မွန်ပြည်တော်လှန်ရေးတပ် (MSRF) တွင် ရဲဘော် ၃ တွဲ စုပေါင်းမင်္ဂလာပွဲ ကျင်းပ
မွန်ပြည်တော်လှန်ရေးတပ်မှ ရဲဘော်မောင်နှံ ၃ တွဲ စုပေါင်း မင်္ဂလာပွဲ ချစ်သူများနေ့တွင် ကျင်းပ
မွန်ပြည်နယ် မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ရဲဘော်မောင်နှံ ၃ တွဲ၏ စုပေါင်း မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ ၁၄ ရက် (ချစ်သူများနေ့) တွင် စုပေါင်းမင်္ဂလာပွဲ ကို တော်လှန်ရေး အစဉ်အလာ နှင့် အညီ ခိုင်မာသော သစ္စာပြုချက်များဖြင့် မင်္ဂလာပွဲအောင်မြင်စွာ ကျင်းပခဲ့သည်။
မင်္ဂလာမောင်နှံ ၃ တွဲသည် တော်လှန်ရေးကာလအတွင်း ရှေ့တန်းစစ်မျက်နှာများနှင့် တပ်ဖွဲ့တာဝန်အသီးသီးတွင် ပခုံးချင်းယှဉ် တိုက်ပွဲဝင်ခဲ့ကြသူများ ဖြစ်ပြီး မွန်ရိုးရာဝတ်စုံနှင့် တော်လှန်ရေးယူနီဖောင်းများကို ဝတ်ဆင်ကာ တာဝန်ရှိလူကြီးမင်းများနှင့် ရဲဘော်များ၏ ရှေ့မှောက်တွင် ဘဝလက်တွဲဖော်အဖြစ် သစ္စာဆို လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ စုပေါင်းမင်္ဂလာအခမ်းအနားသို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) မှ ဥက္ကဌ၊ ကာကွယ်ရေးဌာနမှူး နှင့် ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး နှင့်နည်းဗျူဟာ (၃၃) မှ နည်းဗျူဟာမှူး နှင့် တာဝန်ရှိသူများ နှင့်အတူ ရဲဘော်ရဲဘက်များက စုံညီစွာ တက်ရောက် ဂုဏ်ပြုခဲ့ကြသည်။
မွန်ပြည်နယ်အခြေစိုက် မွန်ပြည်တော်လှန်ရေးတပ် (MSRF) သည် ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် ရဲဘော်မောင်နှံ ၃ တွဲ၏ စုပေါင်းမင်္ဂလာအခမ်းအနားကို တော်လှန်ရေး အစဉ် အလာနှင့်အညီ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း (MSRF)က ထုတ်ပြန်သည်။ အဆိုပါ မင်္ဂလာမောင်နှံ ၃ တွဲသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်တော်လှန်ရေးကာလအတွင်း ရှေ့တန်းစစ်မျက်နှာပြင်များနှင့် တပ်ဖွဲ့တာဝန်အမျိုးမျိုးတွင် ပခုံးချင်းယှဉ်တိုက်ပွဲဝင်ခဲ့ကြသူများဖြစ်ပြီး မွန်ရိုးရာဝတ်စုံများနှင့် တော်လှန်ရေးယူနီဖောင်းများ ဝတ်ဆင်ကာ တာဝန်ရှိ လူကြီးမင်းများနှင့် ရဲဘော်များ ရှေ့မှောက်တွင် ဘဝလက်တွဲဖော်အဖြစ် ခိုင်မာသော သစ္စာပြုချက်များဖြင့် လက်မှတ်ရေးထိုးခဲ့ကြသည်။ မင်္ဂလာပွဲသို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ဥက္ကဋ္ဌ၊ ကာကွယ်ရေးဌာနမှူး၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ MSRF တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ နည်းဗျူဟာ (၃၃) မှ နည်းဗျူဟာမှူးနှင့် တာဝန်ရှိသူများ၊ ရဲဘော်ရဲဘက်များ စုံညီစွာ တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။








Leave a Reply