📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဦးပိုင် အတွင်းပိုင်း အာဏာ လုမှုတွေ စ,ပြီ

အဂတိမှုဖြင့် ဦးပိုင်အကြီးတန်းအရာရှိ ၃ ဦး ဖမ်းဆီးခံရ

ထိပ်တန်းဗိုလ်ချုပ်များအထိ စုံစမ်းမည်လား မေးခွန်းထုတ်စရာဖြစ်လာ

ပုဂ္ဂလိကကုမ္ပဏီများအတွက် သွင်းကုန်လိုင်စင်များကို မိမိ၏ လုပ်ပိုင်ခွင့်ကိုကျော်ကာ လျှောက်ထားပေးမှုနှင့် ဆက်နွှယ်သည့် အဂတိလိုက်စားမှုစွပ်စွဲချက်များဖြင့် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီ၏ အကြီးတန်းအရာရှိ သုံးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း စုံစမ်းသိရှိရသည်။

ဖမ်းဆီးခံရသူသုံးဦးလုံးမှာ စစ်တပ်မှ အငြိမ်းစားအရာရှိများဖြစ်ပြီး စစ်တပ်၏ အင်အားအကြီးဆုံး စီးပွားရေးအင်ပါယာကြီးဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် (MEHL) တွင် အကြီးတန်းရာထူးများ ရယူထားသူများဖြစ်သည်။

မြန်မာ့စီးပွားရေးကဏ္ဍစုံတွင် လက်ဝါးကြီးအုပ်ထားသော စစ်တပ်၏ ဦးပိုင်ကုမ္ပဏီအတွင်း အကြီးတန်းအရာရှိများကို ယခုကဲ့သို့ အဂတိမှုဖြင့် ဖမ်းဆီးစစ်ဆေးခြင်းမှာ ရှားပါးဖြစ်စဉ်တစ်ခုဖြစ်သည်။

သွင်းကုန်လိုင်စင်လျှောက်ထားမှုတစ်ခုတွင် မသမာမှုများရှိနေသည်ကို ဩဂုတ်လ ၂၅ ရက်တွင် တွေ့ရှိခဲ့ပြီးနောက် ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) က ၎င်းတို့သုံးဦးကို စစ်ဆေးရန်ခေါ်ယူသွားခဲ့သည်။ ယခုသတင်းထုတ်ပြန်ချိန်အထိ စစ်ဆေးနေဆဲ ဖြစ်သည်။

ဖမ်းဆီးစစ်ဆေးခံနေရသူများမှာ ဦးပိုင်ကုမ္ပဏီ၏ အထွေထွေအုပ်ချုပ်ရေးဌာနကြီးမှူးနှင့် ကုမ္ပဏီ၏ တတိယအဆင့်အကြီးဆုံးတာဝန်ရှိသူ အငြိမ်းစားဗိုလ်ချုပ် မောင်မောင်စိုး၊ ဘဏ္ဍာရေးဌာနမှ အငြိမ်းစားဗိုလ်မှူးကြီး ခင်မောင်နိုင်နှင့် ဦးပိုင်လက်အောက်ခံ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း၏ ဒါရိုက်တာ အငြိမ်းစားဗိုလ်မှူးချုပ် အောင်သိန်းဦးတို့ဖြစ်သည်။

ရာထူးအာဏာအလွဲသုံးစားမှုဖြင့် မောင်မောင်စိုးကို ဦးပိုင်ကုမ္ပဏီက ရာထူးမှဖယ်ရှားထားပြီး ဦးခင်မောင်နိုင်မှာ သွင်းကုန်လိုင်စင်နှင့်ဆိုင်သည့် စာရွက်စာတမ်းများ ပြင်ဆင်ရာတွင် ပါဝင်ခဲ့ကာ ဦးအောင်သိန်းဦးမှာ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

