Tag: Feature


  • ဖရဲသီး တို့၏ စွန့်လွှတ်စွန့်စားမှု

    တချိန်က ကျောက်ဆိုင် ကျောက်သား ကြီး အလား ခိုင်မာ တောင့်တင်းလှပေသည်ဟု ယူဆခံထားရသော မြန်မာ စစ်တပ်သည် ယခုအခါ အတွင်း လှိုက်စား မှု များ ဖြင့် ချိနဲ့ ယိမ်းယိုင်လာနေပြီ ဖြစ်သည်။ “ဖရဲသီး” ဟု ခေါ်ကြသည့် စစ်တပ်တွင်း စပိုင်များ၏ ကွန်ယက်သည် ကြီးမား ကျယ်ပြန့်လာနေသည်။ ထိုသို့ ကျယ်ပြန့်လာခြင်းမှာလည်း လူထု ကို ရန်သူ သဖွယ် ပြုမူ နေမှု များ ကြောင့် စစ်တပ် အတွင်း ဂုဏ်သိက္ခာ ဟူ၍မရှိတော့ပဲ ကျင့်ဝတ်၊ စာရိတ္တများများ ပျက်ပြား လာနေမှု ကို လက်မခံနိုင် ဟု ယူဆလာနေခြင်း၊ မိမိတို့ ဆက်၍ ရှင်သန် ရပ်တည် သွားလိုသည့် စိတ်ရင်း…

  • မန္တလေးမြို့သည် နွေ​ဦးတော်လှန်ရေးခရီးကြမ်းတွင် စုစည်းမှုဖြင့်ချီတက်နေဟု ဒေါက်တာတေဇာစန်းပြော မန္တလေးမြို့လယ်တနေရာတွင် တော်လှန်လူငယ်များက ယခုရက်ပိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်။ မန္တလေးမြို့​၏ နွေဦးတော်လှန်ရေးနှင့် ပတ်သက်ပြီး လူထုသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာတေဇာစန်းက အောက်ပါအတိုင်း ဖွင့်ဟထားသည်။ “ကျနော်တို့ ပြည်သူတွေ၊ ကျနော်တို့ ရွှေမန်းသူ ရွှေမန်းသားတွေရဲ့တော်လှန်စိတ်ကတော့ အံ့ဩဖို့ကောင်းလောက်အောင် ထက်သန်မြဲ၊ ပြင်းပြဆဲဗျို့။ ငါတို့ မဖြစ်မနေ လွတ်မြောက်မှ ရမယ်”ဟု ဒေါက်တာတေဇာစန်းက ပြောသည်။ မန္တလေးမြို့သည် နွေ​ဦးတော်လှန်ရေး ခရီးကြမ်းတွင် မြို့သူ၊မြို့သားများ​၏ စုစည်းညီညွတ်မှုအားနှင့်အတူ ခိုင်မြဲစွာ ချီတက်နေကြသည်ဟု ဒေါက်တာတေဇာစန်းက ဆိုသည်။ “ဒီပွဲကို စောစောသိမ်းနိုင်ဖို့ဆိုရင် စစ်ရေးတိုက်ပွဲများနဲ့အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အထွေထွေ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးကြီးက စစ်ရေးနည်းနာတခုတည်းကို လုံးလုံးလျားလျား အားပြုထားလို့ မရပါဘူး။…

  • နေပြည်တော်တပ်ရင်း-၈၀၄ မှ အနောက်တန်းရဲဘော်များနှင့် ရဲဘော်သစ်များကို စစ်ရေးပြသင်တန်းများ ပို့ချ

    နေပြည်တော်တပ်ရင်း-၈၀၄ မှ အနောက်တန်းရဲဘော်များနှင့် ရဲဘော်သစ်များကို စစ်ရေးပြသင်တန်းများ ပို့ချခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် နေပြည်တော်တပ်ရင်း – ၈၀၄ မှ ရဲဘော်သစ်များနှင့် နောက်တန်းစခန်း ရဲဘော်များကို နိုင်ငံရေးသင်တန်းများပို့ချခဲ့ကြောင်း၊ ရဲဘော်များ စစ်ရေးအသိအမြင်၊ ရဲဘော်ကျင့်ဝတ်များနှင့် ပြည်သူများနှင့် ဆက်ဆံသည့်အခါတွင် ထားရမည့် ကျင့်ဝတ်များနှင့် ရဲဘော်အချင်းချင်း အပြန်အလှန် ဆွေးနွေးများကိုလည်း ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

  • အဲ့ကလေးမက “ခင်ဗျားတို့ထက် ဆရာကျတယ်”

