Tag: Article


  • ဗိုလ်မှူးချုပ်သူရိန်ထွန်း (သို့မဟုတ်) AA ဖမ်းမိသည့် မြန်မာ-ဘင်္ဂလားဒေ့်ရှ်နယ်စပ်မှ သြဇာအကြီးဆုံး စစ်ဗိုလ်ချုပ်

    ရခိုင်တပ် AA က ဖမ်းထားသည့် ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် မြန်မာ-ဘင်္ဂလားဒေ့်ရှ်နယ်စပ် မောင်တောဒေသတွင် သြဇာအကြီးဆုံး စစ်ဗိုလ်ချုပ်ဖြစ်သည်။ မြန်မာ-ဘင်္ဂလားဒေ့်ရှ်နယ်စပ် မောင်တောဒေသ၏ သြဇာအကြီးဆုံး စစ်ဗိုလ်ချုပ် ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် ရခိုင်တပ် AA ၏စစ်သုံ့ပန်းအဖြစ် ဖမ်းခံလိုက်ရပြီဖြစ်သည်။ ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် အမှတ်(၁၅)နယ်မြေခံ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ စစ်ဆင်ရေးကွပ်ကဲရေးမှူးဖြစ်ပြီး မတည်မငြိမ်ဖြစ်နေသည့် နိုင်ငံအနောက်ပိုင်း ဘင်္ဂလားဒေ့်ရှ်နယ်စပ်တလျှောက် စစ်ဆင်ရေးများကို ကြီးကြပ်ရသူဖြစ်သည်။ ဒေသတွင်းတွင် သူ၏သြဇာမှာ စစ်ကောင်စီခန့် အရပ်ဘက်အုပ်ချုပ်ရေးအရာရှိများ၏ အထက်တွင် ရှိပြီး ဘူးသီးတောင်မြို့နယ်နှင့်မောင်တောမြို့နယ်ကို ပေါင်းပြီးဖွဲ့ထားသည့် မောင်တောခရိုင်တွင် အဆင့်အမြင့်ဆုံးသော စစ်ကောင်စီအရာရှိဟုလည်း ဆိုနိုင်သည်။ အာရက္ခတပ်တော် AA ၏ထိုးစစ်ကို လပေါင်းများစွာရင်ဆိုင်ခဲ့ရပြီးနောက် စစ်ကောင်စီ၏ စစ်ဘက်နှင့်အရပ်ဘက် အမှုထမ်းများ မောင်တောခရိုင်အတွင်းမှ ထွက်ခွာသွားချိန်တွင် ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် နခခ-၅ ဟုခေါ်သည့် မောင်တောမြို့နယ်ထဲမှ ဘင်္ဂလားဒေ့်ရှ်နှင့်…

  • ဆိုးရွားလှသည့် ပြစ်မှုများကျူးလွန်ခဲ့သူဖြစ်​သော်လည်း ​ယခုအခါ ကြိုးချီထား​သော လက်နှစ်​ချောင်းနောက်ပစ်၍ ဒူး​​ထောက်လျက်​တွေ့ရသည်။ဒီဇင်ဘာလ ​​နေ​ရောင်​အောက်တွင်မျက်နှာ ရှုံ့တွ၍ ဓါတ်ပုံရိုက်​နေသူကို ကြည့်​နေသည်။ ​အောက်​ခြေစစ်သားများမှာ ရိက္ခာပြတ်၍ နိုဝင်ဘာ လဆန်းကတည်းက စားစရာမရှိ​တော့​ကြောင်း ရင်ဖွင့်ထားကြ​သော်လည်း သူကမူ ရက်​ပေါင်းများစွာအစာ​ရေစာ ပြတ်၍အဟာရချို့ငဲ့​နေ​သောပုံစံမျိုးမဟုတ်ပါ။သူဆိုသည်မှာ နမည်ဆိုးဖြင့် လူသိများ​နေ​သော အမှတ်( ၁၅ )စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) တပ်မမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းဖြစ်သည်။ဗိုလ်မှူးချုပ်သူရိန်ထွန်းကိုမောင်တောမြို့သိမ်းတိုက်ပွဲတွင် ဒီဇင်ဘာလ၈ရက်နေ့က AAက စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့သည်။အသက် ၅၅ နှစ်ခန့်ရှိ​​သော ဗိုလ်မှူးချုပ်သူရိန်ထွန်းမှာ အလုပ်သင်ဗိုလ်​လောင်းသင်တန်း အမှတ်စဥ် ၂၂ ဆင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင်လည်းရခိုင်ပြည်နယ်တွင် တာဝန်ကျခဲ့သူဖြစ်သည်။ရခိုင်ပြည်နယ်တွင် ထိုစဥ်က ၃ နှစ်တာဝန်ကျခဲ့လျင်ပင်အနည်းဆုံး ၂၀၁၅ ခုနှစ် မှ ၂၀၁၈ခုနှစ် အထိ့တာဝန်ထမ်းခဲ့သူဖြစ်​ကြောင်း စစ်​ရေးသတင်းများ​ဖော်ပြ​ပေး​နေ​သော CDM ဗိုလ်ကြီး ဇင်​ယော်က ​ပြောသည်။ထို့ကြောင့် စစ်​အုပ်စုက ရခိုင်ပြည်နယ်တွင်…