အမှုမှာ ဦးပိုင်နှင့် နှစ်ပေါင်းများစွာ စီးပွားရေးဆက်ဆံမှုရှိခဲ့သည့် Fu Xing Brothers Group of Companies (ဖူရှင်းညီအစ်ကိုများကုမ္ပဏီစု) အမည်ရှိ တရုတ်-မြန်မာစီးပွားရေးလုပ်ငန်းစုက တရုတ်နိုင်ငံထုတ် ဟင်းချိုမှုန့်များ မြန်မာနိုင်ငံသို့ တင်သွင်းရန် ကြိုးပမ်းမှုနှင့် ဆက်နွှယ်နေသည်။ ဟင်းချိုမှုန့်သည် တားမြစ်သွင်းကုန်တစ်ခုဖြစ်သည်။

Fu Xing Brothers ၏ စီးပွားရေးလုပ်ငန်းများတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းများ တင်သွင်းခြင်းအပြင် ဦးပိုင်နှင့် နှစ်ပေါင်းများစွာ စီးပွားရေးဆက်ဆံမှုများလည်း ရှိနေသည်။ ၎င်းတို့ကုမ္ပဏီက စစ်ကိုင်းတိုင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ကြေးနီများနှင့် ဦးပိုင် ပိုင်ဆိုင်သည့် သကြားစက်ရုံများက ထုတ်လုပ်သည့် သကြားများကိုလည်း ဝယ်ယူသည်။

Fu Xing Brothers သည် ဦးပိုင်ကုမ္ပဏီနှင့် တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်နေသည့် ဒေသခံအများအပြား ကန့်ကွက်ကြသော စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ကြေးနီများ ဝယ်ယူနေသည့် ကုမ္ပဏီဖြစ်သည်။

ကြေးနီများကို ဦးပိုင်လက်အောက်ခံ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း၏ သင်္ဘောများဖြင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ပြီး အပြန်ခရီးတွင် မြန်မာနိုင်ငံဈေးကွက်အတွက် တရုတ်ကုန်ပစ္စည်းများ ပြန်လည်တင်သွင်းလာလေ့ရှိသည်။ ယခုတစ်ကြိမ်တွင် Fu Xing Brothers က အပြန်သင်္ဘောဖြင့် တရုတ်ဟင်းချိုမှုန့်များ တင်သွင်းရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

သွင်းကုန်လိုင်စင်ရရှိရေးအတွက် မောင်မောင်စိုးက ဦးပိုင်ကုမ္ပဏီကိုယ်စား ထောက်ခံစာ တစ်စောင် လက်မှတ်ရေးထိုးပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ တင်ပြခဲ့သည်။

သွင်းကုန်လိုင်စင်ကို စီးပွားကူးသန်းဘက်က အတည်ပြုမပေးရသေးသော်လည်း Fu Xing Brothers က ဦးပိုင်၏ ထောက်ခံစာကို အသုံးပြု၍ ကုန်ပစ္စည်းတင်သွင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နေစဉ် ဩဂုတ် ၂၅ ရက်တွင် မသမာမှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

နောက်တစ်နေ့နံနက်တွင် ဦးပိုင်အရာရှိသုံးဦး ဖမ်းဆီးစစ်ဆေးခံခဲ့ရသည်။

သို့သော် Fu Xing Brothers မှ တာဝန်ရှိသူတစ်ဦးဦး ဖမ်းဆီးခံရသည်ဟု မကြားသိရသေးပေ။ ဖူရှင်း ကုမ္ပဏီလုပ်ငန်းစုကို မြန်မာစီးပွားရေးသမား ဦးအိုင်ထွန်း က ဦးဆောင်ပြီး ၎င်း၏ဇနီး ဒေါ်နန်းခင်ညွန့် သည်လည်း Fu Xing ကုမ္ပဏီများတွင် တာဝန်ရှိသူတစ်ဦးဖြစ်သည်။

