အလံဖြူထောင် လက်ကိုကြိုးချီလျက် အရွယ်စုံအမျိုးသားတွေက ခေါင်းငိုက်စိုက်ချ လမ်းလျှောက်လာကြပါတယ်။ သူတို့ နဲ့ ခပ်လှမ်းလှမ်းနောက်ဘက်မှာတော့ မီးခိုးလုံးကြီးကိုအတိုင်းသားတွေ့ရပါတယ် ။ မီးခိုးထွက်နေတဲ့ အဆောက်အအုံကို ဒရုန်းနဲ့ အနီးကပ်ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်သံမှာအဆောက်အအုံရဲ့ အလယ်တည့်တည့်မှာ မီးပြင်းစွာ စွဲလောင်နေပါတယ်။အဲဒီအဆောက်အဦး နဲ့ အနီး ဝန်းကျင်က အဆောက်အအုံ တွေရဲ့ ခေါင်းမိုးအများစုမှာလည်း ပျက်စီးနေပါတော့တယ်။ စစ်တပ်ရဲ့ စစ်ရေးပြအခမ်းအနားတွေမှာမော်ကြွားလေ့ရှိတဲ့ အတွဲလိုက်ပစ်ဒုံးစင် တင်ကားနှစ်စီးလည်း အနီးရှိကွင်းပြင်မှာ မပစ်နိုင်တော့ပဲရပ်ထားလျက်တွေ့ရပါတယ် ။ အပျက်အစီးများစွာနဲ့ မီးစွဲလောင်နေတဲ့ အဆောက်အအုံတွေက ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့အချက်အချာအကျဆုံး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရုံးချုပ်ဖြစ်ပါတယ် ။ အထက်ပါမြင်ကွင်းက အာဏာသိမ်းစစ်အုပ်စုရဲ့ တိုင်းစစ်ဌာနချုပ်တစ်ခုရဲ့ ဇာတ်သိမ်းခန်းဖြစ်ပါတယ် ။အမ်းမြို့ အခြေစိုက် နပခ ရဲ့ဇာတ်သိမ်းက မောင်တောနခခ (၅) ဇာတ်သိမ်းနဲ့ မရှေးမနှောင်းပြည်သူတွေမြင်တွေ့နေရတာပါ။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ပြီးရင်…
ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဌာနချုပ်ဟောင်း မာနယ်ပလောကို KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်သည့်သတင်းသည်လူပြောများခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မာနယ်ပလောသည် KNU သာမကတော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းတို့အတွက် အစဉ်အလာကြီးမားသည့်နေရာတစ်ခုဖြစ်သည်။ မနယ်ပလော (ကရင်ဘာသာ) ကို ဗမာလို အောင်ပွဲရ နယ်မြေ သို့မဟုတ် အောင်မြေ လို့အနီးစပ်ဆုံးဘာသာပြန်ဆိုနိုင်သည်။ မာနယ်ပလောကို သြဇာကြီးမားသည့်အထင်ကရ ကရင်ခေါင်းဆောင်ကြီးလည်းဖြစ် KNU ၏ ဥက္ကဋ္ဌဟောင်း လည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောဘိုမြ ကိုယ်တိုင်ဦးစီးဦးဆောင်တည်ဆောက်ခဲ့သည့် KNU ဌာနချုပ်ဖြစ်ခဲ့ပြီး ၁၉၉၅ မတိုင်ခင် မာနယ်ပလောဒေသသည် KNU ၏ဌာနဆိုင်ရာရုံးများ၊ သင်တန်းအဆောင်အဦးများ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများနှင့် အလွန်စည်ကားခဲ့ပြီး မဟာမိတ်အဖွဲ့အစည်းတို့၏ အခြေစိုက်ရာ နေရာြဖစ်သည်။ ကရင်လူမျိုးများအထွဋ်အမြတ်ထားသည့်အထိမ်းအမှတ်နေ့တွေဆိုရင်လည်း အခမ်းအနားများ၊ ပွဲလမ်းသဘင်များ၊ လက်၀ှေ့ပွဲ၊ ဘောလုံးပွဲစသည့်…