  • မတ္တရာတိုက်ပွဲများတွင် စစ်တပ်၏  ဒရုန်းအမျိုးမျိုးကို MDY-PDF ရင်ဆိုင်ရ

    စခန်းပေါင်းများစွာ လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် ဒေသအများအပြားတွင် ဒရုန်းအသုံးပြုမှု ပိုများလာသည်။မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ကြည်း၊ ရေ၊ လေ တပ်များ သုံးပြီး ထိုးစစ်ပြန်ဆင်ရာတွင် စစ်ကောင်စီက ဒရုန်းအမျိုးမျိုးသုံးစွဲလာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ပြောသည်။မတ္တရာမြို့အနီးဝန်းကျင်အထိ ဝိုင်းပတ်ပိတ်ဆို့ထားသည့် တော်လှန်ရေးတပ်ဖွဲ့များကို စစ်ကောင်စီက နိုဝင်ဘာ လလယ်ခန့်မှစပြီး တန်ပြန်ထိုးစစ်ဆင်ရာတွင် ပါဝင်လာသည်မှာ ဗုံးသီးချတိုက်ခိုက်ရာတွင် သုံးသည့် ဒရုန်း၊ Suicide ဒရုန်း ဟု ခေါ်ကြသည့် ပေါက်ကွဲမည့်ဗုံးသီးနှင့်အတူ ပျက်စီးသွားမည့် တစ်ခါသုံးဒရုန်း၊ ကင်းထောက်ဒရုန်းတို့ ဖြစ်သည်ဟု သိရသည်။“စစ်ကောင်စီက သူတို့လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေ၊ တပ်စခန်းတွေကို ပြန်လည်ရရှိရေး ထိုးစစ်ဆင်ရာမှာ ဒရုန်းကို အရင်ကထက် ပိုမိုအသုံးပြုလာတယ်။ အထူးသဖြင့်တော့ ကာမီကာဇေလို့ ခေါ်တဲ့ Suicide ဒရုန်းတွေကို ပိုပြီး…

  • ကချင်စစ်မျက်နှာမှ ဗန်းမော် စစ်ဆင်ရေး

    ကချင်ပြည်နယ်တွင် အခြေစိုက်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အလောဘွမ်တိုက်ပွဲမှစ၍ စစ်ကောင်စီကို တုံ့ပြန်တိုက်ခိုက်ခဲ့၏။ ထို့နောက် ပြည်မအင်အားစုများနှင့် စုစည်း၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၏ စစ်ဒေသ ၁ ကို တာဝန်ယူခဲ့သကဲ့သို့ ကချင်နှင့် ရှမ်းမြောက်တွင်လည်း ကချင်ပြည်သူ့ ကာကွယ်ရေးတပ် (KPDF) များကို ဖွဲ့စည်းခဲ့၏။ ၂၀၂၁၊ ၂၀၂၂ ခုနှစ်များတွင် KIA ၏ စစ်ရေးလှုပ်ရှားမှုများကို KPDF, PDF, အာရက္ခတပ်တော် (AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) စသည့် မဟာမိတ်များနှင့်တွဲ၍ မြင်ရသည်။ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် KIA ၏…