“ဦးပိုင်ရဲ့ဝိတ်ကိုလာယူပြီးတော့မှ စီးပွားကူးသန်းကိုလျှောက်ဖို့လုပ်တာ။ လျှောက်လိုက်တယ်။ မရသွားသေးဘဲနဲ့ ဖူရှင်းက မောင်မောင်စိုးရဲ့ သွင်းကုန်ထောက်ခံစာကြီးသုံးပြီး အချိုမှုန့်တွေသွင်းဖို့ အားတက်သရော လိုက်လုပ်နေတဲ့အချိန်မှာ ပြဿနာဖြစ်တာပဲ။ ဖူရှင်းကုမ္ပဏီက လူတွေကိုတော့ မဖမ်းထားဘူး” ဟု ယခုကိစ္စအား ထဲထဲဝင်ဝင်သိရှိသူ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

“အဲ့ဒီလို အပို့အပြု (ရှေ့မှာ) ဘယ်နှခေါက်လုပ်ထားလဲတော့မသိဘူး။ အခုအခေါက်မှ ထိတာ။ ဖူရှင်းက ပို့ကုန်မှာ ကြေးနီကို တရုတ်ပြည်ပို့တယ်၊ အပြန်လည်းကျတော့ နေရာလွတ်လို့ပါဆိုပြီးတော့ ဟင်းချိုမုန့်တွေ သွင်းလာဖို့ လုပ်တယ်။ ဟင်းချိုမုန့်က တို့နိုင်ငံမှာ တားမြစ်ထားတယ်။ သီလဝါ အထူးစီးပွားရေးစက်မှုဇုန်မှာလည်း အချိုမှုန့်ထုတ်တဲ့ ဂျပန်ကုမ္ပဏီရှိတယ်လေ” ဟု ၎င်းက ပြောသည်။

တန်ဖိုးကြီးလာသည့် သွင်းကုန်လိုင်စင်

ယခုအမှုမှာ မြန်မာနိုင်ငံတွင် သွင်းကုန်လိုင်စင်များ အလွန်တန်ဖိုးကြီးလာချိန် ပေါ်ပေါက်လာ ခြင်းကြောင့်လည်း ထူးခြားသည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေရှားပါးမှု ပြင်းထန်လာချိန်တွင် စစ်တပ်အာဏာပိုင်များက သွင်းကုန်နှင့် နိုင်ငံခြားငွေသုံးစွဲခွင့်ကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်လာခဲ့သည်။

သာမန်ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် ပြည်ပကုန်ပစ္စည်းများတင်သွင်းရန် ခွင့်ပြုချက်နှင့် နိုင်ငံခြားငွေ ရရှိရေးအတွက် အခက်အခဲများစွာ ကြုံတွေ့နေရပြီး သွင်းကုန်ကန့်သတ်မှု များကြောင့် နိုင်ငံခြားကုန်ပစ္စည်းရှားပါးမှုနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုများလည်း ဖြစ်ပေါ်နေချိန်ဖြစ်သည်။

နိုင်ငံခြားငွေရှားပါးလာချိန်တွင် စစ်တပ်က သွင်းကုန်များကို လိုင်စင်စနစ်ဖြင့် တင်းတင်းကျပ်ကျပ် ထိန်းချုပ်လာခဲ့သည်။ မည်သည့်သွင်းကုန်ဖြစ်စေ စီးပွားကူးသန်းဝန်ကြီးဌာနထံ လိုင်စင် ဦးစွာ လျှောက်ထားပြီး ခွင့်ပြုမိန့်ရမှ တင်သွင်းရသည့်စနစ်ကိုကျင့်သုံးလာခဲ့သည်။ သို့သော် သာမန် ကုမ္ပဏီများအနေဖြင့် လိုင်စင်လျှောက်ထားသော်လည်း မရသည်က များသည်။

ဦးပိုင်ကုမ္ပဏီမှာမူ စစ်တပ်၏ စီးပွားရေးအင်ပါယာ၏ အချက်အချာတွင်ရှိနေပြီး နိုင်ငံခြားကုန်သွယ်ရေးကို ကြီးကြပ်သည့် ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အစည်းများကို ထိန်းချုပ်ထားသည့် စစ်တပ်ခေါင်းဆောင်ပိုင်းနှင့် တိုက်ရိုက်ဆက်နွှယ်နေသည်။

Fu Xing Brothers အမှုသည် ဦးပိုင်က ပုဂ္ဂလိကကုမ္ပဏီတစ်ခုအတွက် သွင်းကုန်လိုင်စင်လျှောက်ထားပေးခဲ့သည့် တစ်ခုတည်းသောဖြစ်စဉ် မဟုတ်ပေ။

လေ့လာခဲ့သည့် သွင်းကုန်လိုင်စင်လျှောက်လွှာများအရ ဦးပိုင်သည် ပုဂ္ဂလိကကုမ္ပဏီ အနည်းဆုံး ၁၁ ခုအတွက် သံ၊ သံမဏိနှင့် ကော်စေ့ စုစုပေါင်းတန်ချိန် ၆,၀၀၀ တင်သွင်းခွင့်ရရှိရေး မိတ်ဖက် ကုမ္ပဏီများအတွက်ဟု ခေါင်းစဥ်တပ်ကာ စီးပွားကူးသန်းဝန်ကြီးဌာန အာဏာပိုင်များထံ လျှောက်ထားပေးခဲ့သည်။

ကုမ္ပဏီကိုးခုအတွက် သံနှင့် သံမဏိ စုစုပေါင်းတန်ချိန် ၅,၀၀၀ တင်သွင်းခွင့် လျှောက်ထားပေးခဲ့သည်။

Handing Co., Ltd အတွက် တန်ချိန် ၁,၀၀၀ လျှောက်ထားခဲ့ပြီး Kawa International Trading Co., Ltd၊ A & H Co., Ltd၊ Empire Construction Materials Trading Co., Ltd၊ Senior Groups Co., Ltd၊ M4 Mega Co., Ltd၊ Benchmark Steel & Enterprise Co., Ltd၊ Manikuta Co., Ltd နှင့် Modern International Co., Ltd တို့အတွက် ကုမ္ပဏီတစ်ခုလျှင် တန်ချိန် ၅၀၀ စီ လျှောက်ထားခဲ့သည်။

ထို့အပြင် Myanmar Energy King Co., Ltd နှင့် Rixs International Co., Ltd တို့အတွက် ကော်စေ့ တန်ချိန် ၅၀၀ စီ တင်သွင်းခွင့် လျှောက်ထားပေးခဲ့သည်။

ဦးပိုင်နှင့် အဆိုပါကုမ္ပဏီများအကြား မည်သည့်ငွေကြေးဆိုင်ရာ သဘောတူညီချက်များ ရှိခဲ့သည်၊ လျှောက်လွှာအားလုံး အတည်ပြုချက်ရရှိခဲ့ခြင်း ရှိ၊ မရှိနှင့် အခြားပုဂ္ဂလိကကုမ္ပဏီ မည်မျှက အလားတူအစီအစဉ်များကို အသုံးပြုခဲ့သည်ကို မသိရသေးပေ။

အဆိုပါကုမ္ပဏီ ၁၁ ခုက မသမာမှုတစ်စုံတစ်ရာ ကျူးလွန်ခဲ့သည်ဟု သက်သေအထောက်အထားမရှိပေ။

သို့သော် အဆိုပါစာရွက်စာတမ်းများ၏ ထူးခြားချက်မှာ သွင်းကုန်လိုင်စင် လျှောက်ထားမှုများသည် ဦးပိုင်ဥက္ကဋ္ဌနှစ်ဦးဖြစ်သည့် ယခင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးနှင့် လက်ရှိဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်းတို့၏ လက်ထက်နှစ်ခုလုံးတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဦးပိုင်က ပုဂ္ဂလိကကုမ္ပဏီများအတွက် သွင်းကုန်ခွင့်ပြုချက်များ လျှောက်ထားပေးခြင်းသည် ယခုစုံစမ်းစစ်ဆေးမှု၏ အဓိကဖြစ်နေသည့် Fu Xing Brothers ကိစ္စတစ်ခုထက် ပိုနေကြောင်း သိရှိရသည်။