ဒေါက်တာ ဆာဆာ ဦးဆောင်သော အမျိုးသား ညီညွတ်ရေး အစိုးရ ကိုယ်စားလှယ် အဖွဲ့သည် အမေရိကန် ခရီးစဉ် အတွင်း အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ အဖွဲ့ဝင်များ၊ အထက်လွှတ်တော် အမတ်များ နှင့် တွေ့ဆုံခဲ့သည် ဟု သိရသည်။ ဒေါက်ဝာာ ဆာဆာ တွေ့ဆုံခဲ့သူများသည် ဇန်နဝါရီလ တွင် သမ္မတ ဖြစ်လာမည့် ဒေါ်နယ် ထရန့်၏ ယုံကြည်စိတ်ချခြင်း ခံထားရသူ များ ဖြစ်သည်။ NUG ကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ်သည် အမေရိကန် အစိုးရသစ် နှင့် ဆက်ဆံရေး တည်ဆောက်သော ပမာဏ ခရီးစဉ် ဖြစ်ပြီး နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာမည့် အထက်လွှတ်တော် အမတ် မာကို ရူဘီယို ရုံး…
အာဏာသိမ်းစစ်ကောင်စီ၏ မတရားစစ်မှုထမ်းစုဆောင်းခံရသူများ စစ်တပ်မှ စွန့်ခွာနိုင်ရေး ကူညီဆောင်ရွက်ပေးမည်ဟု ပြည်သူ့ရင်ခွင် – People’s Embrace က ထုတ်ပြန်ကြေညာသည်။ နိုင်ငံတစ်ဝန်းလုံးတွင် စစ်ရှုံးနေသောစစ်ကောင်စီက လူငယ်များအား ရုပ်ပျက်ဆင်းပျက် မတရားစုဆောင်းဖမ်းဆီး၍ စစ်မှုထမ်းစေသည့် ဖြစ်စဉ်များမြင့်တက်နေကြောင်း၊ မတရားစစ်မှုထမ်းစုဆောင်းခံရသူများအနက် ပြည်သူ့ရင်ခွင်သို့ လာရောက်ဆက်သွယ် အကူအညီ တောင်းခံမှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ EROs များနှင့် မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများပူးပေါင်း၍ ခေါ်ထုတ်ကယ်ဆယ်ခဲ့သော မတရားစစ်မှုထမ်း စုဆောင်းခံရသူများတွင် အသက်မပြည့်သော ကလေးသူငယ်များထိ ပါဝင်နေသည်ကို တွေ့ရှိရကြောင်း ပြည်သူ့ရင်ခွင် – People’s Embraceက အသိပေးသည်။ ပြည်သူလူထုအများစုသည် မိမိတို့၏ ရင်သွေးများအပါအဝင် ချစ်ခင်တန်ဖိုးထားရသူများအား စစ်ကောင်စီတပ်က မတရားစုဆောင်းဖမ်းဆီးသွားသော်လည်း မည်သည့်အဖွဲ့အစည်းသို့ ဆက်သွယ် တိုင်ပင်ရမည်ကို မသိသောကြောင့် ကယ်တင်ပေးနိုင်သောအခြေအနေတွင်ရှိသည့် လူငယ်များသည် စစ်ကောင်စီ ယူနီဖောင်းများဝတ်ဆင်လျက်ဖြင့်…
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA)က သိမ်းယူထားသည်မှာ ရက်ပေါင်း ၁၃ဝ ကျော်လာခဲ့ပြီဖြစ်သည်။ပြီးခဲ့သည့် မိုးတွင်းက သိမ်းယူခဲ့ပြီး ယခုမူ ဆောင်းရာသီသို့ပင် ရောက်လာသည်။အချိန်ရာသီယန္တရားသည် တရွေ့ရွေ့ခရီးနှင်နေသည်။ ရက်မှလသို့ ၊ လမှ ရာသီပင်ပြောင်းသော်ခဲ့လည်း တိုင်းစစ်ဌာနချုပ်ဆုံးရှုံးခဲ့ရသည့်ဂယက်သည် စစ်ဗိုလ်ချုပ်များအား ခြောက်လှန့်နေဆဲဖြစ်ပါသည်။ ပျောက်ခြင်းမလှပျောက်နေသည့် စစ်ဗိုလ်ချုပ်တစ်ဦး ရုတ်တရက်ပြန်ပေါ်လာခြင်းက ရမခ ခြောက်အိပ်မက်ကို ထင်သာမြင်သာရှိစေသည်။ ရမခတိုင်းမှူးအဖြစ် ခန့်အပ်ခံရသော်လည်း MNDAA နှင့် ပူးပေါင်းတပ်များ၏ထိုးစစ်ကြောင့် ရမခသို့ မလာနိုင်ခဲ့သည့် ဗိုလ်ချုပ်စိုးလှိုင်တစ်ယောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်(တသခ)တိုင်းမှူးအဖြစ် ပြန်ပေါ်လာခြင်းဖြစ်သည်။ ရမခ တိုင်းမှူး ခန့်အပ်ပြီး ရက်ပိုင်းအတွင်း တိုင်းစစ်ဌာနချုပ်ပင် တော်လှန်ရေးတပ်များကသိမ်းလိုက်၍ ပျောက်သွားခဲ့ရာမှ ယခုမူ တသခ စစ်တိုင်းမှူးအဖြစ် ကျိုင်တုံမြို့တွင် ရုံးထိုင်နေခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လက လားရှိုးမြို့နှင့်ရမခကို MNDAAက တိုက်ခိုက်နေစဉ် စစ်ကောင်စီက…