလုံးသားဆန္ဒအတိုင်း…

  • This Is Not What I Expected

    This Is Not What I Expected

    This Is Not What I Expected (2017) ဟာသအချစ်ကားရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- မမျှော်လင့်ထားတဲ့ မတော်တဆမှုတစ်ခုကြောင့် သာမန်စားဖိုမှူးမလေး ကုရှန်းနန်ဟာ မာနကြီးတဲ့ဥက္ကဋ္ဌ လုကျင့်နဲ့ တွေ့ဆုံခဲ့ပါတယ်။ နောက်ပိုင်းမှာ လုကျင့်ဟာ ကုရှန်းနန် အလုပ်လုပ်တဲ့ ဟိုတယ်မှာ တည်းခိုခဲ့ပြီး တစ်ယောက်ရဲ့ သရုပ်မှန်ကို တစ်ယောက်မသိဘဲနဲ့ ကုရှန်းနန်ဟာ သူ့ရဲ့အထူးဟင်းတစ်ခွက်ဖြစ်တဲ့ “စုန်းမစွပ်ပြုတ်” နဲ့ လုကျင့်ရဲ့ အလွန်ချေးများတဲ့အရသာခံအာရုံကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ စားဖိုမှူးတစ်ယောက်နဲ့ အစားအသောက်မြည်းစမ်းသူတစ်ယောက်ကြားမှာ အစားအစာကနေတစ်ဆင့် အံ့ဩစရာကောင်းတဲ့ ရေစက်တစ်ခု စတင်ခဲ့ပါတယ်။ လုကျင့်ရဲ့ အိပ်မပျော်တဲ့ရောဂါဟာ တဖြည်းဖြည်းပိုဆိုးလာခဲ့ပေမယ့် မမျှော်လင့်ဘဲ ကုရှန်းနန်ရဲ့အိမ်က ဆိုဖာပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာကို သူတွေ့ရှိခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး အဲဒီဆိုဖာဟာ သူ့ရဲ့ကိုယ်ပိုင်အိပ်ရာဖြစ်လာပါတော့တယ်။ အချိန်တွေကြာလာတာနဲ့အမျှ အစားအသောက်တွေကတစ်ဆင့် ကုရှန်းနန်နဲ့ လုကျင့်ကြားမှာ…

  • Animal World

    Animal World

    Animal World (2018) ဒီဇာတ်ကားက စိတ်ရောဂါ၊ လောဘနဲ့ လူသားတွေရဲ့ အမှန်တကယ် ပုံစံတွေကို ပုံဖော်ထားတဲ့ စိတ်ဝင်စားစရာ အက်ရှင်-ဒရာမာ ဇာတ်ကားပါ။ ဇာတ်လိုက်ကတော့… ကျန်းခိုင်စစ် ဆိုတဲ့ ကောင်လေးပဲ။ သူက ကိုယ့်ကိုယ်ကို “ရူးနေတယ်” လို့ အမြဲတမ်း ယုံကြည်ထားသူ ဆရာဝန်တွေက စိတ်ရောဂါလို့ သတ်မှတ်ပေမယ့် သူကတော့ သူ့ကိုယ်ထဲမှာ “လူရွှင်တော်” တစ်ယောက် နေတယ်လို့ ထင်နေတာ။ ဒီရောဂါက ကုသလို့မရဘူးလို့လည်း သူက ပြောတယ်။ ပြဿနာက ဘာလဲဆိုတော့… ကျန်းခိုင်စစ်က စိတ်ခံစားမှု ပြင်းထန်လာတာနဲ့အမျှ သူ့ရဲ့ ထိန်းမနိုင်သိမ်းမရ စိတ်အခြေအနေကြောင့် သူ့ပတ်ဝန်းကျင်က လူအားလုံးကို ပုံစံတွေ ပြောင်းလဲပြီး အချင်းချင်း တိုက်ခိုက်ကြတဲ့ ထူးခြားတဲ့ သတ္တဝါတွေ လို မြင်နေရတာ။ ဒီလိုမြင်ကွင်းတွေကြောင့်…

  • The Witness

    The Witness

    The Witness (2015) မမYang Mi နဲ့ EXO က Lu Han တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Blind ဆိုတဲ့ကိုရီးယားဇာတ်ကားကို Blindရဲ့ဒါရိုက်တာ Ahn Sang-hoonကပဲ တရုတ်ဗားရှင်းပြန်ဖန်တီးထားတဲ့ မှုခင်းရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ လုရှောင်ရှင်း (Yang Mi)ဟာ အလုပ်သင်ရဲမေတစ်ယောက်ဖြစ်ပြီးတော့ ကားအက်စီးဒင့်ဖြစ်ပြီး အဲဒီဖြစ်ရပ် သူ့ရဲ့မောင်လေးဆုံးသွားပြီး လုရှောင်ရှင်းကိုယ်တိုင်ကမျက်မမြင်ဖြစ်သွားခဲ့ပါတယ်။ အမြင်အာရုံကိုဆုံးရှုံးလိုက်ရပေမယ့် မထင်မှတ်ပဲတခြားအာရုံတွေက သိသိသာသာပိုထက်မြက်လာခဲ့ပါတယ်။ မောင်လေးကိုဆုံးရှုံးလိုက်ရတဲ့အတွက် အချိန်တိုင်းကိုယ့်ကိုယ်ကိုအပြစ်တင်နေခဲ့တဲ့ လုရှောင်ရှင်းဟာ အမှောင်ထဲမှာနေထိုင်နေပေမယ့် ပတ်ဝန်းကျင်က လှုပ်ရှားမှုတိုင်းကို ထိရှလွယ် ခံစားမိနိုင်နေတာပဲဖြစ်ပါတယ်။ တစ်နေ့မှာ မမျှော်လင့်ဘဲ လုရှောင်ရှင်းက ယာဉ်တိုက်မှုတစ်ခုရဲ့မျက်မြင်သက်သေဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့စူးရှတဲ့အာရုံတွေကို အခြေခံပြီး ထွက်ဆိုချက်ပေးခဲ့ပါတယ်။ လုရှောင်ရှင်းရဲ့ထူးကဲတဲ့အာရုံခံနိုင်စွမ်းကို ရဲအရာရှိတစ်ယောက်ကအာရုံစိုက်မိသွားပါတယ်။ လင်ချုံး( Lu Han) ကအဲဒီယာဉ်တိုက်မှုရဲ့ နောက်ထပ်မျက်မြင်သက်သေတစ်ယောက်ဖြစ်နေပေမယ့် သူတို့နှစ်ယောက်ရဲ့ထွက်ဆိုချက်ကကွဲပြားနေပါတယ်။ တစ်ယောက်က အာရုံ(၅)ပါးလုံးကောင်းတဲ့…