တချိန်တည်းတွင် အငြိမ်းစား စစ်တပ်အရာရှိသုံးဦးသာ စစ်ဆေးခံနေရပြီး ဦးပိုင်၏ ပိုမိုကျယ်ပြန့်သော သွင်းကုန်လိုင်စင်လျှောက်ထားမှုများ ပေါ်ပေါက်ခဲ့သည့်ကာလအတွင်း ကုမ္ပဏီကို ဥက္ကဋ္ဌများအဖြစ် ဦးဆောင်ခဲ့သော ထိပ်တန်းဗိုလ်ချုပ်များမှာ အဘယ်ကြောင့် စုံစမ်းစစ်ဆေးခံရခြင်းမရှိသေးသနည်းဆိုသည့် မေးခွန်းလည်း ထွက်ပေါ်လာသည်။

စုံစမ်းစစ်ဆေးမှုက ထိပ်တန်းဗိုလ်ချုပ်များအထိ ရောက်မည်လား

ဖမ်းဆီးခံထားရသူများအနက် ဗိုလ်ချုပ်ဟောင်း ဦးမောင်မောင်စိုးသည် ရာထူးအမြင့်ဆုံးဖြစ်သည်။

၎င်းသည် ယခင်က စစ်တပ်၏ ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တိုင်းမှူးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့် စစ်တပ်၏ စစ်ဆင်ရေးတွင် ပါဝင်ခဲ့ပြီးနောက် စစ်ဘက်တာဝန်မှ ဖယ်ရှားခံခဲ့ရသည်။

ရိုဟင်ဂျာသတ်ဖြတ်မှုများအတွက် နိုင်ငံတကာဝေဖန်မှုများမြင့်တက်လာချိန် စစ်တပ်က ဟန်ပြအရေးယူရာတွင် မောင်မောင်စိုးကို တပ်မှထုတ်ခဲ့သော်လည်း ၎င်းအား ဝင်ငွေကောင်းသည့် ဦးပိုင်ကုမ္ပဏီ၏ အကြီးတန်းအမှုဆောင်တစ်ဦးအဖြစ် စစ်တပ်က ခန့်အပ်ခဲ့သည်။

အနောက်ပိုင်းတိုင်း စစ်ဌာချုပ် တိုင်းမှုးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး (ပုံ-ပြန်ကြားရေးဝန်ကြီးဌာန)

ထို့ကြောင့် ၎င်းကို ယခုကဲ့သို့ ဖမ်းဆီးစစ်ဆေးခြင်းသည် စစ်တပ်၏ စီးပွားရေးအင်ပါယာအတွင်းရှိ အကြီးတန်းပုဂ္ဂိုလ်တစ်ဦးကို ငွေကြေးဆိုင်ရာ မသမာမှုဖြင့် စုံစမ်းစစ်ဆေးသည့် ရှားပါးဖြစ်စဉ်တစ်ခုလည်းဖြစ်သည်။

သို့သော် ယခုအချိန်အထိ စုံစမ်းစစ်ဆေးမှုမှာ ဦးပိုင်၏ လက်ရှိနှင့် ယခင်ဥက္ကဋ္ဌများအထိ မရောက်ရှိသေးပေ။

လက်ရှိဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်းသည် စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ နှစ်ပေါင်းများစွာ ယုံကြည်အားထားခံရသူတစ်ဦးဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်း (ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ဇော်ဟိန်းသည် ယခင်က မင်းအောင်လှိုင် ဗိုလ်မှူးချုပ်ဖြစ်စဥ် ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ် တပ်မမှူးနှင့် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်လာပြီး နောက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်လာခဲ့သည်။ ၎င်းသည် ယခုနှစ်ဆန်းမှစတင်၍ စစ်တပ်၏ စစ်ရေးချုပ်ဖြစ်လာခဲ့သည်။