    ဖြူဖြူထွေးကိစ္စက မြင်နေရသလောက် ရိုးရှင်းတယ် မထင်ဘူး။ မရည်ရွယ်ပါ၊ မသိလို့ပါဆိုတဲ့ ဖြေရှင်းချက်ပေါ်မှာ လက်ခံသည်၊ လက်မခံသည်၊ အပြစ်ပေးသင့်သည်၊ မပေးသင့်သည် အမြင်အမျိုးမျိုးရှိကြပါတယ်။ ဒီကလေးမ နိုင်ငံရေးမသိဘူးဆိုတဲ့ စကားကိုတော့ ပြုံးမိပါတယ်။ သိလိုက်တာမှ လွန်ပြီး ပါးလိုက်တာမှ လှပ်နေတာပါ။ ၂၀၂၀ အောင်နိုင်ရေးကာလမှာ အနုပညာရှင်အများအပြား အောင်နိုင်ရေးမှာ ပါဝင်နေချိန်မှာ ပြတ်ပြတ်သားသား ငြင်းခဲ့တဲ့ ဆယ်လီ (၂) ဦး ရှိခဲ့ပါတယ်။ တစ်ဦးကတော့ ဒီကိစ္စနဲ့မဆိုင်လို့ ဂယက်မထချင်လို့ နာမည်ထုတ်မပြောတော့ပါ။ နောက်တစ်ဦးကတော့ ဖြူဖြူထွေးပါ။ အခုဘောပြန်မနေတဲ့ အဖြူရောင်အနုပညာရှင်ဆိုသူတွေတောင် အနီတွေဝတ် “NLD နိုင်ရမည်” တွေ အော်နေချိန်မှာ ရှေ့လေးငါးကွက်အထိ ကြိုမြင်နေသလို အယ်မလေးက နိုင်ငံရေးမသိဘူးဆိုတော့ ပြုံးချင်မိရုံသာ။ အခုဒီကိစ္စမှာလည်း ပန်းပန်၊ပုဝါခြုံနဲ့ ပရုတ်ဆီနာမည်က အနှောင့်အသွားမလွတ်တဲ့ကိစ္စကိုလည်း တရုတ်နာမည်မို့၊ မြန်မာဝတ်စုံဝတ်တာမို့လို့…

  • ❝ဖြူဖြူခွေး ❞

    အိန္ဒိယနိုင်ငံရဲ့ ရိုးရာမှာ နောက်အိမ်ထောင်မပြုနိုင်တဲ့ မုဆိုးမတွေကို အဖြူရောင်ဝတ်ရမယ်လို့ တင်းတင်းကျပ်ကျပ်သတ်မှတ်တဲ့ ဓလေ့ရှိတယ်။ ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာမှာ အဖြူရောင်ဟာ ဝမ်းနည်းခြင်း၊ လောကီတွယ်တာမှုမှ လွတ်ကင်းခြင်း အထိမ်းအမှတ်နဲ့ ကွယ်လွန်သူတွေကို ဝတ်ပေးတတ်ပါတယ်။ မြန်မာနိုင်ငံမှာ ဝမ်းနည်းခြင်းနဲ့ အသုဘအခမ်းအနားတွေအတွက် ရိုးရာအရောင်က အဖြူရောင်ပါ။ အဲ့ဒါ နိုင်ငံရဲ့ ဗုဒ္ဓဘာသာယုံကြည်မှုနဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေပါတယ်။ ဘာကြောင့် အဖြူရောင်လဲ—မြန်မာနိုင်ငံဗုဒ္ဓဘာသာမှာ အသက်နဲ့ သေခြင်းဆိုင်ရာ ထုံးတမ်းစဉ်လာဖြစ်တယ်။ အဖြူရောင်က မိမိကိုယ်ကို အာရုံမစိုက်ဘဲ ဝမ်းနည်းခြင်းရဲ့သင်္ကေတ( နှိမ့်ချ) တာမို့ အဖြူရောင်က လောကီရေးရာနဲ့ကင်းကွာတယ်။ ကွယ်လွန်သူရဲ့ ငြိမ်းချမ်းစွာ ကူးပြောင်းသွားမယ့်မျှော်လင့်ချက် (နောင်ဘဝ)၊ ဒုက္ခသံသရာမှ အဆုံးစွန်သော လွတ်မြောက်ခြင်း (နိဗ္ဗာန်) ကို ကိုယ်စားပြုတယ်။ ဗုဒ္ဓဒဿနာရဲ့ အဓိကနိယာမဖြစ်တဲ့ မမြဲခြင်းကို ထင်ဟပ်စေတယ်။ အရင်က…