၎င်း၏ဖခင်မှာ သန်းရွှေလက်ထက် သစ်တောဝန်ကြီးနှင့် သိန်းစိန်အစိုးရလက်ထက် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အကြီးတန်းပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ်ဟောင်း သိန်းအောင်ဖြစ်သည်။

ဇော်ဟိန်းသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ဦးပိုင်ဥက္ကဋ္ဌဖြစ်လာခဲ့သည်။ Fu Xing Brothers သွင်းကုန်လိုင်စင်အမှု ပေါ်ပေါက်လာချိန်တွင် ၎င်းသည် မင်းအောင်လှိုင်နှင့်အတူ ရုရှားနှင့် ဘီလာရုစ်နိုင်ငံခရီးစဉ်တွင် လိုက်ပါနေခဲ့သည်။

ဇော်ဟိန်းမတိုင်မီ ဦးပိုင်ဥက္ကဋ္ဌဖြစ်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးသည်လည်း မင်းအောင်လှိုင်၏ နှစ်ပေါင်းများစွာ ယုံကြည်အားထားခံရသူတစ်ဦးဖြစ်သည်။

ယခုနှစ် အငြင်းပွားဖွယ်ရွေးကောက်ပွဲများအပြီး မင်းအောင်လှိုင် ဖွဲ့စည်းခဲ့သည့် အရပ်သားအရေခြုံစစ်အာဏာရှင်အစိုးရတွင် ဥက္ကဋ္ဌဟောင်းဆန်းဦးသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ် တာဝန်ယူထားသည်။

အဆိုပါဝန်ကြီးဌာနမှာ မြန်မာနိုင်ငံ၏ အကျိုးအမြတ်အများဆုံးဝန်ကြီးဌာနများထဲမှ တစ်ခုဖြစ်ပြီး သတ္တုတူးဖော်ရေး၊ သစ်ထုတ်လုပ်ရေးနှင့် တန်ဖိုးကြီးသဘာဝသယံဇာတများ ထုတ်ယူသုံးစွဲမှုကို ကြီးကြပ်ရသည်။

ဆန်းဦး၏ လက်ရှိရာထူးက ယခုအမှုကို လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပြန်လည်ဆက်စပ်စေသည်။

လက်ရှိအချိန်အထိ ဆန်းဦးနှင့် ဇော်ဟိန်းတို့ စုံစမ်းစစ်ဆေးခံနေရသည်ဟု မသိရသေးပေ။

ရရှိထားသည့် သွင်းကုန်လိုင်စင်လျှောက်လွှာများအရ ပုဂ္ဂလိကကုမ္ပဏီများအတွက် ဦးပိုင်က သွင်းကုန်ခွင့်ပြုချက် လျှောက်ထားပေးခဲ့မှုများမှာ အဆိုပါဗိုလ်ချုပ်နှစ်ဦး ဦးပိုင်ကို ဦးဆောင်ခဲ့သည့်ကာလများတွင် ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ယင်းအချက်မှာ အရေးပါနေသည်။

မင်းအောင်လှိုင်နှင့် နီးကပ်သည့် ဆက်ဆံရေးများကြောင့် ဆန်းဦးနှင့် ဇော်ဟိန်းတို့အနက် တစ်ဦးဦးအပေါ်ကို ပြင်းထန်သည့်အရေးယူမှု ပြုလုပ်လာမည်ဟု ဦးပိုင်အတွင်း မျှော်လင့်မထားကြကြောင်း ကုမ္ပဏီအကြောင်းသိရှိသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါစွပ်စွဲချက်များနှင့် စုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စစ်ကောင်စီပြောခွင့်ရ ဒေါ်ခိုင်ခိုင်စိုးနှင့် Fu Xing Brothers တို့ထံ မှတ်ချက်တောင်းခံခဲ့သော်လည်း သတင်းထုတ်ပြန်ချိန်အထိ တုံ့ပြန်မှု မရရှိသေးပေ